Posts

Showing posts from November, 2020
 နှစ်တစ်နှစ်ရဲ့ နောက်ဆုံးပိတ်လဖြစ်တဲ့အပြင်ကိုယ့်မွေးနေ့ရှိတဲ့အတွက် ဒီဇင်ဘာကတော့စိတ်ကိုလှုံ့ဆော်မူအပေးနိင်ဆုံးလလို့ဆိုချင်ပါတယ်။         ရာသီဥတုအရလည်းဆောင်းရဲ့အရသာကိုတင်းပြည့်ကျပ်ပြည့် ရရှိစေသလိုထင်မိလို့ပါ။        ငယ်စဥ်ကတော့ ဂေါ်သဇင်ပန်းပင်လုံးညွတ်အောင် ပွင့်ကြလို့ကြိုက်ပါတယ်။            အဖိုးအဖွားတွေနဲ့အတူတူကောက်ညှင်းကျည်တောက် ကိုယ်တိုင်ကိုယ်ကျ မီးဖို ဖိုပြီးပြုလုပ်စားခွင့်ရလို့ပျော်ပါတယ်။             ရခိုင်ပြည်နယ်နေ့စာစီစာကုံးပြိုင်ပွဲမှာဆုတွေဘာတွေရလို့ပျော်ပါတယ်၊         လွတ်လပ်ရေးနေ့အတွက် ဘင်ခရာအဖွဲ့ အကြိုလေ့ကျင့်ခဲ့ရတာတွေလည်းပျော်ပါတယ်၊          သိပ်ကြိုက်ခဲ့တဲ့ဓနိရည်ချို တွေကိုမိဘမသိအောင် ပိတ်ရက်မှာ သူငယ်ချင်းတွေနဲ့ အတူခိုးသောက်ခဲ့ရလို့ပျော်ပါတယ်၊          ရွာတွေ၊ ဘုရားပွဲတွေ၊ ဇာတ်ပွဲတွေနဲ့လည်းပျော်ပါတယ်၊ ရမ်းဗြဲ၊ကျောက်ဖြူ၊တောင်ကုတ်၊ စစ်တွေမှာပွဲတွေတန်းစီကြည့်ခဲ့ရလို့လည်းပျော်ပါတယ်၊                ဒီအချိန်မှာကော.....အိမ်မှာနေရတာပျော်ပါတယ်၊ခရီးတွေထွက်ရရင်လည်း ပျော်ပါတယ်၊ မွေးနေ့မှာမိဘနှစ်ပါးကိုနှစ်စဥ်နှစ်တိုင်းကန့်တော့ရတာပျော်ပါတယ်၊  ဒီနှစ်မှာတော့ကန်တော့ခံမယ့် မိဘနှစ်ပါးစလုံးမရှိ
 မူလတန်းကျောင်းသူအရွယ်မှာ မသွားချင်ဆုံးနေရာကိုပြပါဆိုရင်ဆံပင်ညှပ်ဆိုင်ကထိပ်ဆုံးနားမှာပါ၊  ကျွန်မတို့ဆံပင်လေးများ မဆိုစလောက်ရှည်စပြုလာပြီဆိုရင်ဖြင့် ပိတ်ရက်မှာမေမေက ဆံပင်ညှပ်ဆိုင်ကိုခေါ်သွားပါပြီ။        အကြောင်းသိဖြစ်တဲ့ အမျိုးသားဆံပင်ညှပ်ဆရာကြီးကလည်းကျွန်မတို့ကိုမြင်တာနဲ့ ကပ်ကြေးကို ဆကာ ဆကာ ရွှိကနဲ ရွှိကနဲလုပ်ပြ၊   ကျွန်မရဲ့စူပုပ်ပုပ်မျက်နှာကိုမသိကျိုးကျွံပြုနေတဲ့ မေမေကလည်းအသိမိတ်ဆွေတွေနဲ့ လှမ်းစကားစမြည်တွေပြောလိုက်သေး။         ဆံပင်ညှပ်ဆိုင်ရဲ့ထိုင်ခုံတွေကလူကြီးတွေအတွက်ပဲမို့ထိုင်ခုံလက်တင်ပေါ်မှာ သစ်သားပြားတန်းထိုးပြီးဆံပင်ညှပ်ဆရာကြီးက ပြုံးပြုံးကြီး မျက်ခုံးပင့်ပြဝင်ထိုင် ပြင်ဆင်စေပြီးနောက်၊     ကျွန်မရဲ့ချစ်မြတ်နိးလှစွာသောမရှည့်တရှည့်ဆံမွှေးကလေးများကို ရက်ရက်စက်စက် သုတ်သင်ရှင်းလင်းပွဲကိုစတင်ပြုလုပ်ပါတော့တယ်။          မျက်စိကိုစုံမှိတ်ထားပြီး "ခါချဥ်ကောင်မာန်ကြီးလို့တောင်ကြီးကိုဖြိုမယ်ကြံ ခါးကမသန်" ဖြစ်ရရှာတဲ့ ကျွန်မရဲ့ချစ်စရာ့ ဆံပင်လေးများအပေါ်ပိုင်းပြောင်သလင်းခါရုံမျှမက၊             နိဂုံးချုပ်အနေနဲ့ သင်တုန်းဓားကြီးကို သားရေပတ်တွဲလောင်းမှာ တစ်ရွှမ်းရွှမ်း သွေးလို့နားထင်န
 ဒီလိုဆောင်းဦးလေးများပေါက်ရင် ကျွန်မတို့ဒေသတစ်လွှားမှာအလှူပွဲတွေတန်းစီနေခဲ့ကြတာကိုသတိရပါတယ်။  ကျွန်မတို့ဆွေမျိုးနီးဝေး အလှူမှန်သမျှမှာ အလှူထမင်းဟင်းချက်ပေးတဲ့အဖွဲ့တွေထဲ ကျွန်မရဲ့မေမေ(မေမေ့အမကိုလည်းမေမေလို့ခေါ်တာပါ) ကအဖွဲ့ဝင်ပါ။ ကျွန်မတို့ငယ်ငယ်ကတည်းကအလှူပွဲအကြိုထမင်းဟင်းချက်ဖို့ မေမေသွားရင်ကျွန်မကတွဲလောင်းတွဲလောင်းလိုက်ပါတတ်သူပါ။ ထမင်းဟင်းချက်သူတွေရဲ့ မနီးမဝေးခုံလေးမှာထိုင်ပြီး အလှူထမင်းဟင်းချက်နေကြပုံ၊ အပျိုလူပျိုတွေပျော်ပျော်ရွှင်ရွှင် ရေသယ်၊ဝိုင်းကူနေကြပုံ တွေကြည့်ရင်း ပီတိတွေဖြစ်။  ပီတိကိုစားအားရှိပြီးမကြာခင်မှာဝိုင်းကူတဲ့လူတွေကိုကျွေးမွေးဖို့ ဆီထမင်းနံ့၊လက်ဖက်ရည်အိုးကြီးဖျော်နံ့၊ အုန်းသီးခြစ်သံနဲ့ အုန်းသီးဖွေးဖွေးနံ့ ၊နှမ်းနက်လှော်ထောင်းမွှေးကြိုင်နံ့သင်းပျံ့စွာနဲ့ကျွန်မမျှော်လင့်စောင့်စားနေတဲ့အချိန်ရောက်ရှိလာပါပြီ၊ အမေကဲ့သို့ ချစ်ခင်တဲ့ဒေါ်လေးမကျန်တင်က ဆီထမင်းအပြည့်၊ လဖက်ရည်ခွက်ကြီးနဲ့ ကျွန်ရှေ့ယူလာပါတယ်၊ ဒီယုန်မြင်လို့ဒီချုံ ထွင်ပြီးလိုက်လာတဲ့ကျွန်မအဖို့အကောင်းဆုံးညလယ်စာပါ၊       ကျွန်မရမ်းဗြဲမှာ ကျောင်းနေတုန်းကလည်းပိတ်ရက်ရှည်တွေတိုင်းမှီတဲ့စက်လှေနဲ့ပြန်ပြေးရခြင်းမှာ ဒီလိုအလှူတ
 " ကိုယ့်ရဲ့ဆောင်း " ....ရွက်ခြောက်ဆင်းကြွေ     မြူနှင်းဝေလို့     ညတာတို့ရှည်     ဆောင်းဝင်သည်ကော။ ....ဟေမန္တတဲ့     ပညတ်ဖွဲ့သီ     တုမမှီတင့်     ပန်းစုံပွင့်သော။ ....ပျော်နိင်ကြစေ     ချစ်သူတွေဆုံ     နှင်းရိပ်လှုံငွေ့     လွမ်းမှုန်မေ့ရော။ ....တစ်ကိုယ်တည်းသာ     ဒီဇင်ဘာပွဲ     ဆိတ်ငြိမ်နွှဲမည်     ရိပ်သာဆီလော  ။                       #DKMMK
 ဥတုသုံးပါးမှာဆောင်းဥတုကိုအနှစ်သက်ဆုံးလို့ ငယ်ငယ်ကစာစီစာကုံးထဲထည့်ရေးဖူးပါတယ်၊    အထက်တန်းကျောင်းသူဘဝမှာ ဆောင်းကွေးကွေးပြီးမနက်စောစောစီးစီးထ စာမကျက်ချင်တာကလွဲရင်အားလုံး အိုကေပါတယ်၊    နှင်းဖွဲဖွဲကြားမှာ ရပ်ကွက်ပေါင်းစုံလမ်းလျှောက်ကြစဥ်တုန်းကတော့မနက်နှိုးစက်မလိုပဲ သုံးနာရီကထ ဝီရိယ စိုက်ခဲ့သူပါ၊     အဲ့ဒီခေတ်မှာအကြိုက်ဆုံးကလည်းလူစုလမ်းလျှောက် ရတဲ့ ကဏ္ဍပဲဖြစ်ပါလိမ့်မယ်၊ ရပ်ကွက်ချင်းမတူကြပေမယ့် ခင်ရာလူတွေ တဖြည်းဖြည်းစုမိပြီး ပြောလိုက် ရယ်လိုက် လမ်းလျှောက်လိုက်နဲ့ သူများတကာတွေနောက်ကကျန်လို့ ကျန်မှန်းမသိ ကျန်နေခဲ့တာ စုရပ်ရောက်တော့မှကျွေးတဲ့ကောက်ညှင်းပေါင်းမမီလိုက်ရတာလည်းဟာသလိုရယ်မောခဲ့ကြသေးရဲ့။      အနွေးထည် တွေချွတ်၊ခါးမှာပတ်ပြီး ဘာတွေပြောလို့ပြောမှန်းမသိ၊ ဘာတွေပျော်လို့ပျော်မှန်းမသိပဲ မွန်းတည့်မှ အိမ်ပြန်ရောက်လို့ မယုံသက်ာ အစစ်မေးခံရတာတောင်...အဆူခံရတာနဲ့ကာမိအောင် နောက်ဆိုညနေမှပြန်လာဖို့သူငယ်ချင်းတွေပြန်တိုင်ပင်ခဲ့ကြသေး...။       ခုတော့လည်းမေ့မရနိင်သောဆောင်းရာသီမနက်ခင်းများဖြစ်ခဲ့ပေါ့ကွယ်..။                                                                #DKMMK
 ကျွန်မငယ်ငယ်လေးကတည်းကပွဲကြိုက်ခင်တစ်ယောက်ပါ၊ ကျွန်မတို့အိမ်နီးနားချင်းချစ်ခင်ရတဲ့ ညီအစ်မလေးတွေကလည်းဝါသနာတူတွေမို့ဇာတ်ပွဲများကြော်ငြာပြီဆိုအချင်းချင်းဆက်သွယ်ကြပါပြီ၊           ကျွန်မတို့အမေများကလည်းကျွန်မတို့ကဲ့သို့ ခေတ်မမှီခဲ့ကြရှာတော့ အင်မတန်စိုးရိမ်တော်မူခဲ့ကြတော့ ငြိုငြင်ကြပါတယ်၊ ကျွန်မတို့ကလည်းမရမက တိုက်ပွဲဝင်ကြတော့ဇာတ်ရုံနား ပွဲမကခင်မုန့်စားခွင့်ရပါပြီ၊ တင်းကြပ်သောစည်းကမ်းချက်များကိုလည်းအမေအသီးသီးကချမှတ်လိုက်ကြပါသေးတယ်၊           ကျွန်မတို့ကလည်း သွားခွင့်ရဖို့အရေးအတွက် အမေတွေတောင်းဆိုချက် မှန်သမျှကို ကတိပြုခဲ့ကြပြီးပျော်ရွှင်စွာဇာတ်ရုံဆီသို့ချီတက်ခဲ့ကြ.........            ပျားပန်းခတ်လူတွေကြားမှာကျွန်မတို့တွေလက်တွေချိတ်ဆက်ရင်းပျော်ရွှင်စွာပေါ့၊.....ဧည့်ခံဆိုင်းဝိုင်းနဲ့ ဒုံချပ်ချပ်တီးဝိုင်းရဲ့ဆွဲဆောင်မူမှာ ကျွန်မတို့ပွဲကြည့်ဖို့ဆုံးဖြတ်ကြပါတယ်၊             စတိတ်ရှိုးပြီးရင်ပြန်မယ်ပေါ့၊ စတိတ်ရှိုးပြီးတော့လည်း...ပြဇာတ်ကောင်းမယ့်ပုံမို့ကြည့်ရအောင်ပေါ့၊........ ပြဇာတ်ပြီးတော့လည်း ငါတို့တွေပဲပြန်ရမှာကြောက်တယ်...မထူးဘူး၊မိုးလင်းထိနေမယ်လို့ညီညာကြပြန်ရော၊ မိုးလင်းလို့ ပွဲကြည့်ခင်တစ်သိုက်
 နှစ်ယောက်အတူတူနှစ်ပေါင်းများစွာကျားကုပ်ကျားခဲမရမကတည်ဆောက်လာခဲ့ကြတဲ့ဘဝတစ်ခုကို စုတ်ပြတ်သတ်အောင်ဆုတ်ဖြဲပစ်ချပြီးနောက်ဆယ်နစ်အကြာ..... ကိုယ့်ရှေ့မှာသူပြန်ပေါ်လာတဲ့အခါ......ပျော်ပါတယ်။     အသက်ကြီးလာတဲ့အခါရင့်ကျက်မှုကအလိုလိုရှိလာတာမှမဟုတ်ပဲ..၊ ကျွန်မတို့နေ့စဥ်အသက်ရှုနေသလို ရင့်ကျက်မှုကိုရှုသွင်းနေရတာကို....နားလည်စေချင်ခဲ့ပါတယ်၊ ဘုရားသွားကျောင်းတက်ဆိုတဲ့ အဓိပ္ပါယ်လေးနက်မူကိုဆင်ခြင်စေချင်ခဲ့ပါတယ်၊ အေးအတူပူအမျှ ဆိုတာလူကြားကောင်းရုံပြောရတာမဟုတ်မှန်း သဘောပေါက်စေချင်ခဲ့ပါတယ်.......       အကြိမ်ကြိမ်အခါခါကွဲ၊ အကြိမ်ကြိမ်အခါခါကိုယ့်ရှေ့ပြန်ရောက်လာခဲ့ဖူးသူတစ်ဦးနဲ့.....နောက်ဆုံးအကြိမ်ပြန်ဆုံခြင်းဟာကျွန်မအတွက်...ရသမျိုးစုံဖြစ်ပေါ်ခဲ့ပါတယ်၊....ကိုယ့်ခေါင်းပေါ်ပန်ထားတုန်းက ရွှေသရဖူ လို့ထင်ပြီး သူ့ခေါင်းပေါ်ပန်ဆင်ချင်ခဲ့တဲ့ဘဝတူ အမျိုးသမီး တစ်ဦးကိုလည်း ခုချိန်မှာသနားကရုဏာသက်မိပါတယ်၊. .........."ဘဝဆိုတာနေတတ်မှကျေနပ်စရာဘဝပါ"...........                                                           #DKMMK
 တစ်ကြိမ်တစ်ခါမှ ရန်မဖြစ်ဖူးဘူး။ စိတ်မကောင်းစရာတစ်ခုခု ကြုံတဲ့ခါတိတ်ဆိတ်နေပေးတယ်။ စိတ်ဓာတ်ကျရင်ဟာသတွေပြောပေးတယ်၊ ဘယ်အကြောင်းအရာပဲပြောပြောမညည်းငွေ့ဘူး။.....ဒါပထမသူငယ်ချင်း.....     တွေ့တိုင်းရန်တကျက်ကျက်နဲ့၊ ဘယ်အကြောင်းအရာပဲဆွေးနွေးဆွေးနွေးအငြင်းအခုန်ဖြစ်ရတယ်။စကားအကြာကြီးပြောရင် စိတ်ပျက်စရာအဆုံးသတ်ရတယ်။ ......ဒါဒုတိယသူငယ်ချင်း......     လူအမျိုးမျိုး၊ စိတ်အထွေထွေပါပဲ။သံယောဇဥ်ဆိုတဲ့ လောကီဘောင်အတွင်းမှာသူမှားလည်း ကိုယ်နားလည်ပေးရသလို၊ကိုယ်မှားလည်း သူလက်ခံပေးနိင်ရင်၊ ကုမုဒြာပန်းလည်းလှပါတယ်၊ဗေဒါပန်းလည်းလှပါတယ်၊ တန်ဖိုးဆိုတာကြည့်တဲ့လူရဲ့ နှလုံးသားနဲ့ပဲတိုက်ရိုက်သက်ဆိုင်ခဲ့ရင်ပေါ့...။                                                          #DKMMK
 သီတင်းကျွတ်တုန်းက ငယ်သူငယ်ချင်းမလေးကသူ့အိမ်မီးထွန်းတဲ့ပုံလေးတင်လိုက်တာတွေ့ရပါတယ်၊ အဲ့သည်မှာစလွမ်းပါတယ်..... ငယ်ငယ်ကအငွေ့အသက်တွေခံစားရလို့ပါ။ တောင်ကျောင်းနားကညနေတိုင်းသွားသွားခပ်ရတဲ့ရေကန်ကြီးလည်း..................လွမ်းပါတယ်၊ မနက်မနက် တန်းစီသွားဝယ်ရတဲ့ဒေါ်အောင်ဘုရဲ့ဆီထမင်းလည်း..............လွမ်းပါတယ်၊ စျေးကိုလိုက်သွားရင် စျေးထိပ်မှာတွေ့နေကြ၊ ဝယ်နေကြ ခေါပြင်၊ ရွှေထမင်း၊ မန်းမရွေးမုန့်တွေလည်း...................လွမ်းပါတယ်၊ လေးခွတစ်လက်နဲ့ ကင်းလှည့်တတ်တဲ့ ဘကြီးရဲ့ဓနိတောလည်း............လွမ်းပါတယ်၊  သူငယ်ချင်းနဲ့ဖုန်းပြောဖြစ်တော့ မရှိတော့ပြီလို့သိရတဲ့ အခင်ဆုံးကြီးတွေထဲကအပါအဝင် သူငယ်ချင်း တွေကိုလည်း.......လွမ်းပါတယ်၊  ကိုယ့်နာမည်နဲ့ Acc စဖွင့်ပြီးတဲ့နောက် ငယ်ငယ်ကချစ်ခင်ခဲ့ရသော၊ ခုချိန်မှာချစ်ခင်နေရသောသူတွေရဲ့ပုံတွေ၊ စာတွေလိုက်ရှာဖတ်ရင်းနဲ့လည်းငယ်ဘဝကို.......လွမ်းပါတယ်၊ အသက်ကြီးလာတဲ့အခါလွမ်းရတာလည်းစိတ်ကိုနုပျိုစေတယ်လို့တောင်ထင်မိပါတယ်။                                                            #DKMMK
 "လိပ်ပြာရင်ကွဲ" -အချိန်တန်ရင်   ပွင့်လာမယ် ထင်ခဲ့ ၊ -အချိန်လွန်   ကြိမ်ဖန်ငယ်စောင့်စား   မျှော်လင့်လျှက် အားမတန်   ကံရိုးမယ်ဖွဲ့။   ။                     #DKMMK
 ကျွန်မကုသိုလ်ကံကောင်းတာတစ်ခုကဒီအသက်အရွယ်အထိ သားသမီးတွေရဲ့သူငယ်ချင်းတွေ၊ အမျိုးတွေထဲကကလေးလေတွေနဲ့ ရင်းရင်းနှီးနှီးရှိခွင့်ရခြင်းပါ။   ကလေးတွေရဲ့ စိတ်ကူး၊ မျှော်လင့်ချက်တွေဟာ ကျွန်မတို့ငယ်စဥ်ကလိုတော့ထပ်တူမကျပေမယ့် လတ်ဆတ်တဲ့ နုပျိုမူခြင်းတော့ ဆင်တူပါတယ်။ သူတို့ရဲ့ဗန်းစကားတွေကလည်း အဆန်းတွေမို့ အဓိပ္ပါယ်တွေမေးယူရပါတယ်။ ကလေးတွေဆီက ခဏခဏ ကြားကြားနေရတာက "Crush" ပါ။ဒါကျွန်မတို့ငယ်ငယ်ကဆိုရင်ကြိတ်ကြွေတယ်ပေါ့လေ။    ဒီကြိတ်ကြွေခြင်းအမူဟာ ကာလဒေသဆင်းရဲချမ်းသာမရွေးပြုတတ်ကြပါတယ်။ ကျွန်မတို့ အဆောင်သူဘဝမှာ သူငယ်ချင်း တစ်ယောက်က သူ့အိပ်ရာခေါင်းရင်းမှာ သူကြိတ်ကြွေတဲ့မင်းသားပုံအကြီးကြီးကပ်ထားပါတယ်။ သူက သဘောအလွန်ကောင်းပေမဲ့တစ်နေ့တော့တခြားတစ်ယောက်က သူ့မင်းသားကိုဝေဖန်အပြစ်တင်တဲ့စကားပြောမိ တော့အကြီးအကျယ်စိတ်ဆိုးပြီးရန်တွေ့ပါလေရော။နောက်ဆို သူ့ရှေ့ဘယ်သူမှ သူ့မင်းသားမကောင်းကြောင်း မဟရဲတော့တဲ့အထိ...။     အခုခေတ် ကလေးတွေကြတော့လည်း ပြည်တွင်းသာမက ပြည်ပကသူတို့နှစ်သက်ရာ ပုဂ္ဂိုလ်တွေကို လှမ်း Crush ခွင့်ရနေကြပြီပေါ့။      ကြိတ်ကြွေတယ်ပြောပြော ၊ Crush တယ်ပဲဆိုဆို တစ်စုံတစ်ယောက်က တစ်စုံတစ်ယောက်ကိုသူသိသိသမသိသိ သဘော
 ` ကိုယ်စားရေးတဲ့..ကဗျာ` ...ငါသာဆို    အဲသလိုခါမချဘူး ၊ ....ငါသာဆို    အဲသလို  တွန်းမထုတ်ဘူး ၊ ....ခါချရင်မာနထိ    ခံစားမှသိမယ် ၊ ....တွန်းထုတ်ရင်နောက်ဆုတ်ရပ်    ထောက်မတ်ဖို့မလွယ် ၊ ....မင်းကမင်းပါကွယ်    ငါဘယ်လိုဖြစ်မလဲ...... ....သူရဲဘောကြောင်လာမထိပါဘူး    အကဲစမ်းသလို ရည်စူးမချေတတ်    မနူးမနပ်လိုမတုံ့ပြန်တာမို့    ပြုံးလို့သာပဲ။                                #DKMMK
 ကျွန်မအဖိုးက ရွှေမန်းတင်မောင်ရဲ့"အောင်ပါစေ"အင်မတန်ကြိုက်၊ အဖေက ကိုတင်လှိုင်၊ကိုသန်းလှိုင် "အမုန်းခွန်အားပေးသနားရန်တောင်းပန်ပါသည်"ဒါမျိုးတွေ အမေကမာမာအေး၊ ချိုပြုံး"ရေလှိုင်းခတ်သံ....သစ်ရွက်ကြွေသံကျေးငှက်မြည်သံ..."စသည်ဖြင့်၊  အမကြီးက"တစ်မြို့ဆီခြားပေမယ့်..ငယ်ကချစ်သူ သူ့ကိုသာလေ..."အဲသလို၊ ကျွန်မကလည်း သူတို့အကြိုက်သီချင်းတွေကိုအလွတ်ရသလောက်ရင်းနီးပါတယ်။        ရော့ခ်သီချင်းတွေနဲ့စသိကျွမ်းခဲ့တာကတော့ မဂ်လာပွဲမှာညဦးပိုင်းဖွင့်တဲ့ အသံချဲ့စက်ဆီကပါ၊ ခါတိုင်းကြားနေကျသီချင်းတွေမဟုတ်မှန်း ကိုသတိပြုမိတာက ကျွန်မအဖွားပါ "မဂ်လာဆောင်မှာရန်ဖြစ်နေကြသလားမသိဘူးလို့လာပြောပါတယ် "ဝတ္ထုဖတ်ရင် တခြားဘာအာရုံမှမရတဲ့ ကျွန်မကလည်းအဖွားပြောမှ နားစွင့်၊ နားထောင်၊ ချက်ချင်းနှစ်သက်၊ မဂ်လာဆောင်ပွဲအကြိုညတွေမှာ ရော့ခ်သီချင်းတွေခဏခဏကြားလာရတော့ အဖိုးကမှတ်ချက်ပြုပါတယ်၊ 'ပုမကြိုက်တဲ့သီချင်းတွေကလည်း ဝါးပိုးဝါးထက်ခြမ်းခွဲသံ...လိုပဲတဲ့' ။         ခုတော့လည်း....သားသမီးတွေအကြိုက် ဟစ်ဟော့သီချင်းတွေလည်းအတူတူနားထောင်သလို၊ ကျွန်မရဲ့ ရော့ခ်သီချင်းတွေလည်းမရိုးမအီနားထောင်ဖြစ်တုန်း၊
 အသက်လေးဆယ်ကျော်ပြီးမှ ကိုယ့်ကိုယ်ကိုသတိထားမိလာတာ အခါးကြိုက်လာတာပါပဲ၊ ကြက်ဟင်းခါးသီးဆီမပါရေလုံပြုတ်နေ့တိုင်းလိုစားဖြစ်လာပါတယ်၊ ကော်ဖီခါးခါးသောက်လွန်းလို့တစ်လတစ်ခါလောက်သောက်နှုန်းလျော့ရပါတယ်၊ (အရက်သောက်ချင်စိတ် မပေါ်တာကတော့တော်သေးတာပေါ့လေ) ကိုယ့်ကိုယ်ကိုအရွယ်ကျလာပြီလို့သတိပြုမိတာနဲ့အရွယ်တင်အောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုတွေးပါတယ်၊ အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာသုံးပါးကိုရှုမှတ်ယင်း တစ်ဆက်တည်းမှာ နုပျိုချင်စိတ် ကဒိုင်းကနဲကပ်ပါလာပါလေရောပေါ့......မေတ္တာပွားရင်ရုပ်ကြည်တယ်ဆိုတော့ တစ်သက်လုံးမာရေကြောရေစိတ်နဲ့ ရုပ်ကိုနူးညံ့စေဖို့ နိစ္စဒူဝမေတ္တာဘာဝနာအားထုတ်ဖြစ်တာပေါ့၊ ကိုယ့်ကိုထိပါးတယ်ထင်ရင်ဆတ်ကနဲ တုံပြန်တတ်တဲ့ အကျင့်ကိုလည်းနှစ်ပေါင်းများစွာပြုပြင်ဆဲပါ... ဗလွှတ်ရွှတ်တပေါက်တတ်ကရ ရယ်စရာပြောတတ်တဲ့ဝသီလေးကိုလည်းမနည်းဘရိတ်အုပ်ဖို့ကြိုးစားဆဲပါ..................     " စိတ်ကောင်းရှိဖို့ကပထမ "ဆိုတဲ့မဟာဂန္ဓာရုံဆရာတော်ကြီးရဲ့သြဝါဒ အတိုင်းနေနိင်အောင်ကြိုးစားအားထုတ်ရင်းဘဝမှာဘာပဲကြုံကြုဲအကောင်းမြင်စိတ်နဲ့တွေးတတ်လာတာကတော့ မဂ်လာတစ်ပါးပါပဲ။                                                       #DKMMK
 "ကံမျိုးစေ့" ...မျိုးစေ့ကမှန်မှန် ၊    ပျိုးရရှင်သန်စေဖို့    ကြိုးလုံ့လသန် ၊ ...ရွက်နုကျ ကြီးထွားပြန်   သီးပွင့်ရန်အချိန်ပေး ၊ ...အေးမြရိပ်ခိုလှုံဖို့    နှစ်တို့ကြာဝေဆာဖို့    သီးလှိုင်ကာပွင့်ဝေလို့    စေတနာမချို့ ပျိုးထောင်မှ    လူ့ဘောင်လှရေး။                     #DKMMK
 "အတွေး..မြူမှုန်" -အစွဲအလမ်းတွေ   ဆွဲရမ်းခါနေသရွေ့   ဘဝတွေက.....ဗြဲလယမ်းဖြစ် ၊ -ဆင်ခြင်တုံတရား   သိမြင်ရုံနဲ့ မပွားနိင်သရွေ့   အရှိတရားကိုကျောခိုင်းဟစ် ၊ -ကာလကိုအ​ပြစ်ဖွဲ့   မာနတွေနစ်နေသရွေ့   ခဝါမချနိင်အဆိုးမြင်....ခေတ် ၊ -သတိမမူ   အကြည့်ထူပူနေသရွေ့   ဂူတွေ့တောင် သေချာမစစ် ။ -ကိုယ်ချင်းစာတရား   ထုံပွှားလာမွှေးနေသရွေ့   အမုန်းတရားတွေ ဘေးချန်ရစ်   အပြုံးစကားတွေဖွဲ့သီ.......ချစ်။                              #DkMMK
 "ပန်းပျိူးလက်များ" -မနောဝစီ ၊ နှစ်လီထိုကံ   မသိပြန်ပဲ၊ ရယ်ရွှင်မဲတင်း   ပြုခဲ့ခြင်းများပြန်စဥ်းစား ၊ -ချစ်လည်းဟာသ ၊ ကြောက်ရပြန်လျှင်   ကွယ်ရာတွင်စ ၊ ဆရာမ...ဆရာ   ခွင့်လွှတ်ကြပါ ၊ ဦးညွှတ်တွား ၊ -ငယ်ကအမှား ၊ သယ်မသွားလည်း   ဖြည့်ဆည်းမေတ္တာ ၊ ကရုဏာထပ်   ယုတ်မြတ်မရှိ ၊ ထွန်းညှိပညာ   ဂုဏ်ထည်ဝါတင့် ၊ ဘဝမြင့်မြတ်   ဆည်းကပ်ပူဇော်.....   ဆရာ့ဂုဏ်တော်ရောင်လျှံများ။ (သင်ဆရာ၊မြင်ဆရာ၊ကြားဆရာအပေါင်းအားကန်တော့ပန်းဆင်ဦးထိပ်ထားလျှက်)                                   #DKMMK (ဓာတ်ပုံမူရင်းပိုင်ရှင်အားCreditပေးပါတယ်)
 သီတင်းကျွတ်ရောက်ရင်အင်မတန်ပျော်ခဲ့ပါတယ်။ သိမ်းထားတဲ့မီးပုံးလေးတွေဖုန်ခါရမုန့်တွေလုပ်ဖို့ပြင်ဆင်ကြရ၊ဆွမ်းပို့ဖို့ကြိုတင်ကြော်လှော်ကြရ၊ ညနေမှာလှလှလေးပြင်ဆင်မီးပုံးလေးတွေထွန်း မီးပန်းလေးတွေလှုပ်နောက်ဘက်သစ်ပင်က သစ်ကိုင်းခုတ်ပြီးအိမ်ရှေ့မှာစိုက် ဖယောင်းတိုင်တွေထွန်းမုန့်တွေလိုက်ဝေ သူများဝေတဲ့မုန့်တွေစားဗိုက်ကားပေါ့။       လပြည့်နေ့မှာဥပုသ်လိုက်စောင့်၊ ညနေမိဘဘိုးဘွားသက်ကြီးဝါကြီးတွေကိုလိုက် ကန်တော့ လူကြီးသူမတွေကပီတိဖြာပြီးဆုတွေပေး မုန့်တွေကျွေး ဟန်ကိုကျလို့..။       နောက်တစ်ညမှာတော့...မီးပုံးပျံကြီးလွှတ်တာ၊  ရှင်ဥပဂုတ္တ ဖောင်မျှောတာသွားကြည့်၊ မြေဝိုင်းဆိုင်းနဲ့အငြိမ့်ကတဲ့မမလှလှတွေကိုတိုးဝှေ့ကြည့် ၊ ပွဲ ပြီးမှအိမ်ပြန်ကြ..။          ဒါအတိတ်ကပါ.........။         ပစ္စုပ္ပန်ကာလ...ဒီနေ့သီတင်းကျွတ်မှာတော့အိမ်မှာပဲဥပုသ်ယူအလှူအတန်းလေးလုပ် ညနေအ ကန်တော့ခံ ဘုရားရှိခိုးတရားထိုင်ရင်း "အင်း...သားကိုခေါ်ပြီးပုံတစ်ပုံလောက်ရိုက်ခိုင်းရင်ကောင်းမလားပေါ့..၊... မသင့်တော်ပါဘူးလေ...၊ `ငါ' စွဲကိုဖြုတ်  ` ကျွန်မ ' တရားရူမှတ်လိုက်ပါဦးမယ်။                                                               #DK
 "အိုလှချင်"   အိုပါပြီကွယ်၊ဒီအရွယ်မှာ   ရင်ခုန်တာတွေထားခဲ့ပြီ၊ -တရားမှတ်ရုံ၊သီလလုံကာ   ကျန်းမာချမ်းသာနေထိုင်မည်၊ -တွတ်တီးတွတ်တာ၊မခရာနဲ့   ပုတီးသာစိတ်တိတ်ဆိတ်တည်၊ -သို့ပါသော်ငြား၊လောကီသားမို့  တရားတစ်ဖက်၊ပုတီးလက်ကိုင်  စတိုင်ကျကျ  ကျွန်မဆယ်ဖီ( Selfie)ဆွဲဦးမည်။                                #DKMMK
 "မေမေ" -လွမ်းလိုက်တာရယ်   အမေကွယ်လေမှ -သာမှနေ သေမှခင်   မကြွေခင် အတူပြုံးစဥ်က   တစ်ဘဝလုံးစာချန်ရစ်ခဲ့လေထင့်   ရင်နှင့်အမျှ.....။ (မေမေကွယ်လွန်ခြင်းခုနှစ်လပြည့်တမ်းတခြင််း)
 "သမင်အိုလည်ပြန်"  အိမ်ပြန်ချင်သည် ၊  ဘယ်အိမ်ဆီလဲ....  နွေမှာနွေအလျောက်  မိုးရောက်မိုးခါ  ဆောင်းမှာနှင်းကျ....  ဘာမှပိုမတွေး၊ ပျော်ရေးဖော်ချင်း  လွတ်လပ်ခြင်း......ဟု ၊  ခုခါမှသိ ၊ လွမ်းမိဟိုချိန်...  အမေ့အိမ်...။                          #DKMMK
 ဝါတွင်းဥပုသ်ရက်တွေမှာ ကျောင်းတွေလည်းပိတ်တော့အဖိုးအဖွားတွေနဲ့ဥပုသ်လိုက်စောင့်ဖြစ်ကြတဲ့ကလေးလေးအုပ်စုကလူအင်အားမနည်းလှပါဘူး။ ဘုန်းတော်ကြီးကသီးသန့်ငါးပါးသီလပေးတာမို့ ညနေစာလည်းစားခွင့်ရှိတယ်လေ၊ နေ့လည်ဆွမ်းစားကြ တော့လည်းသူများနည်းတူ သီလသမာဓိရှိရှိ အိန္ဒြေရရစားကြတယ်ပေါ့၊ဆရာတော်ကခေါ်ယူတန်းစီတရားထိုင်ခိုင်းပြန်တော့လည်းငြိမ်ငြိမ်သက်သက်ပါပဲ။  မွန်းလွဲမှာမနီးမဝေးအပင်တွေအောက်မှာသွားကစားနေကြချည်လို့...ခွင့်ပြုချက်လည်းရလာကော၊ ဥပုသ်သည်ကလေးတစ်သိုက် တဘက််ကလေးတွေခါးမှာချည်ပြီးခုန်လိုက်ဆော့လိုက်ပွက်လောရိုက်လို့...၊   အရေးထဲ........ဆဲတတ်တဲ့သူပါလာတော့ငြင်းရင်းနဲ့သူကစဆဲတော့......တစ်ယောက်ကသတိပေးတယ်၊ "ဟဲ့နင်သီလတစ်ပါးပျက်ပြီနော်တဲ့" ဆဲသူလည်းခဏတော့သတိထားနေတာပေါ့၊ သူ့ဘက်ကိုယ့်ဘက်ကစားရတဲ့နည်းတွေဆိုတော့ခဏခဏ ငြင်းကြခုန်ကြရတော့သူပဲနောက်တစ်ခါဆဲသံထွက်လာပြန်ကော..။   "နင်ဆဲတာနှစ်ခါရှိပြီ..နင်ကငါးပါးသီလပဲယူထားတာနောက်သုံးခါဆဲရင် နင့်သီလကုန်သွားလိမ့်မယ်"    နိင်တဲ့ဘက်ကလည်းနိင်တိုင်း ကော့ကော့ကော့ကော့လုပ်ပြနေတော့နောက်ဆုံး......သူ့ခါးကတဘက်ကိုဆွဲဖြုတ်ပစ်ချလိုက်တယ်....    "ကဲ....ဆဲတယ်ဟာ.....ငါ့သီလကုန်ရင်
 ' အိုပြုံး ' -လေးဆယ်ကျော်အိုခါစ   လူ့ဘဝဆိုသည်မှာ၊ -အချိုတမာထုတ်ခါသပါတဲ့   တေးဆိုငိုကဇာတ်တစ်ပုဒ်သာပ   ရသစုံစွာ....။ -ဘယ်သို့ပင်ကြုံစေကာ   ဥပက္ခာရှုထား၊ -ပြဿနာအစ ငါမဟုတ်သလိုထင့်   သံသရာမှာဆုတ်တစ်ခါ တက်တစ်ခါမို့   မနှစ်မြို့စရာမရှောင်သာတွေ့စေကွဲ့   ငါ့ဝဋ်ပါတန်ပြန်မုန်းစာမဖွဲ့   ပြုံးမေတ္တာပွား.....။                                  #DKMMK
 "ကျွန်ပ်တို့ချစ်သော..."  ရှုမဆုံး  မြူဖုံးပါတဲ့တောင်တန်းပြာ ၊  ကောက်ကာဖြောင့်ကာ  မြစ်ချောင်းရယ်စုံလင်စွာနဲ့  ပင်လယ်စာခုံမင်ပေါပေ  တို့မွေးမြေမှာ ။  ခုနေခါ  ဝေးနေပါသော်လည်း ၊  မျှော်ယောင်ကာခါခါတွေးပါရဲ့  ပျော်စရာချိန်ခါလေးတွေနဲ့  ဖော်သဟာဆွေအေးစေကြောင်း  ကောင်းဆုဖြည့်ဆည်း ။                              #DKMMK
 "စေတသိတ်...မိုး" -တဖွဲဖွဲမြိုင် ၊ မစဲနိင်ရှာ  မိုးနှောင်းရာသီ ၊ ရောက်ပါပြီလော၊ -အပြင်မထွက်ရ ၊ သည်ကာလမှာ   ရွာတဲ့မိုးရေ...လွမ်းအောင်စေထင့်။ -ကော်ဖီတစ်ခွက် ၊ ကိုင်လျက်စိတ်ရည်   အတိတ်ဆီပြေး ၊ ဟိုအဝေးပေါ့။ -ရွာချင်ရွာချ ၊ သဘာဝကို   ကိုယ့်လိုရာချဲ့ ၊ စိတ်ကူးဖွဲ့သီ   သတိတည်မှတ် ၊ အချိန်ဖြတ်ပြေး   သတိကပ်ချိန်ပြုံးမိသည်၊   ကော်ဖီ တွေတောင်အေးကုန်ပြီ။                                    #DKMMK
 ``ဖျတ်ကနဲ....ငြိမ် ''   နှင်းစက်လေးတွေ   ပန်းခက်မေပေါ် တွဲခိုလို့။   ခရီးငယ်နှင်ရှာတဲ့   မတွင်သာ  ခင်ရာနွှဲ့ကာပ   တမင်တကာမကြည့်အားသော်လည်း   အရှိတရားထိကာငြိတာကြောင့်   ဖော်ကွာဝေး ကြင်သူတမ်း   လွမ်းမျက်ရည်စို့၊   သည်မောင့်မှာအပူငြိမ်းသလိုကွယ်   စိတ်ထိန်းမယ်ဗျို့ ။                              #DKMMK ------------------------------------- #ဓာတ်ပုံမူရင်းပိုင်ရှင်အားCreditပေးပါတယ်
 "..သူငယ်ချင်း.." ကွယ်ရင်မေ့ တွေ့သေအောင်လွမ်း....ဆိုလား၊ ဘဝလမ်း......ခြား ပန်းတံတားမှမဟုတ်ပဲ သူလည်းမလှုပ်သာ ကိုယ်လည်းမလွန့်သာမို့ မေ့တဲ့ခါ.....မေ့ပေမပေါ့ တွေ့တဲ့ခါ......လွမ်းရုံနဲ့လေ ဖြေသိမ့်စကား။                      #DKMMK
 ဒီနေ့ရပ်ကွက်ပေါင်းစုံဘောလုံးပွဲနောက်ဆုံးနေ့ပါ။ပြိုင်ဆိုင်စိတ်ကြီးမားကြသောရပ်ကွက်လုံးကျွတ်ပရိသတ်တွေကွင်းဆီချီတက်နေကြပါပြီ။သက်ဆိုင်ရာအမေတွေတားမြစ်သည့်ကြားကဆုံးမရခက်သူကျွန်မတို့တစ်သိုက်လည်းဘောလုံးကွင်းဆီချီတက်ခဲ့ကြရာ၊ ဟော.....ကန်ကြပါပြီ။    ပွဲစတာနဲ့ကွင်းလုံးပြည့်ပရိသတ်ထုရဲ့အားပေးမူစတင်ပါပြီ။"ပြေးထား...." ``ယူ..ယူ" စသဖြင့်ကျယ်ကျယ်လောင်လောင်ပေါ့ပထမပိုင်းမပြီးခင်မှာပရိသတ်ကြီးမဆူညံဖို့သုံးကြိမ်ထက်မနည်းအသံချဲ့စက်နဲ့သတိပေးသံကြားရသည်၊ ပထမပိုင်းပြီးသည်အထိဂိုးမရကြသေး။    ဒုတိယပိုင်းပြန်စသည်နှင့်........ ပွဲရှိန်မြင့်လာပါသည်။ ကွင်းပြင်ကလူအုပ်ကြီးက ကွင်းထဲခဏခဏကျွှံဝင်လာလို့စည်းကြပ်ဒိုင်တွေ တားမြစ်ရလွန်းလို့အသံတွေတောင်ဝင်ကုန်ပါတယ်။ဟိုဖက်သည်ဖက်အော်ဟစ်ရန်တွေ့ခြင်းအမှုတွေစတင်ပြုကုန်ကြပါပြီ။     ပွဲပြီးခါနီးလာလေလေ၊ ကွင်းထဲက ကစားသမားတွေလည်းခဏခဏလူချ၊ ပရိသတ်အချင်းချင်းလည်းဖိနပ်တွေထောင်ပြ၊ထီးတွေထောင်ပြ၊ရန်တွေ့ကြနဲ့၊ လော်စပီကာအသံတောင်တိုးမပေါက်တော့။     ပွဲချိန်စေ့လို့......အချိန်ပိုပါစေ့လို့၊ ပင်နယ်တီကန်ရမယ်ဆိုရော၊ ဟိုဖက်သည်ဖက်ရောနှော၊ရန်ဖြစ်၊ရှုတ်ယှက်ခက်တဲ့အပိုင်းဖြစ်ပြီပေါ့၊ ကျွန်မတို့တစ်သ
 မင်းမရှိရင်မဖြစ်ဘူး...... ဘာလုပ်လုပ်အဆင်မပြေတော့ဘူး..... မင်းကဖမ်းဆုပ်ရခက်တယ်၊အပြောင်းအလဲမြန်တယ်၊ အတက်အကျလည်းများတယ်.... ဖျက်ကနဲပျောက်တယ်...... သဘောကောင်းရင်လည်းမင်းမှတပါးအခြားမရှိပဲ.. မင်းကကြေးစားလည်းဆန်လွန်းတယ်.... တိကျချင်တဲ့အချိန်မှာဘယ်သူ့မှမငဲ့တိကနဲပဲ။ မင်းနဲ့ ပုံမှန်အတူတူရှိနေခွင့်လေးကိုပဲ... မင်းဆီကတောင်းဆိုချင်တာပါ...၊  "ဟေး......မီးပြန်လာပြီ"  "ဖုန်းအားသွင်းမယ်.......ရေတင်မယ်ဟေ့......."                                                         #DKMMK
 မိုးရာသီရောက်ပြီဆိုရင်ကျွန်မတို့ကိုမေမေသန်ချဆေးတိုက်ချိန်ရောက်ပါပြီ။ ဆေးကလုံးလုံးဝိုင်းဝိုင်းချိုချိုရဲရဲကြီးတွေပါ။ အခုခေတ်လိုမဟုတ်ပဲ အသက်ဆယ်နှစ်ဆို ဆယ်လုံးသောက်ရတာမျိုးပါ။     ကျွန်မတို့ကိုအဖွားက သန်ချဆေးအဖြစ် နာနတ်သီးနဲ့ပျားရည်လည်းကျွေးပြီးပါပြီ၊ဒါပေမဲ့...ဒါမေမေ့အမိန့်အရပါ။ ကျွန်မ ကိုကိုနဲ့ညီမလေးကတော့ မငြိုမငြင်"တစ်ဂျွမ်းဂျွမ်း"ဝါးပြီးသောက်ကြပါပြီ၊ ပွဲဖျက်သူကကျွန်မပေါ့.."မေမေ့အသက်ဆိုရင်ကော၊မေမေကောမသောက်ရဘူးလား"လို့အထွန့်တက်သူကျွန်မအဆူခံရပေါ့။      ဆေးတစ်လုံး၊နှစ်လုံးမျိုချပြီးတာနဲ့ကျွန်မအန်ထွက်ကျပါလေရော..၊အဲ့ဒီမှာ မေမေကျွန်မကိုသမဝါယမဆိုင်လိုသန်ချဆေးသောက်ရင် တွဲပေးမယ့် မက်လုံးက "ပုတ်ကလားသီး"ပါ၊ အဲ့ဒီ ပုတ်ကလားသီးခေါ်တဲ့သရက်သီးမျိုးဟာ တခါတလေမှသာ စားရတာမျိုးပါ။         ကျွန်မ နဲ့ မေမေ ရဲ့သန်ချဆေးပဋိပက္ခဟာပုတ်ကလားသီးရောင်းသူအမေကြီး နား သို့ရောက်သွားပါတယ်၊ သမီးလေးမွေးမထားတဲ့အမေကြီးကကျွန်မကိုခေါ်ပြီး ဒီညမေမေတိုက်တဲ့သန်ချဆေးကုန်အောင်သောက်ဖို့  ၊ သူ့ရဲ့အထူးလက်ဆောင်အဖြစ် "သရက်ပြင်"တစ်ထပ်ကြီးပေးလိုက်ပါတယ်။          လာဘ်လာဘကိုမက်မောပုံရတဲ့ ကျွန်မပါးစပ်လဲအ
 ကျွန်မငါးတန်းနှစ်မှာမေမေကတစ်နေ့မုန့်ဖိုးငါးမူး(ပြားငါးဆယ်)ပေးပါတယ်၊ငါးမူးနဲ့ဆိုဦးလှထူးဆိုင်မှာ မုန့်ကြိုးလိမ် ဝယ်စားလည်းဝပါတယ်၊မုန့်တီသုပ်တစ်ပွဲနဲ့မုန့်ဖက်ထုပ်တစ်ခုစားလည်း ဝမ်းမီးလုံပါတယ်။       ဒါပေမဲ့....ကျွန်မငယ်ငယ်ကတည်းကအင်မတန်ကပ်စေးနဲသူပါ။ ပိုက်ဆံများရရင်ကိုယ့်ဝမ်းကိုယ်မသဒ္ဓါပဲပြေးစုတတ်သူပါ ၊ကိုယ်ဝဍ်နဲ့ကိုယ် ဆိုတော့လည်းနေ့လည်ကျောင်းလွှတ်ရင်အိမ်ပြန်ပြေးပြီးထမင်းတို့၊မုန့်တို့စားပါတယ်၊"ချွေတာစုဆောင်း သူဌေးလောင်း"ဆိုပြီးမြှောက်ပေးတဲ့အဖွားကလည်းကျွန်မအတွက်နေ့လည်စာတစ်ခုခုစီစဥ်ပေးထားမြဲပါ။အဲ့ဒီနေ့ကတော့ အဖွားတို့ဆီကိုလယ်သီးစားခဆန်တွေလာပို့တဲ့လူအများကြီးပါ။အကုန်လုံးကလည်းအမျိုးတွေဆိုတော့ထမင်း၊ဟင်း၊မုန့် တွေအကုန်ကျွေးလိုက်တော့ကျွန်မအတွက်စားစရာအဆင်သင့်မရှိပါဘူး။        အဲ့ဒီမှာအဖွားကဒန်အိုးထဲရေနွေးတည်၊နေပူလှမ်းပြီး သားကောက်ညှင်းမှုန့်တွေနဲနှယ်၊မြေးအဖွားနှစ်ယောက် လောက်စလုံး လောက်မုန့်လုံးကြီးတွေလုံးလုံးပြီးတော့အိုးထဲပစ်ထည့်၊ သကာခဲတွေပစ်ထည့်၊ ဧရာမမုန့်လုံးချို(မုန့်ကြာစေ့)တွေကို လျှာတွေအာတွေပူအောင် မဆန့်မပြဲစားပြီးကျောင်းကိုပြန်ပြေး၊...... 😮 ဝိုး....ကောင်းမှကောင်းပေါ့😊         လို
 "ရှိုးတို့ရှန့်တန့်အမူအယာကို  ကိုးလို့ကန့်လန့်......မြင်တတ်ခဲ့တော့.....  မခို့တရို့...နုနွဲ့ဖို့ဝေး...  တဖက်လူလန့်ပြေးလောက်အောင်......  ကလေးဘဝရှက်နေတာတောင်.....ရယ်မောခဲ့ပါရဲ့။" သူများကဗျာတွေဖတ်၊သဘောကျ၊ကိုယ်တိုင်ရေးကြည့်တော့...ဒီလိုထော်လော်ကန့်လန့်စာသားတွေပဲထွက်ကျလာပါတယ်။ငယ်ငယ်ကကျောင်းဖွင့်လို့ဖတ်စာ စာအုပ်တွေရရင်ပထမဆုံးဖတ်ဖြစ်တာ"ကဗျာ"ပါ။ မဂ္ဂဇင်းတွေဖတ်လည်းပထမဆုံးဖတ်တာ"ကဗျာ"ပါပဲ။ 'တဂိုး'ကဗျာတွေကြိုက်၊ ဦးပုညစာတွေကြိုက်၊လေးလုံးစပ်၊ဒွေးချိုး၊အိုင်ချင်း၊'ဘုန်းနှင့်ကံနှင့်ရွှေသဇင်' ကို ငြိမ်းချမ်းရေးဂီတပြိုင်ပွဲဝင်ကလေးတစ်ယောက်ဆိုတော့....`ဆရာကြီးဦးယုန်ရှိန်ဆိုပြခဲ့ဖူးတာသတိရ'...... စိတ်ပျော်ရင်လည်းကဗျာရေး၊စိတ်ညစ်ရင်လည်းကဗျာရေး။ရေးတိုင်းလည်း ဒေါင့်မကျိုးတဲ့ အနှောင့်မလွတ်အသွားမလွတ်စာသားတွေနဲ့၊ ဒီနေ့တော့ကိုယ်နဲ့အလိုက်ဖက်ဆုံး သုံးကြောင်းစပ်ကဗျာလေးတစ်ပုဒ်ရေးဖြစ်ပါတယ်။ သူများကိုလည်းမထိခိုက်၊ကိုယ့်အနေအထားနဲ့လည်းလိုက်ဖက်တယ်ထင်လို့သာ သားသမီးတွေကိုရွတ်ပြတော့ လည်းမဆိုးပါဘူးဆိုလို့.... " ကိုဗစ်ကြောင့်ပ    စား၊အိပ်ရသည်    ဝလာတာ...ငါ့အပြစ်လား "  
 ကျွန်မတို့ဆီမှာထမင်းဟင်းချက်ဖို့လောင်စာအဖြစ် "ကပိုင်သား"လို့ခေါ်တဲ့ထင်းတွေကိုဝယ်ယူခုတ်ခွဲသိုလှောင်ကြရပါတယ်။ အဖိုးကအသက်ရလာတော့ ဒီထင်းတွေခုတ်ခွဲဖို့အတွက်လူလိုလာပါတယ်၊ တစ်နေ့.... အဖွားကထင်းခွဲမယ့်လူတစ်ယောက်ခေါ်လာပါတယ်၊ လူပုံကနုနုနွဲ့နွဲ့မို့ အဖိုးက...."လက်ကြောတင်းရဲ့လားပေါ့" အဖိုးတို့ကဒေါင်းတိမောင်းတိသမားတွေဆိုတော့သူ့ဆီမှာ လက်ကြောတင်းတယ်...အပြောခံရဖို့ကမလွယ်ပါဘူး။ အဖွားခေါ်လာတဲ့သူဆိုတောလည်း..... ဒီနေ့လုပ်အားမကြိုက်ရင်..နောက်နေ့မလာနဲ့ပေါ့၊ဒါအစမ်းခန့်သဘောပေါ့လေ....      အဲ့ဒီလူကလည်းထင်းလည်းစခွဲ၊သီချင်းလည်းစဆိုပါလေရော"မိခိုင်..မင်းတို့ကဓနဂုဏ်မောက်လှချည်လား.." ဆိုတဲ့အဲ့သလိုစာသားတွေပါတဲ့သီချင်းပဲထပ်တလဲလဲဆိုတော့အဖိုးက"ဒီကောင်_ဒီမိခိုင်ကနေမတက်တော့ဘူးတဲ့" အဖိုးရဲ့အကဲဖြတ်သံကြားလို့ထင့်...ထင်းခုတ်ဆရာလည်း သူ့လုပ်အားကိုအရှိန်မြင့်လိုက်သလို...... သူ့ပါးစပ်ကက်ဆက်ကိုလည်း..တိတ်ခွေလဲလိုက်ပုံပါ..... "ယာတောတစ်ခွင်မှာ__ငါပြောမယ် __ရွှေရှင်ဘုရင်ရဲ့__ နင်ဆင်ခြင်ဦး_"စတဲ့ဇာတ်ထုပ်တစ်လိုင်းတခါတည်းချိုးလိုက်တာ၊ သူ့အသံနဲ့ထင်းခုတ်သံနဲ့ကအင်မတန်မှမြိုင်ဆိုင်ပါတယ်၊ဇာတ်
 "နင်သာတစ်ဦးတည်းသောအချစ်ဆုံး"ပါတဲ့ နောက်တော့….. ကျန်တာတွေက..."ကြုံတွဲလေးတွေပါတဲ့"၊ နောက်တော့…... "နင်က...ငါ့ဘဝတက်လမ်းတွေပိတ်ထားတာပဲတဲ့" ကျွန်မကတော့…... မေ့လျော့သွားဖို့တစ်ခါမှမကြိုးစားခဲ့ပါဘူး။ ပြန်စိတ်လည်လာစေဖို့လည်းတစ်ခါမှအားမထုတ်ခဲ့ပါဘူး နောက်တော့…... "ငါ့ဘဝမှာ..နင်ပဲအကောင်းဆုံးပါ၊ငါ့ကို...ခွင့်လွှတ်ပါတဲ့" တစ်စုံတစ်ယောက်ရဲ့"ငါ့ကိုခွင့်လွှတ်ပါ" ဆိုတဲ့စကားဟာ သူ့အပြစ်ကိုအမှန်တကယ်..သုံးသပ်မိတာဖြစ်နိင်သလို၊ နောက်ထပ်........ လှည့်စားဖို့အတွက်..ပဏာမတီးလုံးလည်းဖြစ်နိင်ပါတယ် ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မမှာလည်း..... လှပတဲ့"အချစ်ဇာတ်လမ်းလေးတစ်ပုဒ်"ရှိခဲ့ဖူးတာ ကြွားချင်ပါသေးတယ်။                                                             #DKMMK
 ကျွန်မတို့အိမ်နောက်ကမန်ကျည်းပင်မှာဂေါ်သဇင်ပင်အကြီးကြီးကတွယ်ကပ်အုပ်မိုးနေပါတယ်။ဆောင်းရာသီစဝင်တာနဲ့စဖူးပြီးစပွင့်နေပါပြီ။ကျွန်မတို့စီးပွားရေးစျေးကွက်စပါပြီ။   မနက်တိုင်းအပင်ပေါ်တက်ခူး၊ခြင်းတောင်းကြီးတွေထဲထည့်ဆွဲပြီးစျေးမှာသွားရောင်းမယ့်အကြံကိုကျွန်မနဲ့ကျွန်မသူငယ်ချင်းနဲ့အကောင်အထည်ဖော်ကြတာပါ။   စျေးဝတောင်မရောက်ပဲလမ်းမှာတင်ပန်းတွေကုန်ပါတယ်။ကျွန်မကလမ်းတွေ့သမျှလူကိုအတင်းရောင်းလို့ပါ။ကျွန်မဘာရောင်းရောင်းအဓိကအားပေးတဲ့ဖောက်သည်တွေရှိပါတယ်။မေမေ့သူငယ်ချင်းတွေပါ။   ဂေါ်သဇင်ကနေ့တိုင်းပွင့်၊နေ့တိုင်းရောင်းလို့ရက်ကြာတော့ကျွန်မကိုမမြင်ချင်ယောင်ဆောင်သွားကြသူတွေတောင်ရှိလာပါပြီ။   အဲ့ဒီ့အခါကျွန်မရဲ့ပစ်မှတ်အသစ်က.......ငါးစင်တွေပါ။ငါးခြောက်တွေလှန်းတဲ့အချိန်ကောင်းမှာဂေါ်သဇင်ပန်းကြိုက်တဲ့အဖွဲ့တွေနဲ့အလဲအလှယ်လုပ်ပြီးရလာတဲ့ငါးခြောက်တွေကစဥ့်အိုးသုံးလုံးသိပ်ထားရတဲ့အထိပါ။ တစ်နေ့တော့ဘယ်နယ်မှာလဲမသိ၊ကလေးတစ်ယောက်သစ်ပင်ပေါ်ကပြုတ်ကျတဲ့သတင်းကြားတာနဲ့ကျွန်မရဲ့ဂေါ်သဇင်ပင်ကြီးကိုအပင်ရင်းကနေအဖွားခုတ်ပစ်လိုက်တာကျွန်မရဲ့စျေးကွက်လဲပျက်ပါလေရော။                                                                               #DKMMK
 ဆယ်ကျော်သက်အရွယ်၊မိဘဆိုဆုံးမပဲ့ပြင်တာကိုတင်းကြပ်လွန်းတယ်လို့ထင်မြင်တဲ့အချိန်ကတော့လူကြီးမြန်မြန်ဖြစ်ချင်ခဲ့ပါတယ်။      အသက်မြန်မြန်ကြီး၊ လူကြီးမြန်မြန်ဖြစ်၊ဒီချူပ်ချယ်မူတွေအမြန်ကင်းရော၊လူကြီးဆန်ဆန် ဂိုက်ဆိုက်ပုံဖမ်းပြီးစိတ်ကူးခဲ့သပေါ့။       ကဲ....အခုတော့ကြီးပြီပေါ့.......အသက်၊ဖြစ်ပြီပေါ့...... လူကြီး။ ကိုယ့်စိတ်တိုင်းကျလုပ်ပိုင်ခွင့်ရပြီပေါ့......၊ အသက်ကြီးလာရုံသာမက အရွယ်ပါရင့်ထော်လာခဲ့ချိန်မှာတော့.....မဖြစ်နိင်မှန်းသိပေမယ့်..အပြောခံချင်ဆုံးစကားက "ဟယ်..ငယ်ရုပ်ကလေးပဲနော် "။ကြီးပေါင်းတွေကများမေးရင် ယုံယုံမယုံယုံ ငါးနှစ်လောက်လျော့ပြောပစ်လိုက်တာပဲ။         ကုသိုလ်၊ အကုသိုလ်ကိုလည်းယုံကြည်တော့ ဘုရားလည်းရှိခိုးပါတယ်၊ တရားလည်းအားထုတ်ပါတယ်၊ အလှုူအတန်းလည်းနိင်သရွေ့လုပ်ပါတယ်၊ ဒါကတော့ လူကြီးတစ်ယောက်ရဲ့ ရင့်ကျက်တည်ကြည်မူ အဖြစ် ကိုယ့်ကိုကိုယ်....အမှန်ခြစ်ပါတယ်။          အင်း…....သမာဓိတည်ကြည်စွာတရားအားထုတ်ပြီးရင်....Skin care လေးလည်းလုပ်၊ မိတ်ကပ်လေးဘာလေးလဲပြေးပြေးပုတ်ရပါသေးတယ်။ .........ပုထုဇဥ်ကိုး........                                                             #DKMMK
 လူတစ်ယောက်က သွေးမတော်သားမစပ်တစ်ခြားတစ်ယောက်ကိုမေတ္တာစေတနာထားနိင်တယ်ဆိုတာလွယ်တော့မလွယ်ပါဘူး။     အထက်တန်းကျောင်းသူဘဝကျောင်းပိတ်ရက်တစ်ချို့မှာအိမ်တွေဘာတွေလည်ဖြစ်ပါတယ်။ကိုယ့်ထက်သိပ်မကြီးပေမယ့် မမ လို့ခေါ်ဖြစ်တဲ့အဲ့ဒီဖြူချောမကလေးရဲ့အိမ်ကကျွန်မတို့ရင်ဖွင့်ရာခိုလှုံရာပါ။သူကလူချစ်လူခင်လည်းပေါပါတယ်။တစ်ခုခုကြောင့်စိတ်အလိုမကျရင်သူ့ဆီပြေးရင်ဖွင့်ကြပါတယ်၊မောင်နှမရင်းချာမရှိတဲ့သူကကျွန်မတို့ရဲပေါက်ကွဲသံတွေကို ဒိိုင်ခံနားထောင်ပေးပါတယ်။သူကဘယသာရေးလည်းကိုင်းရှိုင်းပါတယ်။       တစ်နေ့ကျွန်မတို့ ကိုယ်ရံတောင် ဘုရားသွားဖူးကြပါတယ်။အပြန်သူ့အိမ်ဝင်နားတော့ သူထမင်းစားနေတာနဲ့ကြုံကော၊ သူ့ဇလုံလေးမြှောက်ပြပြီးစားကြပါဦးလို့ဆိုတော့ဘယ်ပြောကောင်းမလဲတစ်ယောက်တစ်ဇွန်းဝင်စားကြပေါ့ ထမင်း၊ဟင်းထပ်ထည့်ထပ်ထည့်နဲ့ သူနဲ့သူ့အမေ မနက်ညနေစားဖို့ ချက်ထားတာတွေပြောင်ကောပေါ့ သူကပျာကယာထမင်းထပ်တည်နေတုန်း သူ့အမေလည်းစျေးသိမ်းပြီးပြန်ရောက်လာပါလေရော။သမီးဖြစ်သူက အမေဗိုက်ဆာလည်း ခဏနေပါဦးဆိုတော့ ကျွန်မတို့လည်းအားတုံ့အားနာပေါ့၊အမေကြီးကဟက်ဟက်ပက်ပက် ရယ်ပါတယ်၊ ဒီလိုမှန်းသိရင်ဒီထက်ကောင်းတာတွေအများကြီးချက်ပေးထားမှာပေါ့တဲ့။          ခုကျွန်မအမေတစ်ယောက်
 Stay At Home မှာဗိုလ်စွဲနေတာကအိမ်နောက်က ဘူးညွှန့်၊ဖရုံညွှန့်၊ကန်စွန်းရွက်ပါ၊ကြက်ဉကတော့ဒုတိယပါ။ ကြက်သား၊ငါးသေတ္တာ၊ ခေါကဆဲဲပြုတ် တို့ကတော့ ချန်ပီယံနားမှာတစ်လှည့်စီပါ။Stay Home ပါတယ်ဆိုမှ ခုတလောမီးကထထပျက်တော့ဂတ်စ်အိုးကလည်းကူညီရန်အသင့်ပါ။ နေကြာစေ့၊ လဖက်သုပ် ကတော့နေ့လည်အချိန်တွေကိုအကုန်မြန်စေပါတယ်။         ကော်ဖီ၊ မုန့် တို့ကတော့လည်းမိသားစုကိုစည်းလုံးစေသပေါ့လေ။         ကျွန်မတို့အိမ်နားဝန်းကျင်အိမ်နီးချင်းတွေကလည်းအင်မတန်ကူညီတတ်ကြပါတယ်။အမျိုးအဆွေတွေကလည်းဒီလိုကာလမှာတောင် ကိုယ့်မှာရှိတဲ့စားစရာတွေလှမ်းဝေငှကြတာမို့ကျေးဇူးတင်ရပါတယ်။ဒီနေ့တော့အိမ်ရှေ့ကထိုးထိုးထောင်ထောင်အပင်ပုတွေကိုကပ်ကြေးတစ်လက်နဲ့ညှပ်ဖြစ်ပါတယ်။          အသက်ရလာတော့စိမ်းစိမ်းစိုစိုလေးတွေခဏခဏကြည့်ရတယ်လေ။           အဲ့ဒီမှာ ခေတ်လိုအပ်ချက်အရ ချဲ့ထွင်လာတဲ့လမ်းပေါ်ကစျေးရောင်းသူပေါင်းစုံရဲ့ အသံစုံနဲ့တော့ ၆ ပေမကကွာသပေါ့။             ရုတ်တရက် အိမ်ရှေ့ခြံကဦး​လေးကြီးကစျေးသည်ကို လှမ်းခေါ်ပြီးခပ်သုတ်သုတ်ထွက်လာ......၊ စျေးသည်နားရောက်ခါနီးမှ...ခြံထဲအပြေးပြန်ဝင်သွား....၊ ကျွန်မလည်းစိတ်ဝင်တစားဘာပါလိမ့်ပေါ့...။              ပြီးမှခြံထဲကပြန်ထွက်လာပ
 ကျွန်မမန်ယူပရိိသတ်ပါ။ဖာဂူဆန်ကြီးနည်းပြဘဝကအနားယူသွားပြီးလည်းဆက်အားပေးခဲ့ပါတယ်။ဒါပေမယ့်ဖာဂူဆန်လက်ထက်ကလိုပွဲစဥ်တစ်ခုလုံးကို စလယ်ဆုံး ပရိသတ်မြင်ချင်တဲ့ အနိင်ပွဲဖြစ်ဖို့ပါးစပ်ကြီးတစ်လှုပ်လှုပ်နဲ့နည်းဗျူဟာပိုင်နိင်စွာအကွက်ကျကျ စီမံခန့်ခွဲပုံကို အသည်းယားစဖွယ်သဘောတကျကြည့်ရတဲ့အခြေအနေမျိုးမခံစားရတဲ့အတွက်နောက်ပိုင်းဘောလုံးပွဲတွေကိုစောင့်ကြည့်လေ့မရှိတော့ပါဘူး။      ကျွန်မအခုသားအငယ်ဆုံးလေးကဘောလုံးပွဲအလွန်ကြည့်ပါတယ်။သူကတော့ပွဲကြည့်ပရိတ်သတ်သက်သက်ပါ။ပြည်တွင်းပွဲစဥ်နှစ်ခါပြန်ပြလည်းကြည့်၊ပြည်ပပွဲစဥ်ညသန်းခေါင်လည်းစောင့်ကြည့်အားပေးပါတယ်။ကစားသမားတိုင်းရဲ့အားနည်းချက်အားသာချက်ကိုလည်းကျန်တဲ့သူတွေနားညည်းအောင်ဝေဖန်ပြတတ်ပါတယ်။ကျွန်မကမန်ယူပရိတ်သတ်မှန်းသိတော့မန်ယူကိုသိပ်မဝေဖန်ပေမယ့်မန်ယူနိင်ရင်ကျွန်မကိုအသိပေးတတ်ပါတယ်။             ဘောလုံးပွဲတွေ မကြည့်ဖြစ်ပေမယ့်။မန်ယူနိင်တယ်ဆိုရင်ကောင်းလေစွလို့ပြောပြီးမန်ယူရှုံးပြန်ပြီဆိုရင်ဒါဖာဂူဆန်မဟုတ်လို့ဆိုပြီးကျွန်မကစိတ်တိုတတ်ပါတယ်။            ကိုယ်ကမွေးထားတဲ့သားထဲမှာမှအငယ်ဆုံးဖြစ်ပေမဲ့ဘောလုံးပွဲအပေါ်ထားရှိတဲ့စိတ်ဓာတ်မှာတော့ကျွန်မထက် သူလေးက ဗားရှင်း(version)မြင့်နေပါ​ကြောင်းသ
 ......မနက်ကခေါင်းဖြီးတော့ခေါင်းပေါ်မှာဆံပင်ဖြူတွေကလှစ်ကနဲလှစ်ကနဲ ထွက်ပြူလာတာတွေ့ရပါတယ်။ "အင်း...မဟာဇနက္ကမင်းကြီးကဆံပင်ဖြူတစ်ချောင်းတွေ့တာနဲ့ထီနန်းစွန့်ပြီးတောထွက်သွားတယ်တဲ့။ ငါလည်းအခုဆံပင်ဖြူတွေတစ်ချောင်းမကများစွာဆိုတော့ သံဝေဂရပြီးဝတ်ကြောင်စွန့်သီလရှင်အပြီးဝတ်ရင် ကောင်းမလားပေါ့။ "   "သီလရှင် ဝတ်ရင်.…ငါ့မှာကိုယ်ပိုင်ကျောင်းလေးရှိသင့်တယ်၊ ဆန်အလှူခံမထွက်နိင်ရင်နေထိုင်စားသောက်လို့ရအောင်ဘဏ်စာအုပ်ကလေးလည်းရှိဦးမှ…… အသက်ကြီးမှသီလရှင်ဝတ်တော့ကိုယ်ပိုင်ကိုယ်ဆိုင်ကလေးရှိထားမှ…ကိုယ့်ကိုမြင်ရင်အလှူခံမယ်လိူ့ချည်းမထင်ကြမှာပေါ့။ "      ကဲ…...သမုဒယကြောင့်ဒုက္ခဖြစ်တယ်..ဒီဆံဖြူတွေကိုတော့သမုဒယမတွယ်ချင်ဘူး...ဒါ့ကြောင့်ဒီဒုက္ခကလွတ်ငြိမ်းအောင် သားသမီးတွေကိုပဲအကူအညီလှမ်းတောင်းလိုက်ရပါတယ်။ ......"အမေ့ကိုဆံပင်ဖြူတွေလာနုတ်ပေးကြပါဦး..သိပ်များလာရင်ငါတောထွက်​​ပြစ်လိုက်မှာနော်".......                                                          #DKMMK
 ....ကျွန်မရာသတ်ပန်သက်သတ်လွတ်သမားမဟုတ်ပေမယ့်သက်သတ်လွတ်သုံးနှစ်စားဖူးပါတယ်။တစ်နေ့တော့အကြားအမြင်ရတယ်ဆိုတဲ့ယောဂီဝတ်အမေကြီးတစ်ဦးနဲ့ဆုံတွေ့ခဲ့ပါတယ်။သူကရာသက်ပန်သက်သတ်လွတ်ပါတဲ့။ကျွန်မကိုလည်းဘယ်လိုအဓိဌာန်နဲ့စားသလဲလို့မေးတော့ရှင်းပြရတာပေါ့။        ကျွန်မရဲ့အဖိုးကကုန်းသတ္တဝါ၊ရေသတ္တဝါ၊လေသတ္တ ဝါဘာလာလာဝါးတီးဆွဲပါတယ်။မြေးတွေထဲမှာကျွန်မကအစားအစာအရာမှာအဖိုးခြေနားကပ်နေပါတယ်။တစ်နေ့တော့ကျွန်မအမနဲ့ ကျွန်မငါးသလောက်ပေါင်းပြိုင်စားကြပါတယ်။သူကလည်းအဖိုးခြေရာသူနင်းတယ်၊ကျွန်မကလည်းကျွန်မနင်းတယ်နဲ့ငြင်းရင်းငါးသလောက်ပေါင်းတစ်ကောင်စီကုန်အောင်ပြိုင်စားကြတာသူနိင်ပါတယ်။ ကျွန်မရှုံးပါတယ်။သုံးရက်လောက်ဖျားပြီးနားလန်ထတဲ့အခါအသားငါးနံ့တောင်မခံနိင်တော့ပါဘူး။           ကျွန်မရဲ့သက်သတ်လွတ်စားရတဲ့အကြောင်းအရင်းကအသားငါးစားကြူးခြင်းရဲ့နောက်ဆက်တွဲစာမျက်နှာဆိုတာလည်းရှင်းပြလိုက်ကော ယောဂီဝတ်အမေကြီးခမျာပြန်ပြောစရာစကားမရှိတော့ပဲဖြစ်သွားပါတယ်။            အခုတော့ကျွန်မကိုးနဝင်းတစ်ရက်၊ကြီးကိုးကြီးတစ်ရက်၊ကြာသပတေးတစ်ရက်သက်သတ်လွတ်စားဖြစ်ပါတယ်။အသက်အရွယ်အရကောကျန်းမာရေးအရကော၊ကိုယ်တိုင်လည်းအသီးအရွက်ပိုကြိုက်လာလို့ပါ။