နှစ်တစ်နှစ်ရဲ့ နောက်ဆုံးပိတ်လဖြစ်တဲ့အပြင်ကိုယ့်မွေးနေ့ရှိတဲ့အတွက် ဒီဇင်ဘာကတော့စိတ်ကိုလှုံ့ဆော်မူအပေးနိင်ဆုံးလလို့ဆိုချင်ပါတယ်။

 

      ရာသီဥတုအရလည်းဆောင်းရဲ့အရသာကိုတင်းပြည့်ကျပ်ပြည့် ရရှိစေသလိုထင်မိလို့ပါ။


       ငယ်စဥ်ကတော့ ဂေါ်သဇင်ပန်းပင်လုံးညွတ်အောင်

ပွင့်ကြလို့ကြိုက်ပါတယ်။

     

     အဖိုးအဖွားတွေနဲ့အတူတူကောက်ညှင်းကျည်တောက်

ကိုယ်တိုင်ကိုယ်ကျ မီးဖို ဖိုပြီးပြုလုပ်စားခွင့်ရလို့ပျော်ပါတယ်။

    

       ရခိုင်ပြည်နယ်နေ့စာစီစာကုံးပြိုင်ပွဲမှာဆုတွေဘာတွေရလို့ပျော်ပါတယ်၊

        လွတ်လပ်ရေးနေ့အတွက် ဘင်ခရာအဖွဲ့ အကြိုလေ့ကျင့်ခဲ့ရတာတွေလည်းပျော်ပါတယ်၊

         သိပ်ကြိုက်ခဲ့တဲ့ဓနိရည်ချို တွေကိုမိဘမသိအောင် ပိတ်ရက်မှာ သူငယ်ချင်းတွေနဲ့ အတူခိုးသောက်ခဲ့ရလို့ပျော်ပါတယ်၊


         ရွာတွေ၊ ဘုရားပွဲတွေ၊ ဇာတ်ပွဲတွေနဲ့လည်းပျော်ပါတယ်၊ ရမ်းဗြဲ၊ကျောက်ဖြူ၊တောင်ကုတ်၊ စစ်တွေမှာပွဲတွေတန်းစီကြည့်ခဲ့ရလို့လည်းပျော်ပါတယ်၊

     

         ဒီအချိန်မှာကော.....အိမ်မှာနေရတာပျော်ပါတယ်၊ခရီးတွေထွက်ရရင်လည်း ပျော်ပါတယ်၊ မွေးနေ့မှာမိဘနှစ်ပါးကိုနှစ်စဥ်နှစ်တိုင်းကန့်တော့ရတာပျော်ပါတယ်၊ 

ဒီနှစ်မှာတော့ကန်တော့ခံမယ့် မိဘနှစ်ပါးစလုံးမရှိကြရှာကြတော့ပါဘူး။ မနှစ်ကမွေးနေ့တုန်းက အတူတူစားသောက်ရင်းရယ်မောပြီးရိုက်ဖြစ်ခဲ့တဲ့ ပုံလေးကတော့မေမေနဲ့ နောက်ဆုံးအမှတ်တရပါ။


         ပျော်ပြီး ရင် လွမ်း၊ လွမ်းပြီး ရင် ပျော် ဆိုတာလောကသဘာဝမို့ ဒီဇင်ဘာသုံးဆယ့်တစ်မှာတော့ ချစ်ရတဲ့သူတွေနဲ့..၊ စားသောက်ဖွယ်ရာတွေနဲ့...၊

Happy New Year 🎉🎉🎉 ကြိုကြမှာပေါ့ကွယ်......။

                                                             #DKMMK

Comments

Popular posts from this blog