ကျွန်မကုသိုလ်ကံကောင်းတာတစ်ခုကဒီအသက်အရွယ်အထိ သားသမီးတွေရဲ့သူငယ်ချင်းတွေ၊ အမျိုးတွေထဲကကလေးလေတွေနဲ့ ရင်းရင်းနှီးနှီးရှိခွင့်ရခြင်းပါ။

  ကလေးတွေရဲ့ စိတ်ကူး၊ မျှော်လင့်ချက်တွေဟာ ကျွန်မတို့ငယ်စဥ်ကလိုတော့ထပ်တူမကျပေမယ့် လတ်ဆတ်တဲ့

နုပျိုမူခြင်းတော့ ဆင်တူပါတယ်။ သူတို့ရဲ့ဗန်းစကားတွေကလည်း အဆန်းတွေမို့ အဓိပ္ပါယ်တွေမေးယူရပါတယ်။

ကလေးတွေဆီက ခဏခဏ ကြားကြားနေရတာက "Crush" ပါ။ဒါကျွန်မတို့ငယ်ငယ်ကဆိုရင်ကြိတ်ကြွေတယ်ပေါ့လေ။

   ဒီကြိတ်ကြွေခြင်းအမူဟာ ကာလဒေသဆင်းရဲချမ်းသာမရွေးပြုတတ်ကြပါတယ်။ ကျွန်မတို့ အဆောင်သူဘဝမှာ သူငယ်ချင်း တစ်ယောက်က သူ့အိပ်ရာခေါင်းရင်းမှာ သူကြိတ်ကြွေတဲ့မင်းသားပုံအကြီးကြီးကပ်ထားပါတယ်။

သူက သဘောအလွန်ကောင်းပေမဲ့တစ်နေ့တော့တခြားတစ်ယောက်က သူ့မင်းသားကိုဝေဖန်အပြစ်တင်တဲ့စကားပြောမိ တော့အကြီးအကျယ်စိတ်ဆိုးပြီးရန်တွေ့ပါလေရော။နောက်ဆို သူ့ရှေ့ဘယ်သူမှ သူ့မင်းသားမကောင်းကြောင်း မဟရဲတော့တဲ့အထိ...။

    အခုခေတ် ကလေးတွေကြတော့လည်း ပြည်တွင်းသာမက ပြည်ပကသူတို့နှစ်သက်ရာ ပုဂ္ဂိုလ်တွေကို လှမ်း Crush ခွင့်ရနေကြပြီပေါ့။

     ကြိတ်ကြွေတယ်ပြောပြော ၊ Crush တယ်ပဲဆိုဆို တစ်စုံတစ်ယောက်က တစ်စုံတစ်ယောက်ကိုသူသိသိသမသိသိ သဘောကျနေခွင့်ဆိုတာလည်း လူတစ်ဦးချင်းစီရဲ့ ရပိုင်ခွင့် မဟုတ်ပါလား။

                                                            #DKMMK

Comments

Popular posts from this blog