.....မိုးလေကင်းလွတ်စပြုတာနဲ့ကျွန်မတို့ အနီးအနားရှိ


မမကြီးများကညနေ ကတမ်းကစားကြဖို့နှိုးဆော်ပါပြီ။


ကစားပွဲပါချင်သူက ကိုယ့်အိမ်မှာရှိတဲ့ပုဆိုးတစ်ထည်ယူ


လာရပါတယ်၊ဒါ ဇာတ်ကန့်လန့်ကာ အဖြစ်ပြုလုပ်ဖို့ပါ၊


မမကြီးတွေကကျွန်မတို့ရဲ့အရည်အချင်းတွေကိုလည်း


စစ်ဆေးကြပါသေးတယ်၊ Myanmar Idol ကဒိုင်များကဲ့


သို့ပေါ့လေ၊ကျွန်မကတော့ဒီ Level တွေကိုအောင်မြင်ခဲ့


တာဂုဏ်ယူစရာပါ၊ ကျွန်မတို့ပါဝင်တဲ့ ဇာတ်ပွဲကဲ့သို့


ကတမ်း ကစားပွဲကိုကျောင်းပိတ်တဲ့ညနေတွေမှာ ညနေ


မှောင်စပျိုးတာနဲ့စပါပြီ။


        မမကြီးများကဲ့သို့အရေးပါတာက ကိုကိုကြီးများပါ၊


ဓာတ်ခဲတွေကို ဝါးချောင်းတွေထဲ ဆက်သွယ်တန်းပြီး


မီးအလင်းရောင်များ နဲ့ ပံ့ပိုးပေးကြသူတွေပါ။ကျွန်မတို့


အဖွဲ့ရဲ့ မမကြီးများက အရင်ဆုံး ကပြကြပါတယ်၊ 


ပထမအပျိုတော်ပါ၊ ဒုတိယအဆို၊အကဆက်တိုက်လာ


ပါတယ်၊ ပါးကွက်ကြီးတွေအဖွေးသားနဲ့ ကျွန်မတို့တွေက


လည်းသူ့ထက်ငါ အကောင်းဆုံးဖျော်ဖြေတင်ဆက်ကြပါ


တယ်၊ ကျွန်မတို့ကဲ့သို့ မဆိုမကနိင် သို့မဟုတ် ကခွင့်ရွေး


ချယ်မခံရသူများကတော့ ပရိသတ်ပေါ့လေ၊ ကျွန်မတိုရဲ့


ဇာတ်ခုံက အရီးမသန်းဟန် တို့အိမ်ရှေ့တစ်ခုလုံးပါ၊သူ့


အိမ်မှာ ကျင်းပရတဲ့အတွက်သူ့သားနဲသမီးကိုတော့အထူး


အထူးအခွင့်အရေး(VIP)အဖြစ် ကခွင့်ဆိုခွင့်ပေးထားပါ


တယ်၊ အနီးအနားက လူကြီးသူမတွေကလည်းတစ်ခါ


တစ်ရံ မုန့်ဆုတွေဘာတွေလာပြီးချီးမြှင့်ခဲ့ကြတဲ့အခါများ


ဆိုကိုယ့်ကိုကိုယ်ဘဝင်လေးများမြင့်ခဲ့မိပါရဲ့။


                                                              #DKMMK

Comments

Popular posts from this blog