Stay At Home မှာဗိုလ်စွဲနေတာကအိမ်နောက်က ဘူးညွှန့်၊ဖရုံညွှန့်၊ကန်စွန်းရွက်ပါ၊ကြက်ဉကတော့ဒုတိယပါ။

ကြက်သား၊ငါးသေတ္တာ၊ ခေါကဆဲဲပြုတ် တို့ကတော့ ချန်ပီယံနားမှာတစ်လှည့်စီပါ။Stay Home ပါတယ်ဆိုမှ ခုတလောမီးကထထပျက်တော့ဂတ်စ်အိုးကလည်းကူညီရန်အသင့်ပါ။ နေကြာစေ့၊ လဖက်သုပ် ကတော့နေ့လည်အချိန်တွေကိုအကုန်မြန်စေပါတယ်။

        ကော်ဖီ၊ မုန့် တို့ကတော့လည်းမိသားစုကိုစည်းလုံးစေသပေါ့လေ။

        ကျွန်မတို့အိမ်နားဝန်းကျင်အိမ်နီးချင်းတွေကလည်းအင်မတန်ကူညီတတ်ကြပါတယ်။အမျိုးအဆွေတွေကလည်းဒီလိုကာလမှာတောင် ကိုယ့်မှာရှိတဲ့စားစရာတွေလှမ်းဝေငှကြတာမို့ကျေးဇူးတင်ရပါတယ်။ဒီနေ့တော့အိမ်ရှေ့ကထိုးထိုးထောင်ထောင်အပင်ပုတွေကိုကပ်ကြေးတစ်လက်နဲ့ညှပ်ဖြစ်ပါတယ်။

         အသက်ရလာတော့စိမ်းစိမ်းစိုစိုလေးတွေခဏခဏကြည့်ရတယ်လေ။

          အဲ့ဒီမှာ ခေတ်လိုအပ်ချက်အရ ချဲ့ထွင်လာတဲ့လမ်းပေါ်ကစျေးရောင်းသူပေါင်းစုံရဲ့ အသံစုံနဲ့တော့ ၆ ပေမကကွာသပေါ့။ 

           ရုတ်တရက် အိမ်ရှေ့ခြံကဦး​လေးကြီးကစျေးသည်ကို လှမ်းခေါ်ပြီးခပ်သုတ်သုတ်ထွက်လာ......၊

စျေးသည်နားရောက်ခါနီးမှ...ခြံထဲအပြေးပြန်ဝင်သွား....၊

ကျွန်မလည်းစိတ်ဝင်တစားဘာပါလိမ့်ပေါ့...။

             ပြီးမှခြံထဲကပြန်ထွက်လာပါတယ်။လက်စသတ်တော့ သူကစျေးဝယ်ချင်စိတ်နဲ့ အကာအကွယ်မဲ့ပြေးထွက်လာ.....စျေးသည်ရှေ့ရောက်ခါနီးမှသတိရလို့ပြေးဝင်ပြီး Mask,Face Shield တပ်၊

လက်အိတ်ပါစွပ်ပြီး ........

စျေးသည်နားပြန်ထွက်လာတာကိုး.....။            "......စည်းကမ်းလိုက်နာဘေးကင်းကွာပေါ့နော့....."

                                                            #DKMMK

Comments

Popular posts from this blog