......မနက်ကခေါင်းဖြီးတော့ခေါင်းပေါ်မှာဆံပင်ဖြူတွေကလှစ်ကနဲလှစ်ကနဲ ထွက်ပြူလာတာတွေ့ရပါတယ်။

"အင်း...မဟာဇနက္ကမင်းကြီးကဆံပင်ဖြူတစ်ချောင်းတွေ့တာနဲ့ထီနန်းစွန့်ပြီးတောထွက်သွားတယ်တဲ့။

ငါလည်းအခုဆံပင်ဖြူတွေတစ်ချောင်းမကများစွာဆိုတော့ သံဝေဂရပြီးဝတ်ကြောင်စွန့်သီလရှင်အပြီးဝတ်ရင်

ကောင်းမလားပေါ့။ "

  "သီလရှင် ဝတ်ရင်.…ငါ့မှာကိုယ်ပိုင်ကျောင်းလေးရှိသင့်တယ်၊ ဆန်အလှူခံမထွက်နိင်ရင်နေထိုင်စားသောက်လို့ရအောင်ဘဏ်စာအုပ်ကလေးလည်းရှိဦးမှ……

အသက်ကြီးမှသီလရှင်ဝတ်တော့ကိုယ်ပိုင်ကိုယ်ဆိုင်ကလေးရှိထားမှ…ကိုယ့်ကိုမြင်ရင်အလှူခံမယ်လိူ့ချည်းမထင်ကြမှာပေါ့။ "

     ကဲ…...သမုဒယကြောင့်ဒုက္ခဖြစ်တယ်..ဒီဆံဖြူတွေကိုတော့သမုဒယမတွယ်ချင်ဘူး...ဒါ့ကြောင့်ဒီဒုက္ခကလွတ်ငြိမ်းအောင် သားသမီးတွေကိုပဲအကူအညီလှမ်းတောင်းလိုက်ရပါတယ်။

......"အမေ့ကိုဆံပင်ဖြူတွေလာနုတ်ပေးကြပါဦး..သိပ်များလာရင်ငါတောထွက်​​ပြစ်လိုက်မှာနော်".......

                                                         #DKMMK

Comments

Popular posts from this blog