"ရှိုးတို့ရှန့်တန့်အမူအယာကို

 ကိုးလို့ကန့်လန့်......မြင်တတ်ခဲ့တော့.....

 မခို့တရို့...နုနွဲ့ဖို့ဝေး...

 တဖက်လူလန့်ပြေးလောက်အောင်......

 ကလေးဘဝရှက်နေတာတောင်.....ရယ်မောခဲ့ပါရဲ့။"

သူများကဗျာတွေဖတ်၊သဘောကျ၊ကိုယ်တိုင်ရေးကြည့်တော့...ဒီလိုထော်လော်ကန့်လန့်စာသားတွေပဲထွက်ကျလာပါတယ်။ငယ်ငယ်ကကျောင်းဖွင့်လို့ဖတ်စာ စာအုပ်တွေရရင်ပထမဆုံးဖတ်ဖြစ်တာ"ကဗျာ"ပါ။

မဂ္ဂဇင်းတွေဖတ်လည်းပထမဆုံးဖတ်တာ"ကဗျာ"ပါပဲ။

'တဂိုး'ကဗျာတွေကြိုက်၊ ဦးပုညစာတွေကြိုက်၊လေးလုံးစပ်၊ဒွေးချိုး၊အိုင်ချင်း၊'ဘုန်းနှင့်ကံနှင့်ရွှေသဇင်'

ကို ငြိမ်းချမ်းရေးဂီတပြိုင်ပွဲဝင်ကလေးတစ်ယောက်ဆိုတော့....`ဆရာကြီးဦးယုန်ရှိန်ဆိုပြခဲ့ဖူးတာသတိရ'......

စိတ်ပျော်ရင်လည်းကဗျာရေး၊စိတ်ညစ်ရင်လည်းကဗျာရေး။ရေးတိုင်းလည်း ဒေါင့်မကျိုးတဲ့ အနှောင့်မလွတ်အသွားမလွတ်စာသားတွေနဲ့၊ ဒီနေ့တော့ကိုယ်နဲ့အလိုက်ဖက်ဆုံး သုံးကြောင်းစပ်ကဗျာလေးတစ်ပုဒ်ရေးဖြစ်ပါတယ်။

သူများကိုလည်းမထိခိုက်၊ကိုယ့်အနေအထားနဲ့လည်းလိုက်ဖက်တယ်ထင်လို့သာ သားသမီးတွေကိုရွတ်ပြတော့

လည်းမဆိုးပါဘူးဆိုလို့....

" ကိုဗစ်ကြောင့်ပ

   စား၊အိပ်ရသည်

   ဝလာတာ...ငါ့အပြစ်လား "

                                                          #DKMMK

Comments

Popular posts from this blog