ဥတုသုံးပါးမှာဆောင်းဥတုကိုအနှစ်သက်ဆုံးလို့ ငယ်ငယ်ကစာစီစာကုံးထဲထည့်ရေးဖူးပါတယ်၊

   အထက်တန်းကျောင်းသူဘဝမှာ ဆောင်းကွေးကွေးပြီးမနက်စောစောစီးစီးထ စာမကျက်ချင်တာကလွဲရင်အားလုံး

အိုကေပါတယ်၊

   နှင်းဖွဲဖွဲကြားမှာ ရပ်ကွက်ပေါင်းစုံလမ်းလျှောက်ကြစဥ်တုန်းကတော့မနက်နှိုးစက်မလိုပဲ သုံးနာရီကထ ဝီရိယ စိုက်ခဲ့သူပါ၊

    အဲ့ဒီခေတ်မှာအကြိုက်ဆုံးကလည်းလူစုလမ်းလျှောက်

ရတဲ့ ကဏ္ဍပဲဖြစ်ပါလိမ့်မယ်၊ ရပ်ကွက်ချင်းမတူကြပေမယ့် ခင်ရာလူတွေ တဖြည်းဖြည်းစုမိပြီး ပြောလိုက်

ရယ်လိုက် လမ်းလျှောက်လိုက်နဲ့ သူများတကာတွေနောက်ကကျန်လို့ ကျန်မှန်းမသိ ကျန်နေခဲ့တာ စုရပ်ရောက်တော့မှကျွေးတဲ့ကောက်ညှင်းပေါင်းမမီလိုက်ရတာလည်းဟာသလိုရယ်မောခဲ့ကြသေးရဲ့။

     အနွေးထည် တွေချွတ်၊ခါးမှာပတ်ပြီး ဘာတွေပြောလို့ပြောမှန်းမသိ၊ ဘာတွေပျော်လို့ပျော်မှန်းမသိပဲ မွန်းတည့်မှ အိမ်ပြန်ရောက်လို့ မယုံသက်ာ အစစ်မေးခံရတာတောင်...အဆူခံရတာနဲ့ကာမိအောင် နောက်ဆိုညနေမှပြန်လာဖို့သူငယ်ချင်းတွေပြန်တိုင်ပင်ခဲ့ကြသေး...။

      ခုတော့လည်းမေ့မရနိင်သောဆောင်းရာသီမနက်ခင်းများဖြစ်ခဲ့ပေါ့ကွယ်..။

                                                               #DKMMK

Comments

Popular posts from this blog