"အတွေး..မြူမှုန်"

-အစွဲအလမ်းတွေ

  ဆွဲရမ်းခါနေသရွေ့

  ဘဝတွေက.....ဗြဲလယမ်းဖြစ် ၊

-ဆင်ခြင်တုံတရား

  သိမြင်ရုံနဲ့ မပွားနိင်သရွေ့

  အရှိတရားကိုကျောခိုင်းဟစ် ၊

-ကာလကိုအ​ပြစ်ဖွဲ့

  မာနတွေနစ်နေသရွေ့

  ခဝါမချနိင်အဆိုးမြင်....ခေတ် ၊

-သတိမမူ

  အကြည့်ထူပူနေသရွေ့

  ဂူတွေ့တောင် သေချာမစစ် ။

-ကိုယ်ချင်းစာတရား

  ထုံပွှားလာမွှေးနေသရွေ့

  အမုန်းတရားတွေ ဘေးချန်ရစ်

  အပြုံးစကားတွေဖွဲ့သီ.......ချစ်။

                             #DkMMK

Comments

Popular posts from this blog