ကျွန်မတို့ဆီမှာထမင်းဟင်းချက်ဖို့လောင်စာအဖြစ်

"ကပိုင်သား"လို့ခေါ်တဲ့ထင်းတွေကိုဝယ်ယူခုတ်ခွဲသိုလှောင်ကြရပါတယ်။ အဖိုးကအသက်ရလာတော့

ဒီထင်းတွေခုတ်ခွဲဖို့အတွက်လူလိုလာပါတယ်၊ တစ်နေ့....

အဖွားကထင်းခွဲမယ့်လူတစ်ယောက်ခေါ်လာပါတယ်၊

လူပုံကနုနုနွဲ့နွဲ့မို့ အဖိုးက...."လက်ကြောတင်းရဲ့လားပေါ့"

အဖိုးတို့ကဒေါင်းတိမောင်းတိသမားတွေဆိုတော့သူ့ဆီမှာ

လက်ကြောတင်းတယ်...အပြောခံရဖို့ကမလွယ်ပါဘူး။

အဖွားခေါ်လာတဲ့သူဆိုတောလည်း.....

ဒီနေ့လုပ်အားမကြိုက်ရင်..နောက်နေ့မလာနဲ့ပေါ့၊ဒါအစမ်းခန့်သဘောပေါ့လေ....

     အဲ့ဒီလူကလည်းထင်းလည်းစခွဲ၊သီချင်းလည်းစဆိုပါလေရော"မိခိုင်..မင်းတို့ကဓနဂုဏ်မောက်လှချည်လား.."

ဆိုတဲ့အဲ့သလိုစာသားတွေပါတဲ့သီချင်းပဲထပ်တလဲလဲဆိုတော့အဖိုးက"ဒီကောင်_ဒီမိခိုင်ကနေမတက်တော့ဘူးတဲ့"

အဖိုးရဲ့အကဲဖြတ်သံကြားလို့ထင့်...ထင်းခုတ်ဆရာလည်း

သူ့လုပ်အားကိုအရှိန်မြင့်လိုက်သလို......

သူ့ပါးစပ်ကက်ဆက်ကိုလည်း..တိတ်ခွေလဲလိုက်ပုံပါ.....

"ယာတောတစ်ခွင်မှာ__ငါပြောမယ် __ရွှေရှင်ဘုရင်ရဲ့__

နင်ဆင်ခြင်ဦး_"စတဲ့ဇာတ်ထုပ်တစ်လိုင်းတခါတည်းချိုးလိုက်တာ၊ သူ့အသံနဲ့ထင်းခုတ်သံနဲ့ကအင်မတန်မှမြိုင်ဆိုင်ပါတယ်၊ဇာတ်ကြည့်နေရသလို ခံစားရပါတယ်။

     နောက်တော့အဖွားကနင့်အဖိုးနေ့ခင်းစာဆာရော့မယ်၊

သွားရှာချည်ဆိုလို့လိုက်ရှာတော့...အဖိုးရယ်လေ။အဲ့ဒီလူရဲ့ဇာတ်ဆို ငိုပြောသံတွေကိုနားထောင်ရင်း...သူကိုယ်တိုင်ထင်းတွေကိုအတူတူခွဲခုတ်နေတာများ......

      အဲ့ဒီနေ့က အဖိုးတစ်ယောက်လိမ်းဆေးတွေအလိမ်းခံပြီး၊ကျွန်မတို့ဆီမှာ အနင်းအနှိပ်ခံ၊အဖွားဆီမှာအဆူခံပြီးပြုံးပြုံပြီးပြောလိုကိပါသေးတယ်.."ဒီကောင်မဆိုးဘူး၊

လက်ကြောတင်းသား၊နောက်နေ့လဲခေါ်ခိုင်းဦးမယ်.."တဲ့၊

      သိုလှောင်မယ့်ထင်းတွေအကုန်ခုတ်ခွဲပြီးစီးသွားတဲ့အခါဇာတ်ထုပ်ဆရာထင်းခွဲသူလည်းသူ့လုပ်အားခငွေအပြင် အဖိုးဆီကရခိုင်လုံချည်အထပ်လိုက်ကြီးပါလက်ဆောင်ရသွားပါကြောင်း.....။

                                                     #DKMMK

Comments

Popular posts from this blog