လူတစ်ယောက်က သွေးမတော်သားမစပ်တစ်ခြားတစ်ယောက်ကိုမေတ္တာစေတနာထားနိင်တယ်ဆိုတာလွယ်တော့မလွယ်ပါဘူး။

    အထက်တန်းကျောင်းသူဘဝကျောင်းပိတ်ရက်တစ်ချို့မှာအိမ်တွေဘာတွေလည်ဖြစ်ပါတယ်။ကိုယ့်ထက်သိပ်မကြီးပေမယ့် မမ လို့ခေါ်ဖြစ်တဲ့အဲ့ဒီဖြူချောမကလေးရဲ့အိမ်ကကျွန်မတို့ရင်ဖွင့်ရာခိုလှုံရာပါ။သူကလူချစ်လူခင်လည်းပေါပါတယ်။တစ်ခုခုကြောင့်စိတ်အလိုမကျရင်သူ့ဆီပြေးရင်ဖွင့်ကြပါတယ်၊မောင်နှမရင်းချာမရှိတဲ့သူကကျွန်မတို့ရဲပေါက်ကွဲသံတွေကို ဒိိုင်ခံနားထောင်ပေးပါတယ်။သူကဘယသာရေးလည်းကိုင်းရှိုင်းပါတယ်။

      တစ်နေ့ကျွန်မတို့ ကိုယ်ရံတောင် ဘုရားသွားဖူးကြပါတယ်။အပြန်သူ့အိမ်ဝင်နားတော့ သူထမင်းစားနေတာနဲ့ကြုံကော၊ သူ့ဇလုံလေးမြှောက်ပြပြီးစားကြပါဦးလို့ဆိုတော့ဘယ်ပြောကောင်းမလဲတစ်ယောက်တစ်ဇွန်းဝင်စားကြပေါ့ ထမင်း၊ဟင်းထပ်ထည့်ထပ်ထည့်နဲ့ သူနဲ့သူ့အမေ

မနက်ညနေစားဖို့ ချက်ထားတာတွေပြောင်ကောပေါ့ သူကပျာကယာထမင်းထပ်တည်နေတုန်း သူ့အမေလည်းစျေးသိမ်းပြီးပြန်ရောက်လာပါလေရော။သမီးဖြစ်သူက

အမေဗိုက်ဆာလည်း ခဏနေပါဦးဆိုတော့ ကျွန်မတို့လည်းအားတုံ့အားနာပေါ့၊အမေကြီးကဟက်ဟက်ပက်ပက် ရယ်ပါတယ်၊ ဒီလိုမှန်းသိရင်ဒီထက်ကောင်းတာတွေအများကြီးချက်ပေးထားမှာပေါ့တဲ့။

         ခုကျွန်မအမေတစ်ယောက်ဖြစ်လာတဲ့အခါကိုယ့်သားသမီးနဲ့တန်းတူ သူများသားသမီးအပေါ်မှာပါမေတ္တာစေတနာ ထားနိင်အောင်ကြိုးစားပါတယ်၊အမှတ်တမဲ့ စေတနာလေးတွေဟာ အမှတိရနေသူအတွက်တော့အင်မတန်တန်ဖိုးရှိတာအမှန်ပါပဲ။

                                                              #DKMMK

Comments

Popular posts from this blog