သီတင်းကျွတ်ရောက်ရင်အင်မတန်ပျော်ခဲ့ပါတယ်။

သိမ်းထားတဲ့မီးပုံးလေးတွေဖုန်ခါရမုန့်တွေလုပ်ဖို့ပြင်ဆင်ကြရ၊ဆွမ်းပို့ဖို့ကြိုတင်ကြော်လှော်ကြရ၊ ညနေမှာလှလှလေးပြင်ဆင်မီးပုံးလေးတွေထွန်း မီးပန်းလေးတွေလှုပ်နောက်ဘက်သစ်ပင်က သစ်ကိုင်းခုတ်ပြီးအိမ်ရှေ့မှာစိုက်

ဖယောင်းတိုင်တွေထွန်းမုန့်တွေလိုက်ဝေ သူများဝေတဲ့မုန့်တွေစားဗိုက်ကားပေါ့။

      လပြည့်နေ့မှာဥပုသ်လိုက်စောင့်၊ ညနေမိဘဘိုးဘွားသက်ကြီးဝါကြီးတွေကိုလိုက် ကန်တော့ လူကြီးသူမတွေကပီတိဖြာပြီးဆုတွေပေး မုန့်တွေကျွေး ဟန်ကိုကျလို့..။

      နောက်တစ်ညမှာတော့...မီးပုံးပျံကြီးလွှတ်တာ၊ 

ရှင်ဥပဂုတ္တ ဖောင်မျှောတာသွားကြည့်၊ မြေဝိုင်းဆိုင်းနဲ့အငြိမ့်ကတဲ့မမလှလှတွေကိုတိုးဝှေ့ကြည့် ၊ ပွဲ ပြီးမှအိမ်ပြန်ကြ..။

         ဒါအတိတ်ကပါ.........။

        ပစ္စုပ္ပန်ကာလ...ဒီနေ့သီတင်းကျွတ်မှာတော့အိမ်မှာပဲဥပုသ်ယူအလှူအတန်းလေးလုပ် ညနေအ ကန်တော့ခံ ဘုရားရှိခိုးတရားထိုင်ရင်း "အင်း...သားကိုခေါ်ပြီးပုံတစ်ပုံလောက်ရိုက်ခိုင်းရင်ကောင်းမလားပေါ့..၊... မသင့်တော်ပါဘူးလေ...၊ `ငါ' စွဲကိုဖြုတ်  ` ကျွန်မ ' တရားရူမှတ်လိုက်ပါဦးမယ်။

                                                              #DKMMK

Comments

Popular posts from this blog