ကျွန်မငါးတန်းနှစ်မှာမေမေကတစ်နေ့မုန့်ဖိုးငါးမူး(ပြားငါးဆယ်)ပေးပါတယ်၊ငါးမူးနဲ့ဆိုဦးလှထူးဆိုင်မှာ

မုန့်ကြိုးလိမ် ဝယ်စားလည်းဝပါတယ်၊မုန့်တီသုပ်တစ်ပွဲနဲ့မုန့်ဖက်ထုပ်တစ်ခုစားလည်း ဝမ်းမီးလုံပါတယ်။

      ဒါပေမဲ့....ကျွန်မငယ်ငယ်ကတည်းကအင်မတန်ကပ်စေးနဲသူပါ။ ပိုက်ဆံများရရင်ကိုယ့်ဝမ်းကိုယ်မသဒ္ဓါပဲပြေးစုတတ်သူပါ ၊ကိုယ်ဝဍ်နဲ့ကိုယ် ဆိုတော့လည်းနေ့လည်ကျောင်းလွှတ်ရင်အိမ်ပြန်ပြေးပြီးထမင်းတို့၊မုန့်တို့စားပါတယ်၊"ချွေတာစုဆောင်း သူဌေးလောင်း"ဆိုပြီးမြှောက်ပေးတဲ့အဖွားကလည်းကျွန်မအတွက်နေ့လည်စာတစ်ခုခုစီစဥ်ပေးထားမြဲပါ။အဲ့ဒီနေ့ကတော့ အဖွားတို့ဆီကိုလယ်သီးစားခဆန်တွေလာပို့တဲ့လူအများကြီးပါ။အကုန်လုံးကလည်းအမျိုးတွေဆိုတော့ထမင်း၊ဟင်း၊မုန့်

တွေအကုန်ကျွေးလိုက်တော့ကျွန်မအတွက်စားစရာအဆင်သင့်မရှိပါဘူး။

       အဲ့ဒီမှာအဖွားကဒန်အိုးထဲရေနွေးတည်၊နေပူလှမ်းပြီး

သားကောက်ညှင်းမှုန့်တွေနဲနှယ်၊မြေးအဖွားနှစ်ယောက်

လောက်စလုံး လောက်မုန့်လုံးကြီးတွေလုံးလုံးပြီးတော့အိုးထဲပစ်ထည့်၊ သကာခဲတွေပစ်ထည့်၊ ဧရာမမုန့်လုံးချို(မုန့်ကြာစေ့)တွေကို လျှာတွေအာတွေပူအောင် မဆန့်မပြဲစားပြီးကျောင်းကိုပြန်ပြေး၊......

😮 ဝိုး....ကောင်းမှကောင်းပေါ့😊

        လိုတဲ့အချိန်မှာရှိတဲ့အရာနဲ့အသုံးကျအောင်အသုံးချတတ်ဖို့အဖွားသင်ပေးခဲ့တဲ့အဲ့ဒီလက်တွေ့သင်ခန်းစာဟာ...ဒီနေ့အထိလိုက်နာကျင့်သုံးဆဲ

ကျွန်မအတွက်အဖွားရဲ့အမွေပါ။ဒီအမွေကိုရုပ်ဝတ္တုပစ္စည်းအမွေတွေထက်........မြတ်နိုးတန်ဖိုးထားပါတယ်။

                                                            #DKMMK

Comments

Popular posts from this blog