ကျွန်မမန်ယူပရိိသတ်ပါ။ဖာဂူဆန်ကြီးနည်းပြဘဝကအနားယူသွားပြီးလည်းဆက်အားပေးခဲ့ပါတယ်။ဒါပေမယ့်ဖာဂူဆန်လက်ထက်ကလိုပွဲစဥ်တစ်ခုလုံးကို စလယ်ဆုံး ပရိသတ်မြင်ချင်တဲ့ အနိင်ပွဲဖြစ်ဖို့ပါးစပ်ကြီးတစ်လှုပ်လှုပ်နဲ့နည်းဗျူဟာပိုင်နိင်စွာအကွက်ကျကျ

စီမံခန့်ခွဲပုံကို အသည်းယားစဖွယ်သဘောတကျကြည့်ရတဲ့အခြေအနေမျိုးမခံစားရတဲ့အတွက်နောက်ပိုင်းဘောလုံးပွဲတွေကိုစောင့်ကြည့်လေ့မရှိတော့ပါဘူး။

     ကျွန်မအခုသားအငယ်ဆုံးလေးကဘောလုံးပွဲအလွန်ကြည့်ပါတယ်။သူကတော့ပွဲကြည့်ပရိတ်သတ်သက်သက်ပါ။ပြည်တွင်းပွဲစဥ်နှစ်ခါပြန်ပြလည်းကြည့်၊ပြည်ပပွဲစဥ်ညသန်းခေါင်လည်းစောင့်ကြည့်အားပေးပါတယ်။ကစားသမားတိုင်းရဲ့အားနည်းချက်အားသာချက်ကိုလည်းကျန်တဲ့သူတွေနားညည်းအောင်ဝေဖန်ပြတတ်ပါတယ်။ကျွန်မကမန်ယူပရိတ်သတ်မှန်းသိတော့မန်ယူကိုသိပ်မဝေဖန်ပေမယ့်မန်ယူနိင်ရင်ကျွန်မကိုအသိပေးတတ်ပါတယ်။

            ဘောလုံးပွဲတွေ မကြည့်ဖြစ်ပေမယ့်။မန်ယူနိင်တယ်ဆိုရင်ကောင်းလေစွလို့ပြောပြီးမန်ယူရှုံးပြန်ပြီဆိုရင်ဒါဖာဂူဆန်မဟုတ်လို့ဆိုပြီးကျွန်မကစိတ်တိုတတ်ပါတယ်။

           ကိုယ်ကမွေးထားတဲ့သားထဲမှာမှအငယ်ဆုံးဖြစ်ပေမဲ့ဘောလုံးပွဲအပေါ်ထားရှိတဲ့စိတ်ဓာတ်မှာတော့ကျွန်မထက် သူလေးက ဗားရှင်း(version)မြင့်နေပါ​ကြောင်းသူသိအောင်ဝန်ခံလိုက်ပြီး သည့်နောက်မှာသူကကျွန်မရဲ့ 

ဘောလုံးအဘိဓမ္မာဆရာကြီးဖြစ်သွားပါတော့တယ်။

                                                               #DKMMK

Comments

Popular posts from this blog