....ကျွန်မရာသတ်ပန်သက်သတ်လွတ်သမားမဟုတ်ပေမယ့်သက်သတ်လွတ်သုံးနှစ်စားဖူးပါတယ်။တစ်နေ့တော့အကြားအမြင်ရတယ်ဆိုတဲ့ယောဂီဝတ်အမေကြီးတစ်ဦးနဲ့ဆုံတွေ့ခဲ့ပါတယ်။သူကရာသက်ပန်သက်သတ်လွတ်ပါတဲ့။ကျွန်မကိုလည်းဘယ်လိုအဓိဌာန်နဲ့စားသလဲလို့မေးတော့ရှင်းပြရတာပေါ့။

       ကျွန်မရဲ့အဖိုးကကုန်းသတ္တဝါ၊ရေသတ္တဝါ၊လေသတ္တ ဝါဘာလာလာဝါးတီးဆွဲပါတယ်။မြေးတွေထဲမှာကျွန်မကအစားအစာအရာမှာအဖိုးခြေနားကပ်နေပါတယ်။တစ်နေ့တော့ကျွန်မအမနဲ့ ကျွန်မငါးသလောက်ပေါင်းပြိုင်စားကြပါတယ်။သူကလည်းအဖိုးခြေရာသူနင်းတယ်၊ကျွန်မကလည်းကျွန်မနင်းတယ်နဲ့ငြင်းရင်းငါးသလောက်ပေါင်းတစ်ကောင်စီကုန်အောင်ပြိုင်စားကြတာသူနိင်ပါတယ်။

ကျွန်မရှုံးပါတယ်။သုံးရက်လောက်ဖျားပြီးနားလန်ထတဲ့အခါအသားငါးနံ့တောင်မခံနိင်တော့ပါဘူး။

          ကျွန်မရဲ့သက်သတ်လွတ်စားရတဲ့အကြောင်းအရင်းကအသားငါးစားကြူးခြင်းရဲ့နောက်ဆက်တွဲစာမျက်နှာဆိုတာလည်းရှင်းပြလိုက်ကော ယောဂီဝတ်အမေကြီးခမျာပြန်ပြောစရာစကားမရှိတော့ပဲဖြစ်သွားပါတယ်။

           အခုတော့ကျွန်မကိုးနဝင်းတစ်ရက်၊ကြီးကိုးကြီးတစ်ရက်၊ကြာသပတေးတစ်ရက်သက်သတ်လွတ်စားဖြစ်ပါတယ်။အသက်အရွယ်အရကောကျန်းမာရေးအရကော၊ကိုယ်တိုင်လည်းအသီးအရွက်ပိုကြိုက်လာလို့ပါ။

                                                        #DKMMK

Comments

Popular posts from this blog