ကျွန်မတို့အိမ်နောက်ကမန်ကျည်းပင်မှာဂေါ်သဇင်ပင်အကြီးကြီးကတွယ်ကပ်အုပ်မိုးနေပါတယ်။ဆောင်းရာသီစဝင်တာနဲ့စဖူးပြီးစပွင့်နေပါပြီ။ကျွန်မတို့စီးပွားရေးစျေးကွက်စပါပြီ။

  မနက်တိုင်းအပင်ပေါ်တက်ခူး၊ခြင်းတောင်းကြီးတွေထဲထည့်ဆွဲပြီးစျေးမှာသွားရောင်းမယ့်အကြံကိုကျွန်မနဲ့ကျွန်မသူငယ်ချင်းနဲ့အကောင်အထည်ဖော်ကြတာပါ။

  စျေးဝတောင်မရောက်ပဲလမ်းမှာတင်ပန်းတွေကုန်ပါတယ်။ကျွန်မကလမ်းတွေ့သမျှလူကိုအတင်းရောင်းလို့ပါ။ကျွန်မဘာရောင်းရောင်းအဓိကအားပေးတဲ့ဖောက်သည်တွေရှိပါတယ်။မေမေ့သူငယ်ချင်းတွေပါ။

  ဂေါ်သဇင်ကနေ့တိုင်းပွင့်၊နေ့တိုင်းရောင်းလို့ရက်ကြာတော့ကျွန်မကိုမမြင်ချင်ယောင်ဆောင်သွားကြသူတွေတောင်ရှိလာပါပြီ။

  အဲ့ဒီ့အခါကျွန်မရဲ့ပစ်မှတ်အသစ်က.......ငါးစင်တွေပါ။ငါးခြောက်တွေလှန်းတဲ့အချိန်ကောင်းမှာဂေါ်သဇင်ပန်းကြိုက်တဲ့အဖွဲ့တွေနဲ့အလဲအလှယ်လုပ်ပြီးရလာတဲ့ငါးခြောက်တွေကစဥ့်အိုးသုံးလုံးသိပ်ထားရတဲ့အထိပါ။

တစ်နေ့တော့ဘယ်နယ်မှာလဲမသိ၊ကလေးတစ်ယောက်သစ်ပင်ပေါ်ကပြုတ်ကျတဲ့သတင်းကြားတာနဲ့ကျွန်မရဲ့ဂေါ်သဇင်ပင်ကြီးကိုအပင်ရင်းကနေအဖွားခုတ်ပစ်လိုက်တာကျွန်မရဲ့စျေးကွက်လဲပျက်ပါလေရော။

                                                                              #DKMMK

Comments

Popular posts from this blog