တစ်ကြိမ်တစ်ခါမှ ရန်မဖြစ်ဖူးဘူး။ စိတ်မကောင်းစရာတစ်ခုခု ကြုံတဲ့ခါတိတ်ဆိတ်နေပေးတယ်။ စိတ်ဓာတ်ကျရင်ဟာသတွေပြောပေးတယ်၊ ဘယ်အကြောင်းအရာပဲပြောပြောမညည်းငွေ့ဘူး။.....ဒါပထမသူငယ်ချင်း.....

    တွေ့တိုင်းရန်တကျက်ကျက်နဲ့၊ ဘယ်အကြောင်းအရာပဲဆွေးနွေးဆွေးနွေးအငြင်းအခုန်ဖြစ်ရတယ်။စကားအကြာကြီးပြောရင် စိတ်ပျက်စရာအဆုံးသတ်ရတယ်။

......ဒါဒုတိယသူငယ်ချင်း......

    လူအမျိုးမျိုး၊ စိတ်အထွေထွေပါပဲ။သံယောဇဥ်ဆိုတဲ့ လောကီဘောင်အတွင်းမှာသူမှားလည်း ကိုယ်နားလည်ပေးရသလို၊ကိုယ်မှားလည်း သူလက်ခံပေးနိင်ရင်၊ ကုမုဒြာပန်းလည်းလှပါတယ်၊ဗေဒါပန်းလည်းလှပါတယ်၊

တန်ဖိုးဆိုတာကြည့်တဲ့လူရဲ့ နှလုံးသားနဲ့ပဲတိုက်ရိုက်သက်ဆိုင်ခဲ့ရင်ပေါ့...။

                                                         #DKMMK

Comments

Popular posts from this blog