` ကိုယ်စားရေးတဲ့..ကဗျာ`
...ငါသာဆို
အဲသလိုခါမချဘူး ၊
....ငါသာဆို
အဲသလို တွန်းမထုတ်ဘူး ၊
....ခါချရင်မာနထိ
ခံစားမှသိမယ် ၊
....တွန်းထုတ်ရင်နောက်ဆုတ်ရပ်
ထောက်မတ်ဖို့မလွယ် ၊
....မင်းကမင်းပါကွယ်
ငါဘယ်လိုဖြစ်မလဲ......
....သူရဲဘောကြောင်လာမထိပါဘူး
အကဲစမ်းသလို ရည်စူးမချေတတ်
မနူးမနပ်လိုမတုံ့ပြန်တာမို့
ပြုံးလို့သာပဲ။
#DKMMK
Comments
Post a Comment