နှစ်ယောက်အတူတူနှစ်ပေါင်းများစွာကျားကုပ်ကျားခဲမရမကတည်ဆောက်လာခဲ့ကြတဲ့ဘဝတစ်ခုကို စုတ်ပြတ်သတ်အောင်ဆုတ်ဖြဲပစ်ချပြီးနောက်ဆယ်နစ်အကြာ.....

ကိုယ့်ရှေ့မှာသူပြန်ပေါ်လာတဲ့အခါ......ပျော်ပါတယ်။


    အသက်ကြီးလာတဲ့အခါရင့်ကျက်မှုကအလိုလိုရှိလာတာမှမဟုတ်ပဲ..၊ ကျွန်မတို့နေ့စဥ်အသက်ရှုနေသလို

ရင့်ကျက်မှုကိုရှုသွင်းနေရတာကို....နားလည်စေချင်ခဲ့ပါတယ်၊ ဘုရားသွားကျောင်းတက်ဆိုတဲ့ အဓိပ္ပါယ်လေးနက်မူကိုဆင်ခြင်စေချင်ခဲ့ပါတယ်၊ အေးအတူပူအမျှ ဆိုတာလူကြားကောင်းရုံပြောရတာမဟုတ်မှန်း သဘောပေါက်စေချင်ခဲ့ပါတယ်.......


      အကြိမ်ကြိမ်အခါခါကွဲ၊ အကြိမ်ကြိမ်အခါခါကိုယ့်ရှေ့ပြန်ရောက်လာခဲ့ဖူးသူတစ်ဦးနဲ့.....နောက်ဆုံးအကြိမ်ပြန်ဆုံခြင်းဟာကျွန်မအတွက်...ရသမျိုးစုံဖြစ်ပေါ်ခဲ့ပါတယ်၊....ကိုယ့်ခေါင်းပေါ်ပန်ထားတုန်းက ရွှေသရဖူ လို့ထင်ပြီး သူ့ခေါင်းပေါ်ပန်ဆင်ချင်ခဲ့တဲ့ဘဝတူ အမျိုးသမီး

တစ်ဦးကိုလည်း ခုချိန်မှာသနားကရုဏာသက်မိပါတယ်၊.

.........."ဘဝဆိုတာနေတတ်မှကျေနပ်စရာဘဝပါ"...........

                                                          #DKMMK

Comments

Popular posts from this blog