"အိုလှချင်"
အိုပါပြီကွယ်၊ဒီအရွယ်မှာ
ရင်ခုန်တာတွေထားခဲ့ပြီ၊
-တရားမှတ်ရုံ၊သီလလုံကာ
ကျန်းမာချမ်းသာနေထိုင်မည်၊
-တွတ်တီးတွတ်တာ၊မခရာနဲ့
ပုတီးသာစိတ်တိတ်ဆိတ်တည်၊
-သို့ပါသော်ငြား၊လောကီသားမို့
တရားတစ်ဖက်၊ပုတီးလက်ကိုင်
စတိုင်ကျကျ
ကျွန်မဆယ်ဖီ( Selfie)ဆွဲဦးမည်။
#DKMMK
Comments
Post a Comment