ဝါတွင်းဥပုသ်ရက်တွေမှာ ကျောင်းတွေလည်းပိတ်တော့အဖိုးအဖွားတွေနဲ့ဥပုသ်လိုက်စောင့်ဖြစ်ကြတဲ့ကလေးလေးအုပ်စုကလူအင်အားမနည်းလှပါဘူး။ ဘုန်းတော်ကြီးကသီးသန့်ငါးပါးသီလပေးတာမို့ ညနေစာလည်းစားခွင့်ရှိတယ်လေ၊ နေ့လည်ဆွမ်းစားကြ တော့လည်းသူများနည်းတူ သီလသမာဓိရှိရှိ အိန္ဒြေရရစားကြတယ်ပေါ့၊ဆရာတော်ကခေါ်ယူတန်းစီတရားထိုင်ခိုင်းပြန်တော့လည်းငြိမ်ငြိမ်သက်သက်ပါပဲ။

 မွန်းလွဲမှာမနီးမဝေးအပင်တွေအောက်မှာသွားကစားနေကြချည်လို့...ခွင့်ပြုချက်လည်းရလာကော၊ ဥပုသ်သည်ကလေးတစ်သိုက် တဘက််ကလေးတွေခါးမှာချည်ပြီးခုန်လိုက်ဆော့လိုက်ပွက်လောရိုက်လို့...၊

  အရေးထဲ........ဆဲတတ်တဲ့သူပါလာတော့ငြင်းရင်းနဲ့သူကစဆဲတော့......တစ်ယောက်ကသတိပေးတယ်၊ "ဟဲ့နင်သီလတစ်ပါးပျက်ပြီနော်တဲ့" ဆဲသူလည်းခဏတော့သတိထားနေတာပေါ့၊ သူ့ဘက်ကိုယ့်ဘက်ကစားရတဲ့နည်းတွေဆိုတော့ခဏခဏ ငြင်းကြခုန်ကြရတော့သူပဲနောက်တစ်ခါဆဲသံထွက်လာပြန်ကော..။

  "နင်ဆဲတာနှစ်ခါရှိပြီ..နင်ကငါးပါးသီလပဲယူထားတာနောက်သုံးခါဆဲရင် နင့်သီလကုန်သွားလိမ့်မယ်"

   နိင်တဲ့ဘက်ကလည်းနိင်တိုင်း ကော့ကော့ကော့ကော့လုပ်ပြနေတော့နောက်ဆုံး......သူ့ခါးကတဘက်ကိုဆွဲဖြုတ်ပစ်ချလိုက်တယ်....

   "ကဲ....ဆဲတယ်ဟာ.....ငါ့သီလကုန်ရင် ငါ့အဖွားဆီကသီလပါချေးပြီးဆဲဦးမယ်တဲ့။"

...................ကစားပွဲလည်းပျက်ကော......................။

                                                           #DKMMK

Comments

Popular posts from this blog