ဒီနေ့ရပ်ကွက်ပေါင်းစုံဘောလုံးပွဲနောက်ဆုံးနေ့ပါ။ပြိုင်ဆိုင်စိတ်ကြီးမားကြသောရပ်ကွက်လုံးကျွတ်ပရိသတ်တွေကွင်းဆီချီတက်နေကြပါပြီ။သက်ဆိုင်ရာအမေတွေတားမြစ်သည့်ကြားကဆုံးမရခက်သူကျွန်မတို့တစ်သိုက်လည်းဘောလုံးကွင်းဆီချီတက်ခဲ့ကြရာ၊ ဟော.....ကန်ကြပါပြီ။

   ပွဲစတာနဲ့ကွင်းလုံးပြည့်ပရိသတ်ထုရဲ့အားပေးမူစတင်ပါပြီ။"ပြေးထား...." ``ယူ..ယူ" စသဖြင့်ကျယ်ကျယ်လောင်လောင်ပေါ့ပထမပိုင်းမပြီးခင်မှာပရိသတ်ကြီးမဆူညံဖို့သုံးကြိမ်ထက်မနည်းအသံချဲ့စက်နဲ့သတိပေးသံကြားရသည်၊ ပထမပိုင်းပြီးသည်အထိဂိုးမရကြသေး။

   ဒုတိယပိုင်းပြန်စသည်နှင့်........ ပွဲရှိန်မြင့်လာပါသည်။

ကွင်းပြင်ကလူအုပ်ကြီးက ကွင်းထဲခဏခဏကျွှံဝင်လာလို့စည်းကြပ်ဒိုင်တွေ တားမြစ်ရလွန်းလို့အသံတွေတောင်ဝင်ကုန်ပါတယ်။ဟိုဖက်သည်ဖက်အော်ဟစ်ရန်တွေ့ခြင်းအမှုတွေစတင်ပြုကုန်ကြပါပြီ။ 

   ပွဲပြီးခါနီးလာလေလေ၊ ကွင်းထဲက ကစားသမားတွေလည်းခဏခဏလူချ၊ ပရိသတ်အချင်းချင်းလည်းဖိနပ်တွေထောင်ပြ၊ထီးတွေထောင်ပြ၊ရန်တွေ့ကြနဲ့၊ လော်စပီကာအသံတောင်တိုးမပေါက်တော့။ 

   ပွဲချိန်စေ့လို့......အချိန်ပိုပါစေ့လို့၊ ပင်နယ်တီကန်ရမယ်ဆိုရော၊ ဟိုဖက်သည်ဖက်ရောနှော၊ရန်ဖြစ်၊ရှုတ်ယှက်ခက်တဲ့အပိုင်းဖြစ်ပြီပေါ့၊ ကျွန်မတို့တစ်သိုက်လည်းလူအုပ်ကြားညပ်မှာ စိုးပြီးအိမ်ပြန်ပြေးလာကြတော့သည်။

    အဲသည်တုန်းကတော့ ကွင်းထဲကဘောလုံးပွဲထက်ပြင်ပကပရိသတ် ရန်ပွဲကဖြစ်နေကျမို့ကြည့်ဖို့အားခဲ ခဲ့ကြတာကိုး။အိမ်ပြန်ရောက်လို့အားလုံး.......အိမ်မှာအသီးသီးဆော်ပလော်တီးခံရတာတောင်တန်လှချည့်။

                                                        #DKMMK

Comments

Popular posts from this blog