ဆယ်ကျော်သက်အရွယ်၊မိဘဆိုဆုံးမပဲ့ပြင်တာကိုတင်းကြပ်လွန်းတယ်လို့ထင်မြင်တဲ့အချိန်ကတော့လူကြီးမြန်မြန်ဖြစ်ချင်ခဲ့ပါတယ်။

     အသက်မြန်မြန်ကြီး၊ လူကြီးမြန်မြန်ဖြစ်၊ဒီချူပ်ချယ်မူတွေအမြန်ကင်းရော၊လူကြီးဆန်ဆန် ဂိုက်ဆိုက်ပုံဖမ်းပြီးစိတ်ကူးခဲ့သပေါ့။

      ကဲ....အခုတော့ကြီးပြီပေါ့.......အသက်၊ဖြစ်ပြီပေါ့...... လူကြီး။ ကိုယ့်စိတ်တိုင်းကျလုပ်ပိုင်ခွင့်ရပြီပေါ့......၊

အသက်ကြီးလာရုံသာမက အရွယ်ပါရင့်ထော်လာခဲ့ချိန်မှာတော့.....မဖြစ်နိင်မှန်းသိပေမယ့်..အပြောခံချင်ဆုံးစကားက "ဟယ်..ငယ်ရုပ်ကလေးပဲနော် "။ကြီးပေါင်းတွေကများမေးရင် ယုံယုံမယုံယုံ ငါးနှစ်လောက်လျော့ပြောပစ်လိုက်တာပဲ။

        ကုသိုလ်၊ အကုသိုလ်ကိုလည်းယုံကြည်တော့ ဘုရားလည်းရှိခိုးပါတယ်၊ တရားလည်းအားထုတ်ပါတယ်၊ အလှုူအတန်းလည်းနိင်သရွေ့လုပ်ပါတယ်၊

ဒါကတော့ လူကြီးတစ်ယောက်ရဲ့ ရင့်ကျက်တည်ကြည်မူ

အဖြစ် ကိုယ့်ကိုကိုယ်....အမှန်ခြစ်ပါတယ်။

         အင်း…....သမာဓိတည်ကြည်စွာတရားအားထုတ်ပြီးရင်....Skin care လေးလည်းလုပ်၊ မိတ်ကပ်လေးဘာလေးလဲပြေးပြေးပုတ်ရပါသေးတယ်။

.........ပုထုဇဥ်ကိုး........

                                                            #DKMMK

Comments

Popular posts from this blog