"စေတသိတ်...မိုး"

-တဖွဲဖွဲမြိုင် ၊ မစဲနိင်ရှာ

 မိုးနှောင်းရာသီ ၊ ရောက်ပါပြီလော၊

-အပြင်မထွက်ရ ၊ သည်ကာလမှာ

  ရွာတဲ့မိုးရေ...လွမ်းအောင်စေထင့်။

-ကော်ဖီတစ်ခွက် ၊ ကိုင်လျက်စိတ်ရည်

  အတိတ်ဆီပြေး ၊ ဟိုအဝေးပေါ့။

-ရွာချင်ရွာချ ၊ သဘာဝကို

  ကိုယ့်လိုရာချဲ့ ၊ စိတ်ကူးဖွဲ့သီ

  သတိတည်မှတ် ၊ အချိန်ဖြတ်ပြေး

  သတိကပ်ချိန်ပြုံးမိသည်၊

  ကော်ဖီ တွေတောင်အေးကုန်ပြီ။

                                   #DKMMK

Comments

Popular posts from this blog