အသက်လေးဆယ်ကျော်ပြီးမှ ကိုယ့်ကိုယ်ကိုသတိထားမိလာတာ အခါးကြိုက်လာတာပါပဲ၊ ကြက်ဟင်းခါးသီးဆီမပါရေလုံပြုတ်နေ့တိုင်းလိုစားဖြစ်လာပါတယ်၊ ကော်ဖီခါးခါးသောက်လွန်းလို့တစ်လတစ်ခါလောက်သောက်နှုန်းလျော့ရပါတယ်၊ (အရက်သောက်ချင်စိတ် မပေါ်တာကတော့တော်သေးတာပေါ့လေ) ကိုယ့်ကိုယ်ကိုအရွယ်ကျလာပြီလို့သတိပြုမိတာနဲ့အရွယ်တင်အောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုတွေးပါတယ်၊ အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာသုံးပါးကိုရှုမှတ်ယင်း တစ်ဆက်တည်းမှာ နုပျိုချင်စိတ် ကဒိုင်းကနဲကပ်ပါလာပါလေရောပေါ့......မေတ္တာပွားရင်ရုပ်ကြည်တယ်ဆိုတော့

တစ်သက်လုံးမာရေကြောရေစိတ်နဲ့ ရုပ်ကိုနူးညံ့စေဖို့

နိစ္စဒူဝမေတ္တာဘာဝနာအားထုတ်ဖြစ်တာပေါ့၊ ကိုယ့်ကိုထိပါးတယ်ထင်ရင်ဆတ်ကနဲ တုံပြန်တတ်တဲ့ အကျင့်ကိုလည်းနှစ်ပေါင်းများစွာပြုပြင်ဆဲပါ... ဗလွှတ်ရွှတ်တပေါက်တတ်ကရ ရယ်စရာပြောတတ်တဲ့ဝသီလေးကိုလည်းမနည်းဘရိတ်အုပ်ဖို့ကြိုးစားဆဲပါ..................

    " စိတ်ကောင်းရှိဖို့ကပထမ "ဆိုတဲ့မဟာဂန္ဓာရုံဆရာတော်ကြီးရဲ့သြဝါဒ အတိုင်းနေနိင်အောင်ကြိုးစားအားထုတ်ရင်းဘဝမှာဘာပဲကြုံကြုဲအကောင်းမြင်စိတ်နဲ့တွေးတတ်လာတာကတော့ မဂ်လာတစ်ပါးပါပဲ။

                                                      #DKMMK

Comments

Popular posts from this blog