သီတင်းကျွတ်တုန်းက ငယ်သူငယ်ချင်းမလေးကသူ့အိမ်မီးထွန်းတဲ့ပုံလေးတင်လိုက်တာတွေ့ရပါတယ်၊

အဲ့သည်မှာစလွမ်းပါတယ်.....

ငယ်ငယ်ကအငွေ့အသက်တွေခံစားရလို့ပါ။

တောင်ကျောင်းနားကညနေတိုင်းသွားသွားခပ်ရတဲ့ရေကန်ကြီးလည်း..................လွမ်းပါတယ်၊

မနက်မနက် တန်းစီသွားဝယ်ရတဲ့ဒေါ်အောင်ဘုရဲ့ဆီထမင်းလည်း..............လွမ်းပါတယ်၊

စျေးကိုလိုက်သွားရင် စျေးထိပ်မှာတွေ့နေကြ၊

ဝယ်နေကြ ခေါပြင်၊ ရွှေထမင်း၊ မန်းမရွေးမုန့်တွေလည်း...................လွမ်းပါတယ်၊

လေးခွတစ်လက်နဲ့ ကင်းလှည့်တတ်တဲ့ ဘကြီးရဲ့ဓနိတောလည်း............လွမ်းပါတယ်၊ 

သူငယ်ချင်းနဲ့ဖုန်းပြောဖြစ်တော့ မရှိတော့ပြီလို့သိရတဲ့ အခင်ဆုံးကြီးတွေထဲကအပါအဝင် သူငယ်ချင်း တွေကိုလည်း.......လွမ်းပါတယ်၊ 

ကိုယ့်နာမည်နဲ့ Acc စဖွင့်ပြီးတဲ့နောက် ငယ်ငယ်ကချစ်ခင်ခဲ့ရသော၊ ခုချိန်မှာချစ်ခင်နေရသောသူတွေရဲ့ပုံတွေ၊ စာတွေလိုက်ရှာဖတ်ရင်းနဲ့လည်းငယ်ဘဝကို.......လွမ်းပါတယ်၊

အသက်ကြီးလာတဲ့အခါလွမ်းရတာလည်းစိတ်ကိုနုပျိုစေတယ်လို့တောင်ထင်မိပါတယ်။

                                                           #DKMMK

Comments

Popular posts from this blog