မိုးရာသီရောက်ပြီဆိုရင်ကျွန်မတို့ကိုမေမေသန်ချဆေးတိုက်ချိန်ရောက်ပါပြီ။ ဆေးကလုံးလုံးဝိုင်းဝိုင်းချိုချိုရဲရဲကြီးတွေပါ။ အခုခေတ်လိုမဟုတ်ပဲ အသက်ဆယ်နှစ်ဆို

ဆယ်လုံးသောက်ရတာမျိုးပါ။

    ကျွန်မတို့ကိုအဖွားက သန်ချဆေးအဖြစ် နာနတ်သီးနဲ့ပျားရည်လည်းကျွေးပြီးပါပြီ၊ဒါပေမဲ့...ဒါမေမေ့အမိန့်အရပါ။ ကျွန်မ ကိုကိုနဲ့ညီမလေးကတော့ မငြိုမငြင်"တစ်ဂျွမ်းဂျွမ်း"ဝါးပြီးသောက်ကြပါပြီ၊ ပွဲဖျက်သူကကျွန်မပေါ့.."မေမေ့အသက်ဆိုရင်ကော၊မေမေကောမသောက်ရဘူးလား"လို့အထွန့်တက်သူကျွန်မအဆူခံရပေါ့။

     ဆေးတစ်လုံး၊နှစ်လုံးမျိုချပြီးတာနဲ့ကျွန်မအန်ထွက်ကျပါလေရော..၊အဲ့ဒီမှာ မေမေကျွန်မကိုသမဝါယမဆိုင်လိုသန်ချဆေးသောက်ရင် တွဲပေးမယ့် မက်လုံးက

"ပုတ်ကလားသီး"ပါ၊ အဲ့ဒီ ပုတ်ကလားသီးခေါ်တဲ့သရက်သီးမျိုးဟာ တခါတလေမှသာ စားရတာမျိုးပါ။

        ကျွန်မ နဲ့ မေမေ ရဲ့သန်ချဆေးပဋိပက္ခဟာပုတ်ကလားသီးရောင်းသူအမေကြီး နား သို့ရောက်သွားပါတယ်၊

သမီးလေးမွေးမထားတဲ့အမေကြီးကကျွန်မကိုခေါ်ပြီး

ဒီညမေမေတိုက်တဲ့သန်ချဆေးကုန်အောင်သောက်ဖို့  ၊

သူ့ရဲ့အထူးလက်ဆောင်အဖြစ် "သရက်ပြင်"တစ်ထပ်ကြီးပေးလိုက်ပါတယ်။

         လာဘ်လာဘကိုမက်မောပုံရတဲ့ ကျွန်မပါးစပ်လဲအဲ့ဒီညကျမှ ကျွန်မအသက် ဆယ်နှစ်စာ ဆယ်လုံးသောသန်ချဆေးတွေကိုရှောရှောရှုရှု သောက်ပြီးတစ်နာရီခန့်

အကြာမှာ သရက်ပြင်ချိုချိုတွေ.......

အပြတ်စားပြီးသကာလ.........

နောက်နေ့မနက်မှာတော့"ပန်းမမ" ဖြစ်ခဲ့ရကြောင်းပါ။

                                                          #DKMMK

Comments

Popular posts from this blog