ကျွန်မအဖိုးက ရွှေမန်းတင်မောင်ရဲ့"အောင်ပါစေ"အင်မတန်ကြိုက်၊ အဖေက ကိုတင်လှိုင်၊ကိုသန်းလှိုင်

"အမုန်းခွန်အားပေးသနားရန်တောင်းပန်ပါသည်"ဒါမျိုးတွေ အမေကမာမာအေး၊ ချိုပြုံး"ရေလှိုင်းခတ်သံ....သစ်ရွက်ကြွေသံကျေးငှက်မြည်သံ..."စသည်ဖြင့်၊ 

အမကြီးက"တစ်မြို့ဆီခြားပေမယ့်..ငယ်ကချစ်သူ သူ့ကိုသာလေ..."အဲသလို၊ ကျွန်မကလည်း သူတို့အကြိုက်သီချင်းတွေကိုအလွတ်ရသလောက်ရင်းနီးပါတယ်။

       ရော့ခ်သီချင်းတွေနဲ့စသိကျွမ်းခဲ့တာကတော့ မဂ်လာပွဲမှာညဦးပိုင်းဖွင့်တဲ့ အသံချဲ့စက်ဆီကပါ၊ ခါတိုင်းကြားနေကျသီချင်းတွေမဟုတ်မှန်း ကိုသတိပြုမိတာက ကျွန်မအဖွားပါ "မဂ်လာဆောင်မှာရန်ဖြစ်နေကြသလားမသိဘူးလို့လာပြောပါတယ် "ဝတ္ထုဖတ်ရင် တခြားဘာအာရုံမှမရတဲ့ ကျွန်မကလည်းအဖွားပြောမှ နားစွင့်၊ နားထောင်၊ ချက်ချင်းနှစ်သက်၊ မဂ်လာဆောင်ပွဲအကြိုညတွေမှာ ရော့ခ်သီချင်းတွေခဏခဏကြားလာရတော့ အဖိုးကမှတ်ချက်ပြုပါတယ်၊ 'ပုမကြိုက်တဲ့သီချင်းတွေကလည်း ဝါးပိုးဝါးထက်ခြမ်းခွဲသံ...လိုပဲတဲ့' ။

        ခုတော့လည်း....သားသမီးတွေအကြိုက် ဟစ်ဟော့သီချင်းတွေလည်းအတူတူနားထောင်သလို၊ ကျွန်မရဲ့ ရော့ခ်သီချင်းတွေလည်းမရိုးမအီနားထောင်ဖြစ်တုန်း၊ ကြိုက်နေတုန်းပါပဲ။ 

                                                           #DKMMK

Comments

Popular posts from this blog