Posts

Showing posts from September, 2020
 ကျွန်မကလေးတွေကမူလတန်းအရွယ်ကတည်းကနေအရွယ်ရောက်လာတဲ့အထိကျွန်မတို့ခဏခဏသွားနေကျနေရာရှိပါတယ်။ရွှေပြည်သာတံတားအဆင်းနား၊အေးချမ်းသာကျောင်းဝင်းထဲကရေကန်ပါ။ ဟိုးအရင်ကစေတီလေးပါရှိခဲ့ပါတယ်။ရေကန်ထဲကဘေးမဲ့လာလွှတ်ထားတဲ့ငါးတွေကိုအစာသွားကျွေးကြတာပါ။ ကျွန်မအဖေကနှစ်စဥ်သူ့အိမ်ရှေ့မြောင်းကငါးတွေဖမ်းခိုင်းပြီးလည်းအဲ့ဒီရေကန်မှာသွားလွှတ်တာအဖေမဆုံးခင်ထိပါ။ဒီငါးတွေရဲ့ထူးခြားချက်ကသူတို့ကိုပေါင်မုန့်ပဲကျွေးလို့ရတာပါ။အဲ့ဒီမှာငါးတင်မကလိပ်တွေပါရှိကြပါတယ်။လူတွေလာပြီးငါးအစာကျွေးလို့ရမယ့်နေရာလေးမှာတစ်ယောက်ယောက်ရပ်လိုက်တာနဲ့လိပ်တွေကအရင်ပြေးလာကြပါတယ်။          အဲ့ဒီနေ့က တနင်္လာ နေ့မို့ကျွန်မတို့ငါးစာကျွေးဖို့ပေါင်မုန်တွေဖောက်နေတုန်းကလေးတစ်ယောက်အနားရောက်လာပါတယ်။သားကသူပါဝင်ကျွေးလို့ရအောင်ပေါင်မုန့်အထပ်ပေးလိုက်တော့သူကပါးစပ်ထဲထည့်စားပစ်လိုက်ပါတယ်။ကျွန်မတို့သားအမိလည်းတစ်ယောက်ကိုတစ်ယောက်ကြည့်ပြီးဘာပြောရမှန်းမသိဖြစ်သွားကြပါတယ်။ပြီးမှ သားကကျွန်မကိုပြုံးပြပြီးသူ့ပါးစပ်ထဲထည့်စားပြတော့ ကျွန်မလည်းအားကျမခံစားပြလိုက်ပါတယ်။အဲ့ဒီနေ့ကကျွန်မတို့နဲ့ကလေးလေးနဲ့ငါးတွေလိပ်တွေနဲ့အတူတူပေါင်မုန့်စားပွဲတော်ပျော်ပျော်ပါးပါးဆင်နွှဲခဲ့ကြပါတယ်။        
 'ကိုဗစ်နဲ့တိုက်ခိုက်ခြင်း' ကြိုးဝိုင်းထဲဝင်လာတယ်၊ တိုက်ခိုက်တယ်...ခုခံတယ်...၊ ဖရိုဖရဲနဲ့စနစ်တကျညီမျှသွားပြီးနောက်...၊ မင်းနောက်ကောက်ကျသွားတယ်...၊ ဒါအထင်ပဲ... ဒုတိယအချီပြန်ဝင်လာတယ်...၊ ဖြန့်ကြက်တယ်...မြန်ဆန်တယ်...၊ အလစ်အငိုက်မှာတိုက်ခိုက်ခံလိုက်ရသလိုပ...၊ ဒါ..ခဏပါပဲ နည်းလမ်းရှာတယ်...ပျော့ကွက်တွေ့တယ်...၊ ၆ပေေကွာ၊ပိုလက်ဆေး၊Maskသာမက၊face shieldပါတပ်...၊ မင်း......ထွက်ခတ်ခတ်နေတာသိပြီးသား....။                                                         #DKMMK
Image
 ကျွန်မအတိတ်မှာသူခိုးဖြစ်ချင်သော်လည်းဖြစ်ခွင့်မရတာကြုံခဲ့ဖူးပါတယ်။ အရွယ်ရောက်စကျွန်မရဲ့တန်ဆောင်မုန်းလကျောင်းပိတ်ရက်အလည်ပြန်ခရီးမှာစိတ်ချင်းတူခင်မင်သူတစ်ချို့နဲ့တိုင်ပင်ဖြစ်ကြတာကသူခိုးကြီးညဆင်နွှဲရန်ပါ။ဒါမျိုးဆိုနှစ်ခါပြန်တွေးစရာမလိုတဲ့သူတွေ့မို့ကျွန်မတို့အစည်းအဝေးမှာကန့်ကွက်သူမရှိသူခိုးဖြစ်ကြဖို့လက်ဝါးခြင်းရိုက်လိုက်ကြပါတယ်။ခိုးမယ့်နေရာကိုတော့ကိုယ့်အိမ်အသီးသီးကိုပဲရွေးချယ်ကြပါတယ်။တောင်းတာနဲ့ခိုးတာရဲ့ကြားကာကွာခြားချက်အရသာကိုအားလုံးဆာလောင်နေခဲ့ကြတာပေါ့။ အစီအစဉ် အရမိမိအိမ်တွေရဲ့နောက်ဖေးတံခါးချက်များကိုညဦးပိုင်းကဖြုတ်ထားခဲ့ပြီးညသန်းခေါင်မှာအုပ်စုဖွဲ့ဝင်ခိုးရန်၊ကျွန်မတို့အိမ်နောက်ဘက်အုန်းပင်ကအုန်းသီးနုနုများလည်းခိုးခူးရန်ဟင်းတွေကတော့ချက်မစားဘဲချက်ပြီးသားဟင်းတွေကိုခိုးရန် နိဂုံးမှာပျော်ရွှင်စွာစားသောက်ပြီးသူခိုးဘွဲ့ခံယူရန်တို့ဖြစ်ပါတယ်။အဒီအကြံဟာကျွန်မမေမေ(မေမေ့အမ)နားထဲရောက်သွားပါတယ်။ အဒိန္ဒာဒါနကံဟာအပ်တစ်ချောင်းခိုးတာနဲ့လည်းမြောက်တယ်လို့ယူဆထားတဲ့သူက သူ့ရဲ့မနိင်စိန်မကျွန်မကိုဘာတစ်ခွန်းမှကြိုမပြောဘဲ ညဦးကတည်းကခိုးမယ်အိမ်တွေကိုတိတ်တိတ်အသိပေးပြီး အုန်းသီးနုနုခူးပြီးသား၊ ထမင်းဟင်းပူပူနွေးနွေးချက်
 Home Stay ကာလရဲ့ နေ့လည်ခင်းလက်ဖက်သုပ်ကလေး ဒီနေ့သင့်တော်မယ်ထင်လို့သူနဲ့တွဲစားဖို့သဘော်ပင်ရွက်နုကလေးသွားကြည့်မိပါတယ်။ ကျွန်မမှာသဘော်ပင်ဇာတ်လမ်းတစ်ပုဒ်ရှိခဲ့ပါတယ်၊ သဘော်သီးကတော့ပြောစရာမလို၊ဖိုးသာလူပျိုလို့ဆိုရတဲ့အတိုင်းအားလုံးကြိုက်ကြပါတယ်။     ဒီဇာတ်လမ်းမှာတော့သူကဇာတ်လိုက်ပါ။ ၂၀၀၂ဝန်းကျင်ကာလပါကျွန်မတို့အိမ်ကိုပြန်ဆောက်တဲ့အခါခြံစည်းရိုးထဲမှာသူ့ဟာသူပေါက်နေပေမဲ့ထွားကျိူင်းကြွားဝင့်စွာအပြွတ်လိုက်သီးပြတဲ့သဘော်ပင်ဟာကျွန်မအတွက်တော့ဂုဏ်ယူစရာဖြစ်ခဲ့ပါတယ်။တချို့တွေအတွက်တော့ဒါဟာ အိမ်ထောင်ဦးစီး ယောကျာ်းအိမ်မကပ်ပဲဖြစ်တတ်လို့ခုတ်ပစ်ဖို့အကြံပြုစရာဖြစ်ခဲ့ပါတယ်။ ကျွန်မကလက်မခံပေမယ့် လက်ခံသူကျွန်မရဲ့အိမ်ထောင်ဦးစီးကဒီသဘော်ပင်မခုတ်မချင်းကျွန်မကိုတကျည်ကျည်ပြောနေခဲ့တော့ကျွန်မရဲ့ဂုဏ်ယူဖွယ် ရာ သီးပွင့်ဝေဆာနေတဲ့အားကောင်းမောင်းသန်သဘော်ပင်ကြီးကိုကျွန်မရဲ့အလုပ်သမားတွေခေါ်ပြီးခုတ်ခိုင်းလိုက်ပါတော့တယ်။သဘော်သီးတွေကအများကြီးမို့လာတောင်းကြတဲ့သွေးထိုးလှုံံ့ဆော်သူတွေကိုတစ်လုံးမှမပေးဘဲအလုပ်သမားတွေလက်ထဲသို့ပဲဝကွက်အပ်လိုက်ပါတော့တယ်။        ဒါပေမယ့် သဘော်ပင်ကြီးလည်းခုတ်ပြီးမှကျွန်မအိမ်ထောင်ဦးစီးရဲ့ကမ်းမကပ်အိမ်မကပ်တဲ့ဇာတ်လမ
 သမုဒယကြောင့်ဒုက္ခဖြစ်တာ၊ဒုက္ခကိုမဂ္ဂင်ရှစ်ပါးနဲ့ငြိမ်းဖို့ကြိုးစားမှနိရောဓသစ္စာရရှိနိင်မှာကိုဓမ္မစကြာတရားတော်လာအရကျွန်မတို့သိရှိထားကြပါတယ်။      ကဗျာဆန်ဆန်ပြောရရင်သမုဒယအနှောင်အဖွဲ့သံယောဇဉ်ကြိုးတွေကြောင့်ပဲသံသရာမှာပျော်ပျော်ကြီးလည်ကြရင်းကြိုးတုပ်ခံရသူအချင်းချင်းတောင်တစ်ခါတစ်ခါမရိုင်းပင်းနိင်ဖြစ်ကြရတာပါ၊ဒီကြိုးတွေကိုဖြည်မရတာကလည်းမဖြည်ရက်ကြတာလို့ပြောရင်လွန်မယ်မထင်ပါဘူး။       ကြိုးတကာ့ကြိုးထဲမှာမှသူများတကာလာချည်တဲ့ကြိုးထက်ကိုယ့်ဘာသာချည်ထားမိတဲ့ကြိုးကပိုပြီးအဖြည်ရခက်တယ်ထင်မိပါတယ်။        ဒီနေ့ဓမ္မစကြာရွတ်အပြီးတွေးမိတာလေးပါ။ကျွန်မရဲ့ငယ်သူငယ်ချင်းကြီးများလည်းချည်သင့်တဲ့ကြိုးဖြည်သင့်တဲ့ကြိုးကဘာလဲလို့မြင်နိင်အောင်တရားဘာဝနာများကောင်းစွာအားထုတ်နိင်ကြပါစေ။                                                            #DKMMK
 ကျွန်မကအစားပုပ်တစ်ယောက်ပါ။ခုခေတ်အခေါ်တော့ အစားတစ်လိုင်းပေါ့။အချိုအဆိမ့်အအီစာကိုအင်မတန်ကြိုက်ပါတယ်။         ရန်ကုန်ရောက်စနှစ်များကဒံပေါက်နှစ်ပွဲစားပြီးအစာပိတ်ဒိန်ချဥ်နှစ်ခွက်သောက်ပါတယ်။ ။အသက်အရွယ်ရလာပြီးမှဆင်ခြင်ဖို့ကြိုးစားရတာပါ။ ဒါတောင်တစ်ခါတစ်ခါများငါငယ်ငယ်ကလိုအစားများများမစားနိုင်တော့ဘူးလို့သားသမီးတွေရှေ့ခဏခဏပြောလို့သူတို့ကော၊ညီမငယ်ကကောအပြင်ကပြန်လာရင်အချိုဆိမ့်အီစာတွေယ်၀ယ်၀ယ်လာသမျှညာတာပါတေးနဲ့ကျွန်မဖို့ချည်းပါပဲအငယ်ဆုံးသားလေးကတောင်ကျွန်မကိုပ,စားပေးရပါတယ်။            ငယ်ငယ်ကချစ်လိုက်၊မတည့်လိုက်နဲ့တတွဲတွဲသူငယ်ချင်းမလေးရှိပါတယ်။သူကတော့အချောတစ်လိုင်းပေါ့။သူ့ကုသိုလ်ကံကောင်းချက်ကတော့သူ့မှာလှလည်းလှ၊တော်လည်းတော်သဘောလည်းအလွန်ကောင်းတဲ့အစ်မများရှိလို့ပါ။အစ်မတွေအားလုံးကကျွန်မကိုချစ်ကြပါတယ်။နေ့တိုင်းလိုလို သူတို့အိမ်ရောက်ဖြစ်ပြီးတစ်မျိုးမျိုးကျွေးတိုင်းလည်းယောင်လို့တောင်မငြင်းခဲ့ပါ။               တစ်နေ့သောညနေခင်းချိန်သူတို့အိမ်မှာအုန်းနို့ဆန်ပြုတ်ကျွေးပါတယ်။ကျွန်မအကြိုက်ချိုဆိမ့်အီစာကိုအဲဒီညနေကသူတို့အိမ်ကိုငါးခေါက်လောက်သွားပြီးအစ်မတွေကအတင်းခေါ်လို့စားရတဲ့ပုံမျိုးနဲ့ဘယ်နှစ်ခွက်မှန်းမမှတ်မိအောင်စ
 ကျွန်မတို့ခြံစည်းရိုးမှာမေမေလာစိုက်ပေးခဲ့တဲ့ငွေပန်းပင်တွေကခုရက်ပိုင်းနေ့တိုင်းပွင့်ပါတယ်။ နေ့တိုင်းခူး၊ဘုရားကပ်ရပါတယ်။ ဒီနေ့တော့ပန်းခူရင်းနဲ့ငယ်ငယ်ကဒန်းပန်းခူးတဲ့ဆီပြန်ရောက်သွားမိပါတယ်။ ငယ်ငယ်ကကျောင်းကပြန်လာရင်ခြံထဲကဒန်းပန်းတွေခူးပြီး၊ဘုန်းတော်ကြီးကျောင်းမှာသွားလှူပါတယ်။ ဒါနတစ်ဝက်၊လာဘ်လာဘရလိုမှုကတစ်ဝက်ပါ။ ဒန်းပန်းလှူတိုင်းဘုန်းကြီးကပင်မှည့်သီးတွေပေးလို့ပါ။ ဘုန်းကြီးကျောင်းဝန်းထဲမှာပဲရှိတဲ့ဒီပင်မှည့်သီးတွေမှည့်ချိန်နဲ့ဒန်းပန်းပွင့်ချိန်ဟာကွက်တိပါ။ ခြံထဲကဒန်းပန်းပွင့်တွေကုန်ရင်ကျောင်းအပြန်ပန်းပွင့်နေတဲ့အိမ်တွေကဒန်းပန်းတွေတောင်းခူးပါတယ်။ မိဘမျက်နှာနဲ့မို့ခူးခွင့်ရပါတယ်။ ကျွန်မကဒီနေရာမှာ တစ်ကိုယ်ကောင်းသမားတော့ဟုတ်ပုံမရပါဘူး။ခင်တဲ့သူငယ်ချင်းနှစ်ယောက်လောက်ကိုပါခေါ်ပြီးကျွန်မကပင်မှည့်သီးဝေစုရစေပါတယ်။ သူတို့နှစ်ယောက်က ပင်မှည့်သီးမကြိုက်တာကတော့ကျွန်မကုသိုလ်ပေါ့။ ဘုန်းတော်ကြီးကကျွန်မအကြံအစည်ကိုကောင်းစွာသိပုံရပါတယ်။ သူကျောင်းမှာမရှိတဲ့ရက်များဆိုလည်း ကျွန်မတို့လာရင်ပေဖို့ပင်မှည့်သီးတွေချန်ထားမှာထားခဲ့ပါတယ်။ အခုတော့ကျွန်မနေ့တိုင်းငွေပန်းပွင့်တွေဘုရားကပ်ပြီးလောဘတစ်ဝက်၊ဒါနတစ်ဝက်နဲ့ကလေးငယ်တစ်ယောက်ကို
 ကျွန်မဟာကမ်းရိုးတန်းဒေသသူမို့လားမသိ၊ သဘာဝရှုခင်းမှန်သမျှကိုနှစ်သက်ပါတယ်၊ လမ်းလျှောက်ပြီးသွားရတဲ့ခရီးတိုခရီးရှည်တိုင်း ပင်ပန်းပေမယ့်..သဘာဝလေရှုူရတာ၊ ရှုခင်းနဲ့တိုက်ရိုက်ထိတွေ့ရတာနဲ့တင်ပျော်တတ်ပါတယ်၊ ကားကြမ်းကြီးစီးစီး၊စက်လှေနဲ့သွားသွား၊သဘော်ပဲစီးစီး လှေငယ်နဲ့ပဲလှော်လှော်၊ကျွန်မတို့ကမ်းရိုးတန်းဒေသရှုခင်းတွေကိုအလွတ်ရနေတာတောင်မရိုးအီခဲ့ပါဘူး။       မကြာခင်ကမှပြန်တွေ့ရတဲ့ငယ်သူငယ်ချင်းတစ်ဦးက သူတာဝန်ထမ်းဆောင်စဥ်ကပုံလေးတွေပို့လိုက်ပါတယ်၊ အစစအရာရာ ခက်ခဲလှတယ်လို့ ဆိုပေမယ့်။ ဒီလိုရှုခင်းလှပပုံကိုလည်းမြင်တတ်၊ မညည်းမညူနိင်ငံ့တာဝန်ထမ်းဆောင်နိင်ခဲ့တာတွေကိုလေးစားမိပါတယ်။         အဆွေ၊အမျိုး၊သူငယ်ချင်းအားလုံးလည်းစိတ်ကျန်းမာရေး၊ကိုယ်ကျန်းမာရေးကိုဂရုစိုက်ကြပါ။ ပုံလေးတွေကိုမျှဝေပေးလိုက်ပါတယ်။ (ဓာတ်ပုံမူရင်းပိုင်ရှင်ကို#Credit ပေးပါတယ်)                                                              #DKMMK
 'ချစ်ခြင်းမုန်းခြင်းပညတ်များ' ချစ်ခွင့်ရှိပါတယ်၊မုန်းခွင့်ရှိပါတယ်။ မုန်းတဲ့လူရဲ့အားသာချက်လေးတွေနဲ့ ချစ်တဲ့သူရဲ့အားနည်းချက်လေးတွေကို မြင်အောင်ကြည့်နိုင်စွမ်းရှိတဲ့အခါ ချစ်ခြင်းမုန်းခြင်းကစကားလုံးတစ်ခုမျှသာ။                                                     #DKMMK
 2013မှာကျွန်မရဲ့သွေး၊ချွေးမျက်ရည်တွေပါဝင်တဲ့ကျွန်မတို့အိမ်ကိုရောင်းထွက်ခဲ့ပါတယ်။ သူများတွေမပေးချင်တဲ့စျေးနဲ့ဝယ်သွားသူကမောင်နှမနှစ်ယောက်ပါ။ ငွေချေတဲ့နေ့ကကျွန်မတို့နဲ့စကားစမြည်ပြောဖြစ်ကြတဲ့အထဲမှာ"ယောနသန်ဇင်ရော်"ပါပါတယ်။ ကျွန်မလည်း "ယောနသန်ဇင်ရော်"ကိုကြိုက်ပါတယ်။ ဒါပေမဲ့ အိမ်ဝယ်သူဦးလေးကြီးကတော့ သူ့ဘဝရဲ့ကိုင်စွဲတဲ့လက်နက်အဖြစ်အသုံးပြုခဲ့ပုံပါ။ တစ်ကြောင်းချင်းအလွတ်ရွတ်ပြပြီးအဓိပ္ပာယ်ကိုသူနားလည်သလိုရှင်းပြတာနားထောင်ရင်းကျွန်မရှက်မိပါတယ်။ ဒီတစ်အုပ်ထဲကိုခရေစေ့တွင်းကျစွဲမြဲတတ်တဲ့စာမှတ်သူ ဦးလေးကြီးရှေ့မှာသူ့လိုကျွန်မကိုးကွယ်တဲ့စာအုပ်မရှိကြောင်းဝန်ခံခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းကျွန်မလည်းစာကောင်းပေကောင်းများဖတ်ရရင်ထပ်ခါတစ်လဲလဲဖတ်တဲ့အကျင့်ကိုမပျက်မကွက်လုပ်ဆောင်ဖို့ကြိုးစားဖြစ်ပါတယ်။ ကြိုက်တဲ့သီချင်းဆို ထပ်ခါတလဲလဲနားထောင်တတ်ပေမဲ့ကြိုက်တဲ့စာကိုထပ်ခါတလဲလဲဖတ်သင့်မှန်းဒီအရွယ်မှာမှ နားလည်ခဲ့တာအမှတ်တရပါပဲ။                                                             #DKMMK
 ပျံပါ~ ပျံစမ်း အဝေးကြီးကို ပျံ အမြင့်ဆုံးကို ပျံ အမြန်ဆုံးသာ ပျံ တစ်ကောင်တည်းလဲ ပျံ ဘာ့ကြောင့်ဆိုတော့~ မင်းဟာ ယောနသံ • ယောနသ ယောနသံ ပျံသန်းခြင်းအတတ်ပေါင်းစုံအတွက် ငါ့အသိုက်အမြုံနဲ့ ရင်းနှီးခဲ့တယ် ရဲ့ရင့်ခြင်းရဲ့ မမြင်နိုင်တဲ့စွမ်းအားတွေအပြင် ပျံရင်းသေမဲ့နေ့သစ်တွေရှိမယ် ကိုးကွယ်ဆည်းကပ်မှု့နည်းနာမှာ ငါဟာ အတောင်ပံတစ်စုံပဲပိုင်တယ် လေဟာနယ်ထဲမှာတောငါ့အတွက် ထွက်ပေါက်တွေ ပိတ်မထားဘူး အားအင်အသစ်တွေ တနံတလျားရွေ့လျှားပြီး လိုချင်တာကိုရသလောက်ရှာကြည့်တယ် ရေထဲကငါးတွေ အလုအယက်စားသောက်ကြရုံနဲ့ ငါ့ကိုယ်ငါ ဇင်ယော်အမျိုးလို့ ပြောမထွက်ဘူး ကောင်းကင်ကြီးရဲ့ ဟိုးအစွန်းထိ ဇင်ယော်အမျိုးတွေ မပျံလိုက်ရမှာကိုငါစိုးတယ် နိမ့်တစ်ခါ မြင့်တစ်လှည့် လေအဝေ့မှာ အတောင်တွေ ညောင်းလာရင် ခဏနားတယ် အားစိုက်လို့ လေထုကိုထိုးခွဲထွက် ဒီလက်မတင်လေး ပြိုးပြိုးပျက်ပျက် ဇင်ယော်ငှက်တစ်ကောင် ယောနသံ လို့အမည်တွင်ခဲ့တယ်။ ။   Zaw Zaw (မန္တလေးစာကြည့်တိုက်) #ယောနသံဇင်ယော် ~~~~~~~~~~~ . ကမ္ဘာ့ဘာသာပေါင်းများစွာသို့့အကြိမ်ကြိမ် ဘာသာပြန်ဆိုခဲ့ရသည့် စာအုပ်ဖြစ်တဲ့ Jonathan Livingston Seagull ဆိုတဲ့စာအုပ်ကို ဆရာကြီး ဦးဘသန်း( ဓမ္မိက) က မြန်မာပြန်ဆိုထားခြ
 လိမ်လိမ်မာမာ၊အိမ်မှာနေပါဆိုတဲ့ stay at home ကာလမှာ 2013တုန်းကအောင်သော်တာသီလရှင်စာသင်တိုက်မှာ သာသနာ့ဘောင်ထဲခဏခိုလှုံခဲ့ဖူးတာလေးအမျိုးတွေ၊အဆွေတွေကိုမြင်စေချင်လို့ပါ
 တစ်နေ့ကျွန်မတို့အမျိုးထဲကတစ်ယောက်အိမ်မှာ အလှူလုပ်ပါတယ်ဘာအတွက်ရည်စူးလှူမှန်းမမှတ်မိပေမဲ့အလှူမှာမုန့်တီကျွေးတဲ့အကြောင်းလေးပါ။ အမျိုးတွေကပန်းထိမ်လုပ်ငန်းလုပ်ကြတာပါ။ အဲ့ဒီနေ့…မနက်မိုးလင်းကတည်းက ကျွန်မအမကဘာမှမစားထားဖို့သတိပေးထားတာမို့ဆာလောင်ခြင်းအပြည့်နဲ့အလှူအိမ်ကိုချီတက်သွားကြတာပါ။ လူတွေအပြည့်ပါ။ ဘယ်သူမှဝတ်ကောင်းစားလှမဝတ်လာကြပါဘူး။ ဗိုက်ဟောင်းလောင်းကိုယ်စီနဲ့ရောက်လာကြပုံပါ။ ကျွန်မအမကမုန့်တီTeamအဖွဲ့ဝင်ပါ။မုန့်တီFanပေါ့။ ဂိုဏ်းတူသုံးယောက်နဲ့ကျွန်မတို့နှစ်ယောက်ဝိုင်းကို မုန့်ဖတ်တောင်းကြီးလာချပါတယ်။ အလှူရှင်တွေကဟင်းရည်အိုးတွေမီးထိုးပေးလိုက်၊ မုန့်ဖတ်တွေသယ်လိုက်၊ဝိုင်းတွေနားလာကြည့်လိုက်နဲ့ ပီတိဖြာလို့……။ ကျွန်မတို့ငါးဦးစားတာမုန့်ဖတ်တောင်းတစ်ဝက်ကျိုး၊ ဟင်းရည်အိုးလည်းတစ်ဝက်ကျိုးပါတယ်။ အလှူရှင်သမီးလေးနဲ့သားလေးကလည်းခေါင်းမဖော်တန်းစားကြတာတွေ့ရပါတယ်။ အဲ့ဒီနေ့ကကျွန်မလည်းကြက်သွန်ဖြူမီးဖုတ်ငါးခုလောက်စားယူရတဲ့အထိပါ။(ကြက်သွန်ဖြူမီးဖုတ်ကအစာကြေဆေးပေါ့) အခုချိန်မှာ…တိို့တို့တိတိသွားစားပြီး၊ဝတ်ကောင်းစားလှနဲ့ပြုံးပြုံးလေးလှလှလေးနှုတ်ဆက်ရတဲ့အလှူတွေကပြန်လာတိုင်းအဲ့ဒီတုန်းကမုန့်တီအလှူကိုပဲပြေးပြေးမြင်ယောင်မိပါ
 ကျွန်မတို့ဇာတိမြေမှာကြံနီတွေကလှေတွေနဲ့လာရောင်းတဲ့သူရှိမှစားရတယ်ထင်ပါတယ်။ တခါသား…သူများတွေ ကြံဝယ်စားကြတာမြင်တော့ ကျွန်မတို့ကအဖွားကိုဝယ် ကျွေး ဖို့ပူဆာကြပါတယ်။ အဖွားကကျွန်မတို့ကိုလှေဆိပ်နားကကြံလှေတွေဆီခေါ်သွားပါတယ်၊ကြံတစ်စည်း(ကြံတစ်လိုင်း)ဝယ်ပြီးမောင်နမတွေနဲ့အတူထမ်းပြီးပြန်လာကြပါတယ်။ အိမ်ရောက်တော့ကြံတွေကိုပိုင်းဆစ်ပြီးအရင်းအဖျားအပိုင်းတွေကိုဗန်းထဲထည့်၊အိမ်ရှေ့မှာထိုင်ရောင်းစေပါတယ်၊သူများ တွေထက်စျေးချိုအောင်ရောင်းခိုင်းပါတယ်။ ကြံရောင်းရမှကြံစားရမှာမို့ကျွန်မကအိမ်ရှေ့ကဖြတ်သွားဖြတ်လာမှန်သမျှကိုအော်ခေါ်ပြီးကြံဝယ်ခိုင်းပါတယ်။ ကျွန်မတို့ပရိုမိုးရှင်း(promotion) အောင်မြင်ပါတယ်။ ကြံလည်းအကောင်းဆုံးအပိုင်းတွေအဝစားရတယ်။ ငွေလည်းရတယ်၊အဖွားကိုတော့အတိုးပေးရပါတယ်။ သူကငွေစိုက်ထုတ်ပေးသူကိုး…။                                                                    #DKMMK
 👉👉👉 👉90၀န်းကျင်ကာလက ဇာတိမြေမှာမုန်တိုင်း၀င်ခဲ့ပါတယ်။မုန်တိုင်း၀င်နေတဲ့အချိန်မှာမှ မုန်တိုင်းညဘက်၀င်မယ်လို့ ရေဒီယိုကကြေငြာပါတယ်။လူတွေ အုတ်အော်သောင်းတင်း ဖြစ်ကုန်ပါတယ်။ကျမအဖွားကို ဒီရေလွတ်တဲ့နေရာကိုရွှေ့ဖို့အတန်တန်ပြောခဲ့ရပါတယ်။                   98မှာဇာတိမြေ မီးလောင်ပြန်ပါတယ်။သူများတွေပစ္စည်း၊လူရရာရွှေ့နေကြချိန်မှာ အဖွားကိုလည်းအိမ်ကနေ ရွှေ့ဖို့လာခေါ်ကြပေမယ့် ချက်ချင်းမလိုက်ခဲ့ပါဘူး။ဒီကိစ္စနှစ်ခုစလုံးမှာ သူ့ရဲ့အတွေ့အကြုံအရ ဒါမဖြစ်နိုင်ဘူး.......... အာ့လောက်လုပ်စရာမလိုအပ်ဘူး........လို့ယူဆခဲ့လို့ပါ။                  ကျွန်မတို့ဆီမှာခု..........ကိုဗစ်လူနာတွေများလာသံကြားတာနဲ့အမျှ ကျွန်မအဖွားလိုလူကြီးတွေများ ခုနေရှိကြသေးလားလို့ တွေးပြီးစိတ်ပူမိပါတယ်။                  ဆွေမျိုးတွေကို၊သူငယ်ချင်းတွေကို လှမ်းမေးတော့ အရာရာကို စနစ်တကျနဲ့ တုံ့ပြန်လုပ်ဆောင်နေကြတာကို ကြားရတော့.........ဂုဏ်ယူမိပါတယ်။                  ကိုယ်ထိလက်ရောက် ဘာမှမလုပ်ပေးနိုင်ပေမယ့် လုပ်ကိုင်ပေးနေကြတဲ့ လူတွေရဲ့မြင့်မြတ်သော လုပ်ဆောင်မှုမှန်သမျှကို ကြည်ညိုလေးစားတဲ့စိတ်နဲ့ ဦးညွတ်မိပါတယ်။                                        
 …ကိုဗစ်စဖြစ်ပြီဆိုတာနဲ့… ကျွန်မအဖွားကိုသတိရမိပါတယ် ကျွန်မတို့ငယ်ငယ်ကလည်းဘာမှန်းမမှတ်မိတဲ့အကျပ်အတည်းကာလတွေကိုလူထုရင်ဆိုင်ခဲ့ရပါတယ် အဲ့ဒီလိုအခါတိုင်းအဖွားကထမင်းခြောက်နေပူလှန်း၊ပြန်လှော်၊ဆုံနဲ့ထောင်းအမှုန့်လုပ်ပြီးသကာထန်းလျက်ညောင်စေးကျကျနဲ့နယ်ဆုပ်ပြီးကျွန်တို့ကို၁၁ဆုပ်ဆီစားခိုင်းပါတယ်။ မုန့်လုံးရေပေါ်၁၁လုံးစီဆွမ်းကပ်၊စွန့်ပြီးစားခိုင်းပါတယ်။ မနက်၊ညဘုရားပိုရှိခိုး၊ပိုတရားထိုင်ခိုင်းပါတယ်။ ခု…ကျွန်မလည်းမိသားစုဝင်တွေနဲ့မုန့်လုံးရေပေါ်၁၁လုံးစီဘုရားကပ်၊စွန့်ပြီးစားကြပါတယ်။ ပရိတ်၊ ပဠာန်းတွေရွတ်ဖတ်ပူဇော်ကြပါတယ်။ ခါတိုင်းထက်ပိုပြီးတရားလည်းထိုင်ဖြစ်ပါတယ်။ ကိုးကွယ်မှု၊ယုံကြည်မှုဟာ အခုလိုအချိန်အခါမျိုးမှာ စိတ်လုံခြုံ မှုကိုအလွန်ပေးနိင်စွမ်းပါတယ်။                                                             #DKMMK
 အသည်းကွဲVersion တစ်စုံတစ်ယောက်ကချန်ထားခဲ့ရင်  "အသည်းကွဲ"တယ်လို့ ကျန်နေရစ်သူကတင်စားတယ် Versionနည်းနည်းမြှင့်ရရင် ဒါအသည်းကွဲတာမဟုတ်ဘူး ကိုယ့်အသည်းကို အစားထိုးတောင်လှူရသေးတာပဲ ဒီအတိုင်းလေးပဲ သူ့ရဲ့တစ်ခြားတစ်ယေက်ကိုလှူပေးလိုက်တယ်လို့ ပီတိဖြစ်နိုင်တဲ့အခါ.................. ကုသိုလ်တွေတောင်အများကြီးရနိုင်ပါသေးတယ်          ခင်မင်ရသောမောင်လေးနှင့်ညီမလေးအမှတ်တရ                                                      #DKMMK
 ခင်မင်ရတဲ့ဦးလေးကြီးတစ်ယောက်ကမေတ္တာရပ်ခံခဲ့ဖူးတယ်။ သူ့မိန်းမကရောဂါတွေအကြောင်းပြောသံကြားတိုင်း သူ့မှာဒီရောဂါလက္ခဏာတွေဖြစ်လာတယ်လို့ထင်မြင်တတ်တဲ့အတွက်……မပြောကြပါနဲ့တဲ့။ အဲ့ဒီတုန်းကတော့- ဦးလေးကြီးကအချစ်သည်း၊ အန်တီ ကြီးကအဖြစ်သည်းပါ့ဆိုပြီး ကြိတ်ရယ်ခဲ့ဖူးပါတယ်။ ခုဝဋ်လည် ပြီပေါ့ မိုးလင်းလို့မျက်လုံးဖွင့်တာနဲ့အနံ့ပဲပျောက်သွားသလိုလို အရသာပဲမသိတော့သလိုလို၊ ကိုယ်ပဲပူချင်နေသလိုလို........လိုလိုများစွာနဲ့ ရဲရင့်အောင်သီချင်းထဲကလို"ငါ့မှာထလို့မရထိုင်လို့မရ ဘယ်သူ့ကိုမှလည်းတိုင်လို့မရ"ဖြစ်ပါပြီကော (Covid-19)ရေ……                                                    #DKMMK
 ပိုးဝါဆောင်နေ့စွဲများ -ပိုးဝါဆောင်သူဘဝမှာမနက်စာစားရတာကြိုက်တယ်၊  ဟင်းပေါင်းစုံစားရလို့_ -ပိတ်ရက်မှာနာရီစင်နားလမ်းသလားရတာကြိုက်တယ်၊  ထမင်းဆိုင်တိုင်းကစားးလို့ကောင်းလို့_ -ပွိုင့်မှာလေညင်းခံသွားရတာကြိုက်တယ်၊  "တိမ်လွှာမို့မို့လွင်"ထဲရောက်သွားသလိုခံစားရလို့_ -အင်းပေါက်ဝမှာနေ့လည်စာစားရတာကြိုက်တယ်၊  ချစ်ရတဲ့မမကြီးကျွေးတာမို့လို့_ -မေယုစျေးမှာအိမ်မပြန်ခင်သွားမွှေရတာကြိုက်တယ်၊  မင်းသမီး တွေတောင်လာဝယ်တယ်ဆိုလို့_ -တူးစတားကလဖက်ရည်ကိုကြိုက်တယ်၊  စာ၊ကဗျာအဖွဲ့တွေနဲ့လေပေးရလို့_ -ပိုးဝါကသူငယ်ချင်းအားလုံးကိုကြိုက်တယ်၊  ကိုယ်စင်ပေါ်တက်ဟဲတော့အကုန်လုံးဝိုင်းဆင်ပေးကြလိို့။                                                            #DKMMK
 အချိန်ကညဦးပိုင်းပါ… အဆောင်သူတွေဘုရားရှိခိုးပြီးလို့အခန်းပြန်ပြီး နှစ်နာရီခန့်အကြာမှာဒီကိစ္စဖြစ်ခဲ့တာပါ ဗေဒင်လက္ခဏာမတောက်တခေါက်ကျွန်မဆီမှာ အဲ့ဒီနေ့ညကအဆောင်သူတွေတန်းစီအုံပြီး ဗေဒင်လက္ခဏာလာကြည့်ပြီးနောက်မှာပေါ့… စားပွဲပေါ်တင်ထားတဲ့ကျွန်မနာရီပျောက်သွားခဲ့ပါတယ် (ကြွားရရင်တော့နာရီထဲကစိန်တွေကတန်ဖိုးကြီးပြီးညနေကမှလာပေးသွားတဲ့ချစ်သူ့လက်ဆောင်ပါ) နာရီပျောက်ရှာပုံတော်မှာတစ်ဆောင်လုံးမအိပ်ကြရပါဘူး- စုံထောက်ကျော်မမကြီးများရဲ့ရှာဖွေမှု၊ အဆောင်မှုးချစ်အပျိုကြီးဆရာမရဲ့ညွှန်ကြားမူနဲ့ တစ်ညလုံးရှာမတွေ့ ခဲ့ပါဘူး မနက်အိပ်ရာနိးကြတော့မှ အဆောင်ကပ်ရက် ပန်းပင်လေးတွေကြားမှာ ကျွန်မရဲ့ချစ်သူ့လက်ဆောင်လေး……                                                          #DKMMK
 ကိုယ်နဲ့အချိန်အကြာကြီးလက်တွဲခဲ့တဲ့ကိုယ်ယုံကြည်ရသူတစ်ယောက်ကသစ္စာဖောက်တာခံရတဲ့အခါ…… နာစရာကိုလွမ်းစရာနဲ့ဖုံးပြီးဖြေသိမ့်နေနိင်ရင်… …ဘဝမှာအကျိုးရှိပါတယ်။                                                               #DKMMK
 "(Covid-19) သို့အိတ်ဖွင့်ပေးစာ” အဝေးမှာသူလှုပ်ရှားနေတုန်းက အော်…သူပေါ်လာနေပါလား သူများတွေရင်ဆိုင်ကြရတာကိုသနားခဲ့ပါရဲ့ ကိုယ့်အနားသူ့ခြေသံကြားလာရတော့မှ Mask တပ်၊ လက်ဆေး အိမ်မှာနေလည်း စိတ်မအေး အပြင်ထွက်လည်းစိတ်မအေး ကိုယ့်အတွက်တွေးကြောက်၊သူများအတွက်တွေးပူ… (Covid-19)ရယ်… နင်တစ်ကောင်တည်းနဲ့ပွဲဆူလိုက်တာဟယ်။                                                 #DKMMK
 အသည်းကွဲVersion တစ်စုံတစ်ယောက်ကချန်ထားခဲ့ရင်  "အသည်းကွဲ"တယ်လို့ ကျန်နေရစ်သူကတင်စားတယ် Versionနည်းနည်းမြှင့်ရရင် ဒါအသည်းကွဲတာမဟုတ်ဘူး ကိုယ့်အသည်းကို အစားထိုးတောင်လှူရသေးတာပဲ ဒီအတိုင်းလေးပဲ သူ့ရဲ့တစ်ခြားတစ်ယေက်ကိုလှူပေးလိုက်တယ်လို့ ပီတိဖြစ်နိုင်တဲ့အခါ.................. ကုသိုလ်တွေတောင်အများကြီးရနိုင်ပါသေးတယ်          ခင်မင်ရသောမောင်လေးနှင့်ညီမလေးအမှတ်တရ                                                      #DKMMK
 …ကိုဗစ်စဖြစ်ပြီဆိုတာနဲ့… ကျွန်မအဖွားကိုသတိရမိပါတယ် ကျွန်မတို့ငယ်ငယ်ကလည်းဘာမှန်းမမှတ်မိတဲ့အကျပ်အတည်းကာလတွေကိုလူထုရင်ဆိုင်ခဲ့ရပါတယ် အဲ့ဒီလိုအခါတိုင်းအဖွားကထမင်းခြောက်နေပူလှန်း၊ပြန်လှော်၊ဆုံနဲ့ထောင်းအမှုန့်လုပ်ပြီးသကာထန်းလျက်ညောင်စေးကျကျနဲ့နယ်ဆုပ်ပြီးကျွန်တို့ကို၁၁ဆုပ်ဆီစားခိုင်းပါတယ်။ မုန့်လုံးရေပေါ်၁၁လုံးစီဆွမ်းကပ်၊စွန့်ပြီးစားခိုင်းပါတယ်။ မနက်၊ညဘုရားပိုရှိခိုး၊ပိုတရားထိုင်ခိုင်းပါတယ်။ ခု…ကျွန်မလည်းမိသားစုဝင်တွေနဲ့မုန့်လုံးရေပေါ်၁၁လုံးစီဘုရားကပ်၊စွန့်ပြီးစားကြပါတယ်။ ပရိတ်၊ ပဠာန်းတွေရွတ်ဖတ်ပူဇော်ကြပါတယ်။ ခါတိုင်းထက်ပိုပြီးတရားလည်းထိုင်ဖြစ်ပါတယ်။ ကိုးကွယ်မှု၊ယုံကြည်မှုဟာ အခုလိုအချိန်အခါမျိုးမှာ စိတ်လုံခြုံ မှုကိုအလွန်ပေးနိင်စွမ်းပါတယ်။                                                             #DKMMK
 ကျွန်မတို့ဇာတိမြေမှာကြံနီတွေကလှေတွေနဲ့လာရောင်းတဲ့သူရှိမှစားရတယ်ထင်ပါတယ်။ တခါသား…သူများတွေ ကြံဝယ်စားကြတာမြင်တော့ ကျွန်မတို့ကအဖွားကိုဝယ် ကျွေး ဖို့ပူဆာကြပါတယ်။ အဖွားကကျွန်မတို့ကိုလှေဆိပ်နားကကြံလှေတွေဆီခေါ်သွားပါတယ်၊ကြံတစ်စည်း(ကြံတစ်လိုင်း)ဝယ်ပြီးမောင်နမတွေနဲ့အတူထမ်းပြီးပြန်လာကြပါတယ်။ အိမ်ရောက်တော့ကြံတွေကိုပိုင်းဆစ်ပြီးအရင်းအဖျားအပိုင်းတွေကိုဗန်းထဲထည့်၊အိမ်ရှေ့မှာထိုင်ရောင်းစေပါတယ်၊သူများ တွေထက်စျေးချိုအောင်ရောင်းခိုင်းပါတယ်။ ကြံရောင်းရမှကြံစားရမှာမို့ကျွန်မကအိမ်ရှေ့ကဖြတ်သွားဖြတ်လာမှန်သမျှကိုအော်ခေါ်ပြီးကြံဝယ်ခိုင်းပါတယ်။ ကျွန်မတို့ပရိုမိုးရှင်း(promotion) အောင်မြင်ပါတယ်။ ကြံလည်းအကောင်းဆုံးအပိုင်းတွေအဝစားရတယ်။ ငွေလည်းရတယ်၊အဖွားကိုတော့အတိုးပေးရပါတယ်။ သူကငွေစိုက်ထုတ်ပေးသူကိုး…။                                                                    #DKMMK
 👉👉👉 👉90၀န်းကျင်ကာလက ဇာတိမြေမှာမုန်တိုင်း၀င်ခဲ့ပါတယ်။မုန်တိုင်း၀င်နေတဲ့အချိန်မှာမှ မုန်တိုင်းညဘက်၀င်မယ်လို့ ရေဒီယိုကကြေငြာပါတယ်။လူတွေ အုတ်အော်သောင်းတင်း ဖြစ်ကုန်ပါတယ်။ကျမအဖွားကို ဒီရေလွတ်တဲ့နေရာကိုရွှေ့ဖို့အတန်တန်ပြောခဲ့ရပါတယ်။                   98မှာဇာတိမြေ မီးလောင်ပြန်ပါတယ်။သူများတွေပစ္စည်း၊လူရရာရွှေ့နေကြချိန်မှာ အဖွားကိုလည်းအိမ်ကနေ ရွှေ့ဖို့လာခေါ်ကြပေမယ့် ချက်ချင်းမလိုက်ခဲ့ပါဘူး။ဒီကိစ္စနှစ်ခုစလုံးမှာ သူ့ရဲ့အတွေ့အကြုံအရ ဒါမဖြစ်နိုင်ဘူး.......... အာ့လောက်လုပ်စရာမလိုအပ်ဘူး........လို့ယူဆခဲ့လို့ပါ။                  ကျွန်မတို့ဆီမှာခု..........ကိုဗစ်လူနာတွေများလာသံကြားတာနဲ့အမျှ ကျွန်မအဖွားလိုလူကြီးတွေများ ခုနေရှိကြသေးလားလို့ တွေးပြီးစိတ်ပူမိပါတယ်။                  ဆွေမျိုးတွေကို၊သူငယ်ချင်းတွေကို လှမ်းမေးတော့ အရာရာကို စနစ်တကျနဲ့ တုံ့ပြန်လုပ်ဆောင်နေကြတာကို ကြားရတော့.........ဂုဏ်ယူမိပါတယ်။                  ကိုယ်ထိလက်ရောက် ဘာမှမလုပ်ပေးနိုင်ပေမယ့် လုပ်ကိုင်ပေးနေကြတဲ့ လူတွေရဲ့မြင့်မြတ်သော လုပ်ဆောင်မှုမှန်သမျှကို ကြည်ညိုလေးစားတဲ့စိတ်နဲ့ ဦးညွတ်မိပါတယ်။