သမုဒယကြောင့်ဒုက္ခဖြစ်တာ၊ဒုက္ခကိုမဂ္ဂင်ရှစ်ပါးနဲ့ငြိမ်းဖို့ကြိုးစားမှနိရောဓသစ္စာရရှိနိင်မှာကိုဓမ္မစကြာတရားတော်လာအရကျွန်မတို့သိရှိထားကြပါတယ်။

     ကဗျာဆန်ဆန်ပြောရရင်သမုဒယအနှောင်အဖွဲ့သံယောဇဉ်ကြိုးတွေကြောင့်ပဲသံသရာမှာပျော်ပျော်ကြီးလည်ကြရင်းကြိုးတုပ်ခံရသူအချင်းချင်းတောင်တစ်ခါတစ်ခါမရိုင်းပင်းနိင်ဖြစ်ကြရတာပါ၊ဒီကြိုးတွေကိုဖြည်မရတာကလည်းမဖြည်ရက်ကြတာလို့ပြောရင်လွန်မယ်မထင်ပါဘူး။

      ကြိုးတကာ့ကြိုးထဲမှာမှသူများတကာလာချည်တဲ့ကြိုးထက်ကိုယ့်ဘာသာချည်ထားမိတဲ့ကြိုးကပိုပြီးအဖြည်ရခက်တယ်ထင်မိပါတယ်။

       ဒီနေ့ဓမ္မစကြာရွတ်အပြီးတွေးမိတာလေးပါ။ကျွန်မရဲ့ငယ်သူငယ်ချင်းကြီးများလည်းချည်သင့်တဲ့ကြိုးဖြည်သင့်တဲ့ကြိုးကဘာလဲလို့မြင်နိင်အောင်တရားဘာဝနာများကောင်းစွာအားထုတ်နိင်ကြပါစေ။

                                                           #DKMMK

Comments

Popular posts from this blog