ကျွန်မကလေးတွေကမူလတန်းအရွယ်ကတည်းကနေအရွယ်ရောက်လာတဲ့အထိကျွန်မတို့ခဏခဏသွားနေကျနေရာရှိပါတယ်။ရွှေပြည်သာတံတားအဆင်းနား၊အေးချမ်းသာကျောင်းဝင်းထဲကရေကန်ပါ။

ဟိုးအရင်ကစေတီလေးပါရှိခဲ့ပါတယ်။ရေကန်ထဲကဘေးမဲ့လာလွှတ်ထားတဲ့ငါးတွေကိုအစာသွားကျွေးကြတာပါ။

ကျွန်မအဖေကနှစ်စဥ်သူ့အိမ်ရှေ့မြောင်းကငါးတွေဖမ်းခိုင်းပြီးလည်းအဲ့ဒီရေကန်မှာသွားလွှတ်တာအဖေမဆုံးခင်ထိပါ။ဒီငါးတွေရဲ့ထူးခြားချက်ကသူတို့ကိုပေါင်မုန့်ပဲကျွေးလို့ရတာပါ။အဲ့ဒီမှာငါးတင်မကလိပ်တွေပါရှိကြပါတယ်။လူတွေလာပြီးငါးအစာကျွေးလို့ရမယ့်နေရာလေးမှာတစ်ယောက်ယောက်ရပ်လိုက်တာနဲ့လိပ်တွေကအရင်ပြေးလာကြပါတယ်။

         အဲ့ဒီနေ့က တနင်္လာ နေ့မို့ကျွန်မတို့ငါးစာကျွေးဖို့ပေါင်မုန်တွေဖောက်နေတုန်းကလေးတစ်ယောက်အနားရောက်လာပါတယ်။သားကသူပါဝင်ကျွေးလို့ရအောင်ပေါင်မုန့်အထပ်ပေးလိုက်တော့သူကပါးစပ်ထဲထည့်စားပစ်လိုက်ပါတယ်။ကျွန်မတို့သားအမိလည်းတစ်ယောက်ကိုတစ်ယောက်ကြည့်ပြီးဘာပြောရမှန်းမသိဖြစ်သွားကြပါတယ်။ပြီးမှ သားကကျွန်မကိုပြုံးပြပြီးသူ့ပါးစပ်ထဲထည့်စားပြတော့ ကျွန်မလည်းအားကျမခံစားပြလိုက်ပါတယ်။အဲ့ဒီနေ့ကကျွန်မတို့နဲ့ကလေးလေးနဲ့ငါးတွေလိပ်တွေနဲ့အတူတူပေါင်မုန့်စားပွဲတော်ပျော်ပျော်ပါးပါးဆင်နွှဲခဲ့ကြပါတယ်။

           အခုတော့လည်းတစ်မြို့လုံး Stay Home ဆိုတော့ငါးတွေလိပ်တွေကော၊ အတူတူပေါင်မုန့်စားဖူးတဲ့ကလေးလေးကောဝဝလင်လင်စားသောက်နိင်ကြပါစေလို့မေတ္တာပို့ဆုတောင်းပေးနေမိပါတယ်။ကျွန်မတို့အားလုံးလည်းဒီကာလကိုကောင်းမွန်စွာ၊သတိမြဲစွာ အတူတူကြိုးစားကျော်ဖြတ်ကြပါစို့။

                                                             #DKMMK

Comments

Popular posts from this blog