Home Stay ကာလရဲ့

နေ့လည်ခင်းလက်ဖက်သုပ်ကလေး

ဒီနေ့သင့်တော်မယ်ထင်လို့သူနဲ့တွဲစားဖို့သဘော်ပင်ရွက်နုကလေးသွားကြည့်မိပါတယ်။

ကျွန်မမှာသဘော်ပင်ဇာတ်လမ်းတစ်ပုဒ်ရှိခဲ့ပါတယ်၊

သဘော်သီးကတော့ပြောစရာမလို၊ဖိုးသာလူပျိုလို့ဆိုရတဲ့အတိုင်းအားလုံးကြိုက်ကြပါတယ်။

    ဒီဇာတ်လမ်းမှာတော့သူကဇာတ်လိုက်ပါ။

၂၀၀၂ဝန်းကျင်ကာလပါကျွန်မတို့အိမ်ကိုပြန်ဆောက်တဲ့အခါခြံစည်းရိုးထဲမှာသူ့ဟာသူပေါက်နေပေမဲ့ထွားကျိူင်းကြွားဝင့်စွာအပြွတ်လိုက်သီးပြတဲ့သဘော်ပင်ဟာကျွန်မအတွက်တော့ဂုဏ်ယူစရာဖြစ်ခဲ့ပါတယ်။တချို့တွေအတွက်တော့ဒါဟာ အိမ်ထောင်ဦးစီး ယောကျာ်းအိမ်မကပ်ပဲဖြစ်တတ်လို့ခုတ်ပစ်ဖို့အကြံပြုစရာဖြစ်ခဲ့ပါတယ်။ ကျွန်မကလက်မခံပေမယ့် လက်ခံသူကျွန်မရဲ့အိမ်ထောင်ဦးစီးကဒီသဘော်ပင်မခုတ်မချင်းကျွန်မကိုတကျည်ကျည်ပြောနေခဲ့တော့ကျွန်မရဲ့ဂုဏ်ယူဖွယ်

ရာ သီးပွင့်ဝေဆာနေတဲ့အားကောင်းမောင်းသန်သဘော်ပင်ကြီးကိုကျွန်မရဲ့အလုပ်သမားတွေခေါ်ပြီးခုတ်ခိုင်းလိုက်ပါတော့တယ်။သဘော်သီးတွေကအများကြီးမို့လာတောင်းကြတဲ့သွေးထိုးလှုံံ့ဆော်သူတွေကိုတစ်လုံးမှမပေးဘဲအလုပ်သမားတွေလက်ထဲသို့ပဲဝကွက်အပ်လိုက်ပါတော့တယ်။

       ဒါပေမယ့် သဘော်ပင်ကြီးလည်းခုတ်ပြီးမှကျွန်မအိမ်ထောင်ဦးစီးရဲ့ကမ်းမကပ်အိမ်မကပ်တဲ့ဇာတ်လမ်းကစတင်ခဲ့တာကတော့ ပြန်တွေးတိုင်းစိတ်ထဲယားကျိကျိဖြစ်ရတဲ့ခံစားချက်တစ်ခုပါ။

အခုများတော့လည်းလွမ်းစရာတစ်ခုပေါ့လေ……။

                                                          #DKMMK

Comments

Popular posts from this blog