ကျွန်မကအစားပုပ်တစ်ယောက်ပါ။ခုခေတ်အခေါ်တော့ အစားတစ်လိုင်းပေါ့။အချိုအဆိမ့်အအီစာကိုအင်မတန်ကြိုက်ပါတယ်။ 

       ရန်ကုန်ရောက်စနှစ်များကဒံပေါက်နှစ်ပွဲစားပြီးအစာပိတ်ဒိန်ချဥ်နှစ်ခွက်သောက်ပါတယ်။ ။အသက်အရွယ်ရလာပြီးမှဆင်ခြင်ဖို့ကြိုးစားရတာပါ။ ဒါတောင်တစ်ခါတစ်ခါများငါငယ်ငယ်ကလိုအစားများများမစားနိုင်တော့ဘူးလို့သားသမီးတွေရှေ့ခဏခဏပြောလို့သူတို့ကော၊ညီမငယ်ကကောအပြင်ကပြန်လာရင်အချိုဆိမ့်အီစာတွေယ်၀ယ်၀ယ်လာသမျှညာတာပါတေးနဲ့ကျွန်မဖို့ချည်းပါပဲအငယ်ဆုံးသားလေးကတောင်ကျွန်မကိုပ,စားပေးရပါတယ်။

           ငယ်ငယ်ကချစ်လိုက်၊မတည့်လိုက်နဲ့တတွဲတွဲသူငယ်ချင်းမလေးရှိပါတယ်။သူကတော့အချောတစ်လိုင်းပေါ့။သူ့ကုသိုလ်ကံကောင်းချက်ကတော့သူ့မှာလှလည်းလှ၊တော်လည်းတော်သဘောလည်းအလွန်ကောင်းတဲ့အစ်မများရှိလို့ပါ။အစ်မတွေအားလုံးကကျွန်မကိုချစ်ကြပါတယ်။နေ့တိုင်းလိုလို သူတို့အိမ်ရောက်ဖြစ်ပြီးတစ်မျိုးမျိုးကျွေးတိုင်းလည်းယောင်လို့တောင်မငြင်းခဲ့ပါ။

              တစ်နေ့သောညနေခင်းချိန်သူတို့အိမ်မှာအုန်းနို့ဆန်ပြုတ်ကျွေးပါတယ်။ကျွန်မအကြိုက်ချိုဆိမ့်အီစာကိုအဲဒီညနေကသူတို့အိမ်ကိုငါးခေါက်လောက်သွားပြီးအစ်မတွေကအတင်းခေါ်လို့စားရတဲ့ပုံမျိုးနဲ့ဘယ်နှစ်ခွက်မှန်းမမှတ်မိအောင်စားခဲ့တာညဘက်ပြန်အန်ထွက်လို့ဆေးတောင်သောက်ယူရပါတယ်။

            အခုထိလည်းအုန်းနို့ဆန်ပြုတ်ကိုယ်တိုင်မကြာခဏပြုတ်သောက်ဖြစ်ပေမဲ့အဲဒီတုန်းအရသာကိုမမီနိုင်ဘူးထင်မိပါတယ်။

                                                         #DKMMK

Comments

Popular posts from this blog