တစ်နေ့ကျွန်မတို့အမျိုးထဲကတစ်ယောက်အိမ်မှာ

အလှူလုပ်ပါတယ်ဘာအတွက်ရည်စူးလှူမှန်းမမှတ်မိပေမဲ့အလှူမှာမုန့်တီကျွေးတဲ့အကြောင်းလေးပါ။

အမျိုးတွေကပန်းထိမ်လုပ်ငန်းလုပ်ကြတာပါ။

အဲ့ဒီနေ့…မနက်မိုးလင်းကတည်းက

ကျွန်မအမကဘာမှမစားထားဖို့သတိပေးထားတာမို့ဆာလောင်ခြင်းအပြည့်နဲ့အလှူအိမ်ကိုချီတက်သွားကြတာပါ။ လူတွေအပြည့်ပါ။

ဘယ်သူမှဝတ်ကောင်းစားလှမဝတ်လာကြပါဘူး။

ဗိုက်ဟောင်းလောင်းကိုယ်စီနဲ့ရောက်လာကြပုံပါ။

ကျွန်မအမကမုန့်တီTeamအဖွဲ့ဝင်ပါ။မုန့်တီFanပေါ့။

ဂိုဏ်းတူသုံးယောက်နဲ့ကျွန်မတို့နှစ်ယောက်ဝိုင်းကို

မုန့်ဖတ်တောင်းကြီးလာချပါတယ်။

အလှူရှင်တွေကဟင်းရည်အိုးတွေမီးထိုးပေးလိုက်၊

မုန့်ဖတ်တွေသယ်လိုက်၊ဝိုင်းတွေနားလာကြည့်လိုက်နဲ့

ပီတိဖြာလို့……။

ကျွန်မတို့ငါးဦးစားတာမုန့်ဖတ်တောင်းတစ်ဝက်ကျိုး၊

ဟင်းရည်အိုးလည်းတစ်ဝက်ကျိုးပါတယ်။

အလှူရှင်သမီးလေးနဲ့သားလေးကလည်းခေါင်းမဖော်တန်းစားကြတာတွေ့ရပါတယ်။

အဲ့ဒီနေ့ကကျွန်မလည်းကြက်သွန်ဖြူမီးဖုတ်ငါးခုလောက်စားယူရတဲ့အထိပါ။(ကြက်သွန်ဖြူမီးဖုတ်ကအစာကြေဆေးပေါ့)

အခုချိန်မှာ…တိို့တို့တိတိသွားစားပြီး၊ဝတ်ကောင်းစားလှနဲ့ပြုံးပြုံးလေးလှလှလေးနှုတ်ဆက်ရတဲ့အလှူတွေကပြန်လာတိုင်းအဲ့ဒီတုန်းကမုန့်တီအလှူကိုပဲပြေးပြေးမြင်ယောင်မိပါတော့တယ်။

                                                       #DKMMK

Comments

Popular posts from this blog