ကျွန်မတို့ဇာတိမြေမှာကြံနီတွေကလှေတွေနဲ့လာရောင်းတဲ့သူရှိမှစားရတယ်ထင်ပါတယ်။

တခါသား…သူများတွေ ကြံဝယ်စားကြတာမြင်တော့

ကျွန်မတို့ကအဖွားကိုဝယ် ကျွေး ဖို့ပူဆာကြပါတယ်။

အဖွားကကျွန်မတို့ကိုလှေဆိပ်နားကကြံလှေတွေဆီခေါ်သွားပါတယ်၊ကြံတစ်စည်း(ကြံတစ်လိုင်း)ဝယ်ပြီးမောင်နမတွေနဲ့အတူထမ်းပြီးပြန်လာကြပါတယ်။

အိမ်ရောက်တော့ကြံတွေကိုပိုင်းဆစ်ပြီးအရင်းအဖျားအပိုင်းတွေကိုဗန်းထဲထည့်၊အိမ်ရှေ့မှာထိုင်ရောင်းစေပါတယ်၊သူများ တွေထက်စျေးချိုအောင်ရောင်းခိုင်းပါတယ်။

ကြံရောင်းရမှကြံစားရမှာမို့ကျွန်မကအိမ်ရှေ့ကဖြတ်သွားဖြတ်လာမှန်သမျှကိုအော်ခေါ်ပြီးကြံဝယ်ခိုင်းပါတယ်။

ကျွန်မတို့ပရိုမိုးရှင်း(promotion) အောင်မြင်ပါတယ်။

ကြံလည်းအကောင်းဆုံးအပိုင်းတွေအဝစားရတယ်။

ငွေလည်းရတယ်၊အဖွားကိုတော့အတိုးပေးရပါတယ်။

သူကငွေစိုက်ထုတ်ပေးသူကိုး…။

                                                                   #DKMMK

Comments

Popular posts from this blog