ကျွန်မဟာကမ်းရိုးတန်းဒေသသူမို့လားမသိ၊

သဘာဝရှုခင်းမှန်သမျှကိုနှစ်သက်ပါတယ်၊

လမ်းလျှောက်ပြီးသွားရတဲ့ခရီးတိုခရီးရှည်တိုင်း

ပင်ပန်းပေမယ့်..သဘာဝလေရှုူရတာ၊

ရှုခင်းနဲ့တိုက်ရိုက်ထိတွေ့ရတာနဲ့တင်ပျော်တတ်ပါတယ်၊

ကားကြမ်းကြီးစီးစီး၊စက်လှေနဲ့သွားသွား၊သဘော်ပဲစီးစီး

လှေငယ်နဲ့ပဲလှော်လှော်၊ကျွန်မတို့ကမ်းရိုးတန်းဒေသရှုခင်းတွေကိုအလွတ်ရနေတာတောင်မရိုးအီခဲ့ပါဘူး။

      မကြာခင်ကမှပြန်တွေ့ရတဲ့ငယ်သူငယ်ချင်းတစ်ဦးက

သူတာဝန်ထမ်းဆောင်စဥ်ကပုံလေးတွေပို့လိုက်ပါတယ်၊

အစစအရာရာ ခက်ခဲလှတယ်လို့ ဆိုပေမယ့်။

ဒီလိုရှုခင်းလှပပုံကိုလည်းမြင်တတ်၊

မညည်းမညူနိင်ငံ့တာဝန်ထမ်းဆောင်နိင်ခဲ့တာတွေကိုလေးစားမိပါတယ်။

        အဆွေ၊အမျိုး၊သူငယ်ချင်းအားလုံးလည်းစိတ်ကျန်းမာရေး၊ကိုယ်ကျန်းမာရေးကိုဂရုစိုက်ကြပါ။

ပုံလေးတွေကိုမျှဝေပေးလိုက်ပါတယ်။

(ဓာတ်ပုံမူရင်းပိုင်ရှင်ကို#Credit ပေးပါတယ်)

                                                             #DKMMK

Comments

Popular posts from this blog