…ကိုဗစ်စဖြစ်ပြီဆိုတာနဲ့…

ကျွန်မအဖွားကိုသတိရမိပါတယ်

ကျွန်မတို့ငယ်ငယ်ကလည်းဘာမှန်းမမှတ်မိတဲ့အကျပ်အတည်းကာလတွေကိုလူထုရင်ဆိုင်ခဲ့ရပါတယ်


အဲ့ဒီလိုအခါတိုင်းအဖွားကထမင်းခြောက်နေပူလှန်း၊ပြန်လှော်၊ဆုံနဲ့ထောင်းအမှုန့်လုပ်ပြီးသကာထန်းလျက်ညောင်စေးကျကျနဲ့နယ်ဆုပ်ပြီးကျွန်တို့ကို၁၁ဆုပ်ဆီစားခိုင်းပါတယ်။


မုန့်လုံးရေပေါ်၁၁လုံးစီဆွမ်းကပ်၊စွန့်ပြီးစားခိုင်းပါတယ်။

မနက်၊ညဘုရားပိုရှိခိုး၊ပိုတရားထိုင်ခိုင်းပါတယ်။


ခု…ကျွန်မလည်းမိသားစုဝင်တွေနဲ့မုန့်လုံးရေပေါ်၁၁လုံးစီဘုရားကပ်၊စွန့်ပြီးစားကြပါတယ်။


ပရိတ်၊ ပဠာန်းတွေရွတ်ဖတ်ပူဇော်ကြပါတယ်။


ခါတိုင်းထက်ပိုပြီးတရားလည်းထိုင်ဖြစ်ပါတယ်။


ကိုးကွယ်မှု၊ယုံကြည်မှုဟာ အခုလိုအချိန်အခါမျိုးမှာ

စိတ်လုံခြုံ မှုကိုအလွန်ပေးနိင်စွမ်းပါတယ်။

                                                            #DKMMK

Comments

Popular posts from this blog