ကျွန်မအတိတ်မှာသူခိုးဖြစ်ချင်သော်လည်းဖြစ်ခွင့်မရတာကြုံခဲ့ဖူးပါတယ်။

အရွယ်ရောက်စကျွန်မရဲ့တန်ဆောင်မုန်းလကျောင်းပိတ်ရက်အလည်ပြန်ခရီးမှာစိတ်ချင်းတူခင်မင်သူတစ်ချို့နဲ့တိုင်ပင်ဖြစ်ကြတာကသူခိုးကြီးညဆင်နွှဲရန်ပါ။ဒါမျိုးဆိုနှစ်ခါပြန်တွေးစရာမလိုတဲ့သူတွေ့မို့ကျွန်မတို့အစည်းအဝေးမှာကန့်ကွက်သူမရှိသူခိုးဖြစ်ကြဖို့လက်ဝါးခြင်းရိုက်လိုက်ကြပါတယ်။ခိုးမယ့်နေရာကိုတော့ကိုယ့်အိမ်အသီးသီးကိုပဲရွေးချယ်ကြပါတယ်။တောင်းတာနဲ့ခိုးတာရဲ့ကြားကာကွာခြားချက်အရသာကိုအားလုံးဆာလောင်နေခဲ့ကြတာပေါ့။

အစီအစဉ် အရမိမိအိမ်တွေရဲ့နောက်ဖေးတံခါးချက်များကိုညဦးပိုင်းကဖြုတ်ထားခဲ့ပြီးညသန်းခေါင်မှာအုပ်စုဖွဲ့ဝင်ခိုးရန်၊ကျွန်မတို့အိမ်နောက်ဘက်အုန်းပင်ကအုန်းသီးနုနုများလည်းခိုးခူးရန်ဟင်းတွေကတော့ချက်မစားဘဲချက်ပြီးသားဟင်းတွေကိုခိုးရန် နိဂုံးမှာပျော်ရွှင်စွာစားသောက်ပြီးသူခိုးဘွဲ့ခံယူရန်တို့ဖြစ်ပါတယ်။အဒီအကြံဟာကျွန်မမေမေ(မေမေ့အမ)နားထဲရောက်သွားပါတယ်။

အဒိန္ဒာဒါနကံဟာအပ်တစ်ချောင်းခိုးတာနဲ့လည်းမြောက်တယ်လို့ယူဆထားတဲ့သူက သူ့ရဲ့မနိင်စိန်မကျွန်မကိုဘာတစ်ခွန်းမှကြိုမပြောဘဲ ညဦးကတည်းကခိုးမယ်အိမ်တွေကိုတိတ်တိတ်အသိပေးပြီး အုန်းသီးနုနုခူးပြီးသား၊ ထမင်းဟင်းပူပူနွေးနွေးချက်ပြီးသား၊ မုန့်ခဲဖွယ်များထုပ်ထားပြီးသားနဲ့မို့ညသန်းခေါင်ထအခိုးမှာ သူခိုးအကြံလူမိခံရသလို သူခိုးပျော်ပျော်ခွင့်မရဘဲ စားခဲ့ရတာမျိုတောင်မကျခဲ့သလိုပါပဲ။

ခိုးချင်ပါတယ်ဆိုမှခိုးခွင့်မရခဲ့တာလည်းအမှတ်တရပါပဲ။

                                                          DKMMK

Comments

Popular posts from this blog