2013မှာကျွန်မရဲ့သွေး၊ချွေးမျက်ရည်တွေပါဝင်တဲ့ကျွန်မတို့အိမ်ကိုရောင်းထွက်ခဲ့ပါတယ်။

သူများတွေမပေးချင်တဲ့စျေးနဲ့ဝယ်သွားသူကမောင်နှမနှစ်ယောက်ပါ။

ငွေချေတဲ့နေ့ကကျွန်မတို့နဲ့စကားစမြည်ပြောဖြစ်ကြတဲ့အထဲမှာ"ယောနသန်ဇင်ရော်"ပါပါတယ်။

ကျွန်မလည်း "ယောနသန်ဇင်ရော်"ကိုကြိုက်ပါတယ်။

ဒါပေမဲ့ အိမ်ဝယ်သူဦးလေးကြီးကတော့ သူ့ဘဝရဲ့ကိုင်စွဲတဲ့လက်နက်အဖြစ်အသုံးပြုခဲ့ပုံပါ။

တစ်ကြောင်းချင်းအလွတ်ရွတ်ပြပြီးအဓိပ္ပာယ်ကိုသူနားလည်သလိုရှင်းပြတာနားထောင်ရင်းကျွန်မရှက်မိပါတယ်။

ဒီတစ်အုပ်ထဲကိုခရေစေ့တွင်းကျစွဲမြဲတတ်တဲ့စာမှတ်သူ

ဦးလေးကြီးရှေ့မှာသူ့လိုကျွန်မကိုးကွယ်တဲ့စာအုပ်မရှိကြောင်းဝန်ခံခဲ့ပါတယ်။

အဲ့ဒီနောက်ပိုင်းကျွန်မလည်းစာကောင်းပေကောင်းများဖတ်ရရင်ထပ်ခါတစ်လဲလဲဖတ်တဲ့အကျင့်ကိုမပျက်မကွက်လုပ်ဆောင်ဖို့ကြိုးစားဖြစ်ပါတယ်။

ကြိုက်တဲ့သီချင်းဆို ထပ်ခါတလဲလဲနားထောင်တတ်ပေမဲ့ကြိုက်တဲ့စာကိုထပ်ခါတလဲလဲဖတ်သင့်မှန်းဒီအရွယ်မှာမှ

နားလည်ခဲ့တာအမှတ်တရပါပဲ။

                                                            #DKMMK

Comments

Popular posts from this blog