Posts

Showing posts from December, 2020
 .....မိုးလေကင်းလွတ်စပြုတာနဲ့ကျွန်မတို့ အနီးအနားရှိ မမကြီးများကညနေ ကတမ်းကစားကြဖို့နှိုးဆော်ပါပြီ။ ကစားပွဲပါချင်သူက ကိုယ့်အိမ်မှာရှိတဲ့ပုဆိုးတစ်ထည်ယူ လာရပါတယ်၊ဒါ ဇာတ်ကန့်လန့်ကာ အဖြစ်ပြုလုပ်ဖို့ပါ၊ မမကြီးတွေကကျွန်မတို့ရဲ့အရည်အချင်းတွေကိုလည်း စစ်ဆေးကြပါသေးတယ်၊ Myanmar Idol ကဒိုင်များကဲ့ သို့ပေါ့လေ၊ကျွန်မကတော့ဒီ Level တွေကိုအောင်မြင်ခဲ့ တာဂုဏ်ယူစရာပါ၊ ကျွန်မတို့ပါဝင်တဲ့ ဇာတ်ပွဲကဲ့သို့ ကတမ်း ကစားပွဲကိုကျောင်းပိတ်တဲ့ညနေတွေမှာ ညနေ မှောင်စပျိုးတာနဲ့စပါပြီ။         မမကြီးများကဲ့သို့အရေးပါတာက ကိုကိုကြီးများပါ၊ ဓာတ်ခဲတွေကို ဝါးချောင်းတွေထဲ ဆက်သွယ်တန်းပြီး မီးအလင်းရောင်များ နဲ့ ပံ့ပိုးပေးကြသူတွေပါ။ကျွန်မတို့ အဖွဲ့ရဲ့ မမကြီးများက အရင်ဆုံး ကပြကြပါတယ်၊  ပထမအပျိုတော်ပါ၊ ဒုတိယအဆို၊အကဆက်တိုက်လာ ပါတယ်၊ ပါးကွက်ကြီးတွေအဖွေးသားနဲ့ ကျွန်မတို့တွေက လည်းသူ့ထက်ငါ အကောင်းဆုံးဖျော်ဖြေတင်ဆက်ကြပါ တယ်၊ ကျွန်မတို့ကဲ့သို့ မဆိုမကနိင် သို့မဟုတ် ကခွင့်ရွေး ချယ်မခံရသူများကတော့ ပရိသတ်ပေါ့လေ၊ ကျွန်မတိုရဲ့ ဇာတ်ခုံက အရီးမသန်းဟန် တို့အိမ်ရှေ့တစ်ခုလုံးပါ၊သူ့ အိမ်မှာ ကျင်းပရတဲ့အတွက်သူ့သားနဲသမီးကိုတော့အထူး အထူးအခွင့်အရေး(VIP)အဖြစ်
 တစ်နေ့သောအခါ ကျွန်မတို့ရဲ့ မြန်မာစာဆရာက စာစီစာကုံး တစ်ပုဒ်ရေးခိုင်းခဲ့ပါတယ်၊ခေါင်းစဥ်က " ကျွန်ပ်တို့မိသားစု" ပါ။နောက်တစ်နေ့စာစီစာကုံးတွေ ဆရာ့စားပွဲသွားထပ်၊ဆရာကစစ်ဆေးပြီးတဲ့အခါသူအ ကြိုက်ဆုံး စာစီစာကုံးပိုင်ရှင် နာမည်ကိုပြောပါတယ်၊ ကျွန်မတို့ချစ်သူငယ်ချင်းမလေးပါ၊ဆရာ့ချီးကျူးမှုဟာ ကျောင်းအုပ်ကြီးနားထဲထိရောက်သွားခဲ့ပုံပါ၊ဆရာကြီးက ပါရောက်လာပြီး စာစီစာကုံးကို တောင်းယူဖတ်ပါတယ်၊ ဆရာကြီးက ကျွန်မတို့သူငယ်ချင်းအားလုံး နဲ့ရင်းနီးပွင့် လင်းစွာပြောဆိုတတ်ပြီး ကိုယ်တိုင်ကလည်းစာရေးသူ ဖြစ်တော့သူလေးရဲ့စာထဲကအကြောင်းအရာကို အင်မတန်စိတ်ဝင်စားဟန်တူပါတယ်၊သူရေးထားတာက သူ့မှာ မောင်ညီမလေး ၁ဝ ယောက်ရှိပြီးသူကအကြီးဆုံး၊ မောင်နှမတွေကိုဘယ်လိုပြုစုစောင့်ရှောက်ချစ်ခင်ပေးတဲ့ အကြောင်းရေးဖွဲ့ထားတာ အင်မတန်ကောင်းပါတယ်၊ ကျွန်မတို့ရဲ့သူငယ်ချင်းမလေးကပုံမှန်ကျောင်းသူဘဝမှာ အမြဲတမ်းအရွှန်းဖောက်ပေါ့ပါးပျော်ရွှင်စနောက်တတ်သူ မို့ဆရာကြီးကပိုစိတ်ဝင်စားတာပါ၊..............အဖြစ်မှန်ကို ဆရာကြီးသိရတဲ့အခါ ငိုအားထက်ရယ်အားသန်သွားပါ တယ်၊ သူလေးကတစ်ဦးတည်းသောသမီးမို့သူလိုချင်တဲ့ မောင်နှမတွေကိုသေချာစိတ်ကူးယဥ်ရေးဖွဲ့ပုံကထိမိလွန်း လို့ပါ၊ ဆ
 ကျွန်မရဲ့အမေအရင်းကိုသာမက မေမေ့ မမလေးကိုပါ  ကျွန်မတို့ကမေမေလို့ခေါ်တာပါ၊ အဲ့ဒီမေမေနဲ့ကျွန်မက အမေအရင်းထက်ပိုအနေနီးပြီး အတူနေချိန်များခဲ့ပါ တယ်၊ ခုရေးချင်တာအဲ့ဒီ မေမေအကြောင်းပါ။      မေမေ့ကိုအမျိုးတွေက မချောဘူးမလှဘူးလို့ပြောရင် သူကတခါမှစိတ်မဆိုးပေမယ့် ကျွန်မကတော့အဲ့ဒီသူတွေ ကိုကြည့်မရပါ။ကျွန်မအတွက်တော့မေမေကအလှဆုံးပါ ကျွန်မအဝေးမှာရောက်နေတိုင်း အမြဲသတိရတာမေမေရှိ တဲ့ အမေ့အိမ်ကိုပါ။    ကျွန်မရဲ့စိတ်ကိုဘယ်တုန်းကမှ ဒဏ်ရာမပေးခဲ့ဖူးသော မေမေဟာကျွန်မရဲ့လက်ဦးဆရာပါ၊ဘာသာရေးကိုင်းရှိုင်း ဖြစ်တာလည်း မေမေ့သွန်သင်မူကြောင့်ပါ။     အိမ်ကို ဧည့်သည်ဘယ်လောက်လာလာ၊ကျွန်မတို့ ကိုးကွယ်တဲ့ဘုန်းကြီးကျောင်းမှာနေ့နေ့ညညဘယ်သူလာ တည်းတည်း မေမေကစိတ်ရှည်လက်ရှည်တာဝန်ယူချက် ပြုတ်ပေးတတ်ပါတယ်၊ ကျွန်မတို့နဲ့အတူရှိတိုင်းကျွန်မတို့ ဘာကြိုက်တတ်သလဲတိုတာအမြဲတွေးပြီးဖြည့်ဆည်းပေး သူပါ။           မေမေ့ကိုတစ်ပြန်တစ်လှည့်အနီးကပ်ပြုစုစောင့် ရှောက်ပေးချင်စိတ်ရှိခဲ့ပေမယ့် မေမေ့နောက်ဆုံးအချိန် ထိ မေမေနဲ့ကျွန်မပြန်မဆုံနိင်ခဲ့ပါ။          ခုတော့ထူးအိမ်သင်ရဲ့ အမေသီချင်းတွေကိုထပ်တ လဲလဲနားထောင်ရင်းလူ့လောကမှာမရှိကြတော့ပြီဖြစ်တဲ့ ကျွန်မရဲ့ မေမေနှစ်
 " စကောစကအရွယ်မှာ "  လရောင် အလယ်၊   မြစ်ပြင်ကျယ်ငြိမ်  တိမ်ကင်းစင်ည၊   ကခုန်မြူးတူး  ငါးစုံထူးဆန်း၊  ငွေမင် သမ်းသို့  ဗွမ်းကနဲပွက်၊  ရေပြင် ထက်ဝယ်  လှေငယ် စက်တပ်၊  သံထပ် ပဲ့တင်  ခရီးနှင်ဆက်၊  စက် ထပျက်လည်း  သိမ်းဆည်းပါလာ၊  ချက်ပြုတ်ခါနှင့်  စားဖွယ်ရာခင်း၊  ည မြင်ကွင်းအား  ပျော်ပွဲစား ပမာပျော်ခဲ့သည်။                           #DKMMK
 တစ်နေ့သောညနေခင်းမှာ ကျွန်မဆီကိုဖုန်းနံပါတ်အသစ် တစ်ခုဝင်လာပါတယ်။ထပ်တလဲလဲခေါ်နေလို့ ကိုင်လိုက် တော့ငယ်သူငယ်ချင်းမလေးပါ၊ဝမ်းသာအားရတွေ့လို့ စကားပြောတွေပြောဖြစ်ကြတော့ ကျွန်မကို"ဖေ့စ်ဘွတ် ပေါ်မှာ ရှာမတွေ့လို့မိုးမိုးရေနင်သေပြီလားလို့ထင်မိတယ် တဲ့"။အဲ့ဒီလို ချစ်စရာအပြောလေးနဲ့ပါ။       သူနဲ့ကျွန်မ ငယ်ငယ်ကရန်မဖြစ်ဖူးပါ၊တွေ့တိုင်းတော့ ငြင်းကြခုံကြပါတယ်၊ သူကကျွန်မထက်ပိုလူကြီးဆန်ပါ တယ်။တစ်နေ့မှာ ကျောင်းကပွဲအတွက်ဘယ်သူပါကြမ လဲလို့ဆရာမကမေးတော့ သူကကျွန်မကို ကကြဖို့အဖော် ညှိပါတယ်၊ ကျွန်မတို့နှစ်ယောက်ကမှာကိုအိမ်ကအမေ တွေကကန့်ကွက်ပါတယ်၊ ဒါပေမယ့်ကျွန်မကောသူကော စင်ပေါ်တက်ဖြစ်ခဲ့ကြပါတယ်။              သူနဲ့ခုလိုဖုန်းအဆက်အသွယ်ရပြီးနောက်ပိုင်း၊ အကြောင်းကြောင်းတွေညီညွှတ်ပြီး ကျွန်မလည်း ဖေ့စ်ဘွတ်အကောင့်ဖွင့်ဖြစ်သွားပါတယ်၊                ငယ်ဘဝက စင်ပေါ်အတူတက်ဖို့လောဆော်ခဲ့ သလိုကျွန်မအသက်ငါးထိပ်စီးနီးကာမှဖေ့စ်ဘွတ်ပေါ်မှာ ဟိုဟာရေး၊ သည်ပုံတင်စသဖြင့်လုပ်ဖြစ်အောင်လှုံ့ဆော် တဲ့သူငယ်ချင်းမလေးလည်းကုသိုလ်တွေရတာပေါ့လေ။             နောက်ပိုင်းမှာနောက်ထပ်ငယ်သူငယ်ချင်းတွေ၊ ညီမတွေ၊ အမတွေ၊ အကိုတွေ၊ မောင်လေးတွေနဲ့ဖုန်းပြ
 အဖိုးလှမ်းမှာလို့ အမျိုး တစ်ယောက်ယောက်ဝါးကျည် တောက်တွေထမ်းလာပြီ ဆိုရင်ကျွန်မတို့ ပျော်ပါပြီ၊ ဝါးဆစ်ပိုင်းတာကိုကြည့်၊ ကောက်ညှင်းရေစိမ်တာကို ကြည့်၊အုန်းသီးခွဲတာကိုကြည့်၊ အဲသည်လိုကြည့်လို့ပဲ နောင်အလယ်တန်းကျောင်းသူဘဝမှာတင် ဒီအလုပ်တွေ ကို ကိုယ်တိုင်လုပ်နိင်ခဲ့တာပါ။      ဘာမှသိပ်မခက်ပေမယ့် ကောက်ညှင်းကျည်တောက် တစ်ချောင်းကိုအစအဆုံးပြုလုပ်ခွင့်ရခြင်းဟာ ဂုဏ်ယူ စရာပါ၊ ကျက်ခါစ ဝါးကျည်တောက်ထိပ်က ပိန္နဲရွက်ကို ဖယ်၊ ဓားနဲ့ဝါးကိုခွဲ၊ အတွင်းကအသားကို လှလှပပထုတ် ယူနိင်ဖို့ဟာလည်းမလွယ်လှပါဘူး။ ဒီအတိုင်းခွဲရင်းနဲ့စား ရတာကိုပိုကြိုက်တဲ့ ကျွန်မတို့မြေးအဖိုးကတော့ အိုးမဲ တွေပေပေနဲ့ တစ်ယောက်တစ်ခုစားလိုက် ရေနွေးကြမ်းပူ ပူမှုတ်သောက်လိုက်၊အဖွားဆီက နွားနို့ကပ်သောက်လိုက် နဲ့၊ ကျွန်မတို့ အဖိုးအဖွားနဲ့ အတူနေစဥ်ကာလတွေမှာ ဆောင်းဝင်တာနဲ့ ပိတ်ရက်တိုင်းကောက်ညှင်းကျည် တောက်လုပ်စားတာ ကျည်တောက်ဝါးတွေလာမပို့တော့ တဲ့အခါမှ ပွဲသိမ်းပါတယ်။              တစ်နေ့ကသူငယ်ချင်းမလေး ဝါးကျည်တောက်ပုံ တွေတင်တာမြင်တော့ အင်မတန်သဘောကျပါတယ်၊ ခုချိန်မှာတော့ ငယ်ငယ်ကလို အားရပါးရလည်းသိပ် မစားရဲတဲ့အရွယ်ရောက်နေပါပြီ၊ကိုယ်တွေကလည်းအစွဲ အလန်းကြီးတော့ ကျည်
 "အမှိုက်ရှင်းတမ်း" -ဘဝမှာ ၊   မာနကိုလက်ကိုင်သုံးပါလို့   လုံးလည်ပတ်ချာ။ -ချစ်ရင်လည်းမာနမခွာ   မုန်းပါလျှင်ပိုပြင်း၊ -ချစ်သူတွေ   ခွဲခွာသွေသွားနှင့်ကြ   အမုန်းပွားရ နှစ်များစွာ   ငါရတာ ဘာမှမရှိပါဘူး   မာနသာ ပူလောင်လှချည်ရဲ့   ခွာချရင် နေသာတဲ့ဟာမို့   စိတ်မှိုက်တို့ရှင်း ။                            #DKMMK
 သူငယ်တန်းကျောင်းသူဘဝကစပြီး မျက်စိရှေ့ ရောက်လာသမျှစာလုံးတွေကို ဂရုတစိုက်ဖတ်ဖြစ်ခဲ့တာ ကို ဝါသနာလို့ ပြောနိင်မယ်ထင်ပါတယ်။      ကျွန်မအဖိုးကလည်း သူ့လက်ရေးဝိုင်းဝိုင်းကြီးတွေနဲ့ ဟိုမှာစာရေး သည်မှာစာမှတ် ဆိုတော့ ကျွန်မကလည်း  လိုက်ဖတ်ပေါ့၊ ဥပမာ-သစ်ပုတ်ချိန်၊ မယိုင်ဖြူ၊ ဆန် ဆောင်းဒူ၊ တန်ခူးလဆန်း......စသဖြင့်ပေါ့။        သူ့အမှတ်အသားနဲ့သူကတော့ကွက်တိပါ၊ကျွန်မက လည်း ဆေးပေါ့လိပ်ကတံဆိပ်ဆိုလည်းအလွတ်မပေးပါ ဘူး။            ဖတ်ရင်းနဲ့ ဆေးပုလင်းတွေဆေးကြော်ငြာစာရွက် တွေမှာခဏခဏ မျက်မှန်းတန်းမိလာတာက.......... "ကျားမစွယ်စုံရ"ပါ။                     ကျွန်မ အဖွားနဲ့ အင်မတန်ချစ်ခင်တဲ့ဆွေမျိုး ညီမကိုအဖွားကခေါ်ခေါ်နေတာလည်း "ကျားမ" ပါ၊                ကျွန်မသူနဲ့တွေ့တိုင်းအင်မတန် စိတ်ဝင်စားပါ တယ်၊ သူကဘာဖြစ်လို့ နေရာတိုင်းမှာ စွယ်စုံရဆိုပြီးပါ လေသလဲပေါ့၊ ထုတ်မမေးဖြစ်ပေမဲ့ ဆေးပုလင်းတွေ ကြော်ငြာတွေမှာကျားမစွယ်စုံရဆိုသလို အေးညိုစွယ်စုံရ (ကျွန်မအဖွားကဒေါ်အေးညိုပါ)လို့များပါမလားလို့စောင့် ဖတ်ရင်းနဲ့.............။                      စာဖတ်သက်နည်းနည်းရင့်လာတဲ့သုံးတန်း အရွယ်အရောက်မှာမှဇာတ်ရည်လည်ပြီး က
 ကျွန်မအဖေက ငရုတ်သီးစိမ်းအင်မတန်၊ အလွန်အလွန့်ကြိုက်သူပါ။မေမေ ကတော့ အစပ်သိပ်မစား နိင်ပါဘူး။        ကျွန်မတို့ငယ်စဥ်က ပိတ်ရက်များဆို အဖေက သူ့မိဘအိမ်မှာသွားစားတတ်ပါတယ်၊ ကျွန်မကတော့ အဖေနဲ့လိုက်ပါ စားသောက်တတ်ပါတယ်။     ကျွန်မအဖေနဲ့အမေ အတူတကွ လက်ဆုံစားဖြစ်တာကကျောက်ဖြူကို ရောက်တော့မှပါ။အဖေက ငရုတ်သီးချက်ကို တမ်းတမ်းတတရှိကြောင်းတစ်ဖွဖွ ​ပြောသံကြားတော့ အမေက အင်မတန် စပ်တဲ့ငရုတ်သီးတွေ ရှာမေးပြီးဝယ်လာပါတယ်။      ဟင်းချက်တဲ့ မေမေနဲ့ အနားကပ်တဲ့ကျွန်မတို့တောင် အနံ့ နဲ့တင် မွှန်ထူပြီး ဟပ်ချိုးချေမိပါတယ်။      ထမင်းစားပွဲမှာ စုံညီစားကြတော့ ကျွန်မတို့က ငရုတ်သီးချက်ကို ဘယ်သူမှ မမြည်းရဲကြပါ။        အဖေကတော့ ကျွန်မတို့ကိုကြည့်ပြီး ပြုံးပြုံးကြီး နဲ့ ငရုတ်သီးချက်အနှစ်တွေကို ငါး နဲ့နယ်ပြီး၊ အတို့အမြုပ်ကလေးများနဲ့ ငရုတ်သီးချက်ကို တစ်ခွက် လုံးကုန်အောင်တစ်ရှုးရှုး သောက်ပြတာများ...အံ့ ချက်၊......         အဖေမဆုံးခင် ကျွန်မတို့နဲ့ အတူတူလာနေတဲ့အချိန်တွေမှာလည်း မနက်ထမင်းတစ်နပ်ကို ငါးဟင်းစပ်စပ်နဲ့ စားပြီးညနေစာကိုဆန်ပြုတ်စားပြီး နေထိုင်ခဲ့ပါတယ်။        ခုနေ သက်တော်ရှည် အဖေ၊အမေတွေရဲ့ ပုံများကို တင်ပေးလို့မြင်ရရင် အင်မတ