သူငယ်တန်းကျောင်းသူဘဝကစပြီး မျက်စိရှေ့


ရောက်လာသမျှစာလုံးတွေကို ဂရုတစိုက်ဖတ်ဖြစ်ခဲ့တာ


ကို ဝါသနာလို့ ပြောနိင်မယ်ထင်ပါတယ်။


     ကျွန်မအဖိုးကလည်း သူ့လက်ရေးဝိုင်းဝိုင်းကြီးတွေနဲ့


ဟိုမှာစာရေး သည်မှာစာမှတ် ဆိုတော့ ကျွန်မကလည်း 


လိုက်ဖတ်ပေါ့၊ ဥပမာ-သစ်ပုတ်ချိန်၊ မယိုင်ဖြူ၊ ဆန်


ဆောင်းဒူ၊ တန်ခူးလဆန်း......စသဖြင့်ပေါ့။


       သူ့အမှတ်အသားနဲ့သူကတော့ကွက်တိပါ၊ကျွန်မက


လည်း ဆေးပေါ့လိပ်ကတံဆိပ်ဆိုလည်းအလွတ်မပေးပါ


ဘူး။

           ဖတ်ရင်းနဲ့ ဆေးပုလင်းတွေဆေးကြော်ငြာစာရွက်


တွေမှာခဏခဏ မျက်မှန်းတန်းမိလာတာက..........


"ကျားမစွယ်စုံရ"ပါ။

    

               ကျွန်မ အဖွားနဲ့ အင်မတန်ချစ်ခင်တဲ့ဆွေမျိုး


ညီမကိုအဖွားကခေါ်ခေါ်နေတာလည်း "ကျားမ" ပါ၊


               ကျွန်မသူနဲ့တွေ့တိုင်းအင်မတန် စိတ်ဝင်စားပါ


တယ်၊ သူကဘာဖြစ်လို့ နေရာတိုင်းမှာ စွယ်စုံရဆိုပြီးပါ


လေသလဲပေါ့၊ ထုတ်မမေးဖြစ်ပေမဲ့ ဆေးပုလင်းတွေ


ကြော်ငြာတွေမှာကျားမစွယ်စုံရဆိုသလို အေးညိုစွယ်စုံရ


(ကျွန်မအဖွားကဒေါ်အေးညိုပါ)လို့များပါမလားလို့စောင့်


ဖတ်ရင်းနဲ့.............။


                     စာဖတ်သက်နည်းနည်းရင့်လာတဲ့သုံးတန်း


အရွယ်အရောက်မှာမှဇာတ်ရည်လည်ပြီး ကိုယ့်ဟာကို


သဘောတကျအိမ်မှာပြန်ပြန် ပြောပြဖြစ်တာ...................


သားသမီးတွေလက်ထက်ထိပါ။


(ကျားမစွယ်စုံရဆိုတာ ယောကျာ်းကောမိန်းမကော


စွယ်စုံသောက်သုံးလို့ရတယ်ဆိုတဲ့အတိုကောက်ပါ၊ 


စာဖတ်တတ်စဆိုတော့ သူများအဖွားနာမည်ပါသလို 


ကိုယ့်အဖွားနာမည်လည်းပါစေချင်ခဲ့တာကိုး..။ 


ဒီအကြောင်းကိုအဖွားနှစ်ယောက်လုံးသိရှိပြီး မျက်ရည်


ထွက်အောင်ရယ်ခဲ့ကြတာအမှတ်တရပါ...။)                    

                                                           #DKMMK

Comments

Popular posts from this blog