" စကောစကအရွယ်မှာ "


 လရောင် အလယ်၊

  မြစ်ပြင်ကျယ်ငြိမ်


 တိမ်ကင်းစင်ည၊

  ကခုန်မြူးတူး


 ငါးစုံထူးဆန်း၊

 ငွေမင် သမ်းသို့


 ဗွမ်းကနဲပွက်၊

 ရေပြင် ထက်ဝယ်


 လှေငယ် စက်တပ်၊

 သံထပ် ပဲ့တင်


 ခရီးနှင်ဆက်၊

 စက် ထပျက်လည်း


 သိမ်းဆည်းပါလာ၊

 ချက်ပြုတ်ခါနှင့်


 စားဖွယ်ရာခင်း၊

 ည မြင်ကွင်းအား

 ပျော်ပွဲစား ပမာပျော်ခဲ့သည်။

                          #DKMMK

Comments

Popular posts from this blog