တစ်နေ့သောအခါ ကျွန်မတို့ရဲ့ မြန်မာစာဆရာက
စာစီစာကုံး တစ်ပုဒ်ရေးခိုင်းခဲ့ပါတယ်၊ခေါင်းစဥ်က
" ကျွန်ပ်တို့မိသားစု" ပါ။နောက်တစ်နေ့စာစီစာကုံးတွေ
ဆရာ့စားပွဲသွားထပ်၊ဆရာကစစ်ဆေးပြီးတဲ့အခါသူအ
ကြိုက်ဆုံး စာစီစာကုံးပိုင်ရှင် နာမည်ကိုပြောပါတယ်၊
ကျွန်မတို့ချစ်သူငယ်ချင်းမလေးပါ၊ဆရာ့ချီးကျူးမှုဟာ
ကျောင်းအုပ်ကြီးနားထဲထိရောက်သွားခဲ့ပုံပါ၊ဆရာကြီးက
ပါရောက်လာပြီး စာစီစာကုံးကို တောင်းယူဖတ်ပါတယ်၊
ဆရာကြီးက ကျွန်မတို့သူငယ်ချင်းအားလုံး နဲ့ရင်းနီးပွင့်
လင်းစွာပြောဆိုတတ်ပြီး ကိုယ်တိုင်ကလည်းစာရေးသူ
ဖြစ်တော့သူလေးရဲ့စာထဲကအကြောင်းအရာကို
အင်မတန်စိတ်ဝင်စားဟန်တူပါတယ်၊သူရေးထားတာက
သူ့မှာ မောင်ညီမလေး ၁ဝ ယောက်ရှိပြီးသူကအကြီးဆုံး၊
မောင်နှမတွေကိုဘယ်လိုပြုစုစောင့်ရှောက်ချစ်ခင်ပေးတဲ့
အကြောင်းရေးဖွဲ့ထားတာ အင်မတန်ကောင်းပါတယ်၊
ကျွန်မတို့ရဲ့သူငယ်ချင်းမလေးကပုံမှန်ကျောင်းသူဘဝမှာ
အမြဲတမ်းအရွှန်းဖောက်ပေါ့ပါးပျော်ရွှင်စနောက်တတ်သူ
မို့ဆရာကြီးကပိုစိတ်ဝင်စားတာပါ၊..............အဖြစ်မှန်ကို
ဆရာကြီးသိရတဲ့အခါ ငိုအားထက်ရယ်အားသန်သွားပါ
တယ်၊ သူလေးကတစ်ဦးတည်းသောသမီးမို့သူလိုချင်တဲ့
မောင်နှမတွေကိုသေချာစိတ်ကူးယဥ်ရေးဖွဲ့ပုံကထိမိလွန်း
လို့ပါ၊ ဆရာကြီးခမျာ ရက်ပေါင်းတော်တော်ကြာအောင်
သူလေးရှေ့ရောက်တိုင်းအမြဲ ပြုံးစိစိမို့ ကျွန်မတို့တွေ
လည်းအတူ ပြုံးစိစိပေါ့။ခုရေးရင်းတောင်ပြုံးစိစိပါ.........
#DKMMK
Comments
Post a Comment