ကျွန်မရဲ့အမေအရင်းကိုသာမက မေမေ့ မမလေးကိုပါ 


ကျွန်မတို့ကမေမေလို့ခေါ်တာပါ၊ အဲ့ဒီမေမေနဲ့ကျွန်မက


အမေအရင်းထက်ပိုအနေနီးပြီး အတူနေချိန်များခဲ့ပါ


တယ်၊ ခုရေးချင်တာအဲ့ဒီ မေမေအကြောင်းပါ။


     မေမေ့ကိုအမျိုးတွေက မချောဘူးမလှဘူးလို့ပြောရင်


သူကတခါမှစိတ်မဆိုးပေမယ့် ကျွန်မကတော့အဲ့ဒီသူတွေ


ကိုကြည့်မရပါ။ကျွန်မအတွက်တော့မေမေကအလှဆုံးပါ


ကျွန်မအဝေးမှာရောက်နေတိုင်း အမြဲသတိရတာမေမေရှိ


တဲ့ အမေ့အိမ်ကိုပါ။


   ကျွန်မရဲ့စိတ်ကိုဘယ်တုန်းကမှ ဒဏ်ရာမပေးခဲ့ဖူးသော


မေမေဟာကျွန်မရဲ့လက်ဦးဆရာပါ၊ဘာသာရေးကိုင်းရှိုင်း


ဖြစ်တာလည်း မေမေ့သွန်သင်မူကြောင့်ပါ။


    အိမ်ကို ဧည့်သည်ဘယ်လောက်လာလာ၊ကျွန်မတို့


ကိုးကွယ်တဲ့ဘုန်းကြီးကျောင်းမှာနေ့နေ့ညညဘယ်သူလာ


တည်းတည်း မေမေကစိတ်ရှည်လက်ရှည်တာဝန်ယူချက်


ပြုတ်ပေးတတ်ပါတယ်၊ ကျွန်မတို့နဲ့အတူရှိတိုင်းကျွန်မတို့


ဘာကြိုက်တတ်သလဲတိုတာအမြဲတွေးပြီးဖြည့်ဆည်းပေး


သူပါ။

          မေမေ့ကိုတစ်ပြန်တစ်လှည့်အနီးကပ်ပြုစုစောင့်


ရှောက်ပေးချင်စိတ်ရှိခဲ့ပေမယ့် မေမေ့နောက်ဆုံးအချိန်


ထိ မေမေနဲ့ကျွန်မပြန်မဆုံနိင်ခဲ့ပါ။


         ခုတော့ထူးအိမ်သင်ရဲ့ အမေသီချင်းတွေကိုထပ်တ


လဲလဲနားထောင်ရင်းလူ့လောကမှာမရှိကြတော့ပြီဖြစ်တဲ့


ကျွန်မရဲ့ မေမေနှစ်ယောက်အတွက်ကိုယ်ပြုသမျှကောင်း


မူကုသိုလ်တိုင်းမှာ အမျှဝေဖို့ပဲတတ်နိင်ပါတော့တယ်။

  

                                                              #DKMMK

Comments

Popular posts from this blog