တစ်နေ့သောညနေခင်းမှာ ကျွန်မဆီကိုဖုန်းနံပါတ်အသစ်


တစ်ခုဝင်လာပါတယ်။ထပ်တလဲလဲခေါ်နေလို့ ကိုင်လိုက်


တော့ငယ်သူငယ်ချင်းမလေးပါ၊ဝမ်းသာအားရတွေ့လို့


စကားပြောတွေပြောဖြစ်ကြတော့ ကျွန်မကို"ဖေ့စ်ဘွတ်


ပေါ်မှာ ရှာမတွေ့လို့မိုးမိုးရေနင်သေပြီလားလို့ထင်မိတယ်


တဲ့"။အဲ့ဒီလို ချစ်စရာအပြောလေးနဲ့ပါ။


      သူနဲ့ကျွန်မ ငယ်ငယ်ကရန်မဖြစ်ဖူးပါ၊တွေ့တိုင်းတော့


ငြင်းကြခုံကြပါတယ်၊ သူကကျွန်မထက်ပိုလူကြီးဆန်ပါ


တယ်။တစ်နေ့မှာ ကျောင်းကပွဲအတွက်ဘယ်သူပါကြမ


လဲလို့ဆရာမကမေးတော့ သူကကျွန်မကို ကကြဖို့အဖော်


ညှိပါတယ်၊ ကျွန်မတို့နှစ်ယောက်ကမှာကိုအိမ်ကအမေ


တွေကကန့်ကွက်ပါတယ်၊ ဒါပေမယ့်ကျွန်မကောသူကော


စင်ပေါ်တက်ဖြစ်ခဲ့ကြပါတယ်။


             သူနဲ့ခုလိုဖုန်းအဆက်အသွယ်ရပြီးနောက်ပိုင်း၊


အကြောင်းကြောင်းတွေညီညွှတ်ပြီး ကျွန်မလည်း


ဖေ့စ်ဘွတ်အကောင့်ဖွင့်ဖြစ်သွားပါတယ်၊


               ငယ်ဘဝက စင်ပေါ်အတူတက်ဖို့လောဆော်ခဲ့


သလိုကျွန်မအသက်ငါးထိပ်စီးနီးကာမှဖေ့စ်ဘွတ်ပေါ်မှာ


ဟိုဟာရေး၊ သည်ပုံတင်စသဖြင့်လုပ်ဖြစ်အောင်လှုံ့ဆော်


တဲ့သူငယ်ချင်းမလေးလည်းကုသိုလ်တွေရတာပေါ့လေ။


            နောက်ပိုင်းမှာနောက်ထပ်ငယ်သူငယ်ချင်းတွေ၊


ညီမတွေ၊ အမတွေ၊ အကိုတွေ၊ မောင်လေးတွေနဲ့ဖုန်းပြော


ဖြစ်ပါတယ်။


             တစ်ခါပြောတိုင်းကိုယ့်ကိုကိုယ်ဆယ့်ခြောက်နှစ်


အရွယ်ရောက်သွားသလိုစိတ်ကဖြစ်ဖြစ်သွားလို့ ဘုရား ၊


တရား ၊ ဘာဝနာအလုပ်များကို သတိကြီးစွာကပ်ပြီး 


ငါအိုပါပြီကောရယ်လို့ တစ်နေ့တစ်နေ့ကိုယ့်ကိုကိုယ်ဆုံးမ


ရတာလည်း အမောပါပဲရှင်...။

   

                                                               #DKMMK

Comments

Popular posts from this blog