အဖိုးလှမ်းမှာလို့ အမျိုး တစ်ယောက်ယောက်ဝါးကျည်


တောက်တွေထမ်းလာပြီ ဆိုရင်ကျွန်မတို့ ပျော်ပါပြီ၊


ဝါးဆစ်ပိုင်းတာကိုကြည့်၊ ကောက်ညှင်းရေစိမ်တာကို


ကြည့်၊အုန်းသီးခွဲတာကိုကြည့်၊ အဲသည်လိုကြည့်လို့ပဲ


နောင်အလယ်တန်းကျောင်းသူဘဝမှာတင် ဒီအလုပ်တွေ


ကို ကိုယ်တိုင်လုပ်နိင်ခဲ့တာပါ။


     ဘာမှသိပ်မခက်ပေမယ့် ကောက်ညှင်းကျည်တောက်


တစ်ချောင်းကိုအစအဆုံးပြုလုပ်ခွင့်ရခြင်းဟာ ဂုဏ်ယူ


စရာပါ၊ ကျက်ခါစ ဝါးကျည်တောက်ထိပ်က ပိန္နဲရွက်ကို


ဖယ်၊ ဓားနဲ့ဝါးကိုခွဲ၊ အတွင်းကအသားကို လှလှပပထုတ်


ယူနိင်ဖို့ဟာလည်းမလွယ်လှပါဘူး။ ဒီအတိုင်းခွဲရင်းနဲ့စား


ရတာကိုပိုကြိုက်တဲ့ ကျွန်မတို့မြေးအဖိုးကတော့ အိုးမဲ


တွေပေပေနဲ့ တစ်ယောက်တစ်ခုစားလိုက် ရေနွေးကြမ်းပူ


ပူမှုတ်သောက်လိုက်၊အဖွားဆီက နွားနို့ကပ်သောက်လိုက်


နဲ့၊ ကျွန်မတို့ အဖိုးအဖွားနဲ့ အတူနေစဥ်ကာလတွေမှာ


ဆောင်းဝင်တာနဲ့ ပိတ်ရက်တိုင်းကောက်ညှင်းကျည်


တောက်လုပ်စားတာ ကျည်တောက်ဝါးတွေလာမပို့တော့


တဲ့အခါမှ ပွဲသိမ်းပါတယ်။

 

           တစ်နေ့ကသူငယ်ချင်းမလေး ဝါးကျည်တောက်ပုံ


တွေတင်တာမြင်တော့ အင်မတန်သဘောကျပါတယ်၊


ခုချိန်မှာတော့ ငယ်ငယ်ကလို အားရပါးရလည်းသိပ်


မစားရဲတဲ့အရွယ်ရောက်နေပါပြီ၊ကိုယ်တွေကလည်းအစွဲ


အလန်းကြီးတော့ ကျည်တောက်အကြီးကြီးနဲ့ လုပ်ပြီး


သားတွေကိုလည်းအာသာပြေရုံပဲစားဖြစ်တာမို့ကိုယ့်ဘဝ


နဲ့ကိုယ် အဖိုးအဖွားနဲ့စားခဲ့ရတဲ့အချိန်လေးကို သတိတရ


နှင့်ပဲ နေရတာနေသားတောင်ကျနေပါပြီကောလေ..။


                                                            #DKMMK

Comments

Popular posts from this blog