ကျွန်မအဖေက ငရုတ်သီးစိမ်းအင်မတန်၊ အလွန်အလွန့်ကြိုက်သူပါ။မေမေ ကတော့ အစပ်သိပ်မစား နိင်ပါဘူး။

   

   ကျွန်မတို့ငယ်စဥ်က ပိတ်ရက်များဆို အဖေက သူ့မိဘအိမ်မှာသွားစားတတ်ပါတယ်၊ ကျွန်မကတော့ အဖေနဲ့လိုက်ပါ စားသောက်တတ်ပါတယ်။


    ကျွန်မအဖေနဲ့အမေ အတူတကွ လက်ဆုံစားဖြစ်တာကကျောက်ဖြူကို ရောက်တော့မှပါ။အဖေက ငရုတ်သီးချက်ကို တမ်းတမ်းတတရှိကြောင်းတစ်ဖွဖွ ​ပြောသံကြားတော့ အမေက အင်မတန် စပ်တဲ့ငရုတ်သီးတွေ ရှာမေးပြီးဝယ်လာပါတယ်။


     ဟင်းချက်တဲ့ မေမေနဲ့ အနားကပ်တဲ့ကျွန်မတို့တောင် အနံ့ နဲ့တင် မွှန်ထူပြီး ဟပ်ချိုးချေမိပါတယ်။


     ထမင်းစားပွဲမှာ စုံညီစားကြတော့ ကျွန်မတို့က ငရုတ်သီးချက်ကို ဘယ်သူမှ မမြည်းရဲကြပါ။ 


      အဖေကတော့ ကျွန်မတို့ကိုကြည့်ပြီး ပြုံးပြုံးကြီး နဲ့ ငရုတ်သီးချက်အနှစ်တွေကို ငါး နဲ့နယ်ပြီး၊ အတို့အမြုပ်ကလေးများနဲ့ ငရုတ်သီးချက်ကို တစ်ခွက် လုံးကုန်အောင်တစ်ရှုးရှုး သောက်ပြတာများ...အံ့ ချက်၊......


        အဖေမဆုံးခင် ကျွန်မတို့နဲ့ အတူတူလာနေတဲ့အချိန်တွေမှာလည်း မနက်ထမင်းတစ်နပ်ကို ငါးဟင်းစပ်စပ်နဲ့ စားပြီးညနေစာကိုဆန်ပြုတ်စားပြီး နေထိုင်ခဲ့ပါတယ်။


       ခုနေ သက်တော်ရှည် အဖေ၊အမေတွေရဲ့ ပုံများကို တင်ပေးလို့မြင်ရရင် အင်မတန် ဝမ်းသာပီတိ ဖြစ်ရပါတယ်၊ ကျန်းမာချမ်းသာဘေးဘယာဝေးကွာကြပါစေလို့

မေတ္တာပို့ ဆုတောင်းမိပါတယ်။


        "မိဘ"ဆိုတာ ရှိနေတဲ့အချိန်မှာကော၊ မရှိတော့တဲ့ အချိန်မှာပါအမြဲ ရိုသေ၊လေးစားကိုးကွယ်လေးမြတ်အပ်သူတွေမို့ပါ။

                                                            #DKMMK

Comments

Popular posts from this blog