Posts

Showing posts from August, 2020
 ခင်မင်ရတဲ့ဦးလေးကြီးတစ်ယောက်ကမေတ္တာရပ်ခံခဲ့ဖူးတယ်။ သူ့မိန်းမကရောဂါတွေအကြောင်းပြောသံကြားတိုင်း သူ့မှာဒီရောဂါလက္ခဏာတွေဖြစ်လာတယ်လို့ထင်မြင်တတ်တဲ့အတွက်……မပြောကြပါနဲ့တဲ့။ အဲ့ဒီတုန်းကတော့- ဦးလေးကြီးကအချစ်သည်း၊ အန်တီ ကြီးကအဖြစ်သည်းပါ့ဆိုပြီး ကြိတ်ရယ်ခဲ့ဖူးပါတယ်။ ခုဝဋ်လည် ပြီပေါ့ မိုးလင်းလို့မျက်လုံးဖွင့်တာနဲ့အနံ့ပဲပျောက်သွားသလိုလို အရသာပဲမသိတော့သလိုလို၊ ကိုယ်ပဲပူချင်နေသလိုလို........လိုလိုများစွာနဲ့ ရဲရင့်အောင်သီချင်းထဲကလို"ငါ့မှာထလို့မရထိုင်လို့မရ ဘယ်သူ့ကိုမှလည်းတိုင်လို့မရ"ဖြစ်ပါပြီကော (Covid-19)ရေ……                                                    #DKMMK
 ကျွန်မဟာနာခံလွယ်တဲ့သူမဟုတ်ပါဘူး… မိဘကဆုံးမရင် ဟာကွက်ပြန်ထောက်ပြီးခံပြောတတ်ပါတယ်။ ကိုယ်သိထားသမျှမိဘကိုပြန်ပြောပြမိတဲ့အခါလည်း "မိဆရာမ၊ဖဆရာမ" "မုတ်ဆိတ်ထက်သွားရှည်"လို့ ကင်ပွန်းတပ်ခံရသူပါ။ ကျွန်မသားသမီးလေးတွေကလည်းနာခံလွယ်တဲ့ သူတွေတော့မဟုတ်ကြပါဘူး။ နာခံမလွယ်တဲ့သားသမီးတစ်ယောက်ရဲ့ကြောင်းကျိုးဝေဖန်တတ်မှုဟာမိဘကနားလည်ပေးနိင်ရင်အလွန်အရေးပါပါတယ်။ ဒီလိုနဲ့ ပဲ…နာခံမလွယ်တဲ့ဒီသားသမီးလေးတွေရဲ့နာခံတတ်မှုကိုအလွယ်တကူရရှိခဲ့ပါတယ်။ "ဖိနှိပ်ခြင်း" နဲ့ "တွန်းကန်ခြင်း"ကြားမှာ မျှခြေတစ်ခုတော့ရှိတတ်တယ်မဟုတ်ပါလား။                                                      #DKMMK

Memories

  ဖိုးဝါဆောင်နေ့စွဲများ -ဖိုးဝါဆောင်သူဘဝမှာမနက်စာစားရတာကြိုက်တယ်၊  ဟင်းပေါင်းစုံစားရလို့_ -ပိတ်ရက်မှာနာရီစင်နားလမ်းသလားရတာကြိုက်တယ်၊  ထမင်းဆိုင်တိုင်းကစားးလို့ကောင်းလို့_ -ပွိုင့်မှာလေညင်းခံသွားရတာကြိုက်တယ်၊  "တိမ်လွှာမို့မို့လွင်"ထဲရောက်သွားသလိုခံစားရလို့_ -အင်းပေါက်ဝမှာနေ့လည်သာစားရတာကြိုက်တယ်၊  ချစ်ရတဲ့မမကြီးကျွေးတာမို့လို့_ -မေယုစျေးမှာအိမ်မပြန်ခင်သွားမွှေရတာကြိုက်တယ်၊  မင်းသမီး တွေတောင်လာဝယ်တယ်ဆိုလို့_ -တူးစတားကလဖက်ရည်ကိုကြိုက်တယ်၊  စာ၊ကဗျာအဖွဲ့တွေနဲ့လေပေးရလို့_ -ပိုးဝါကသူငယ်ချင်းအားလုံးကိုကြိုက်တယ်၊  ကိုယ်စင်ပေါ်တက်ဟဲတော့အကုန်လုံးဝိုင်းဆင်ပေးကြလို့။                                                               #DKMMK

DEPRESSION

Image
 Depression   ဒီနေ့အထိခဏခဏDepressionဝင်ပါတယ်။ Depressionကိုdepressionမှန်းမသိခင်တုန်းက ပိုအိပ်တယ်၊ပိုစားတယ်၊ဇာတ်လမ်းတွဲတွေ ဆက်တိုက်ကြည့်တယ်၊တစ်ပတ်လောက်ကြာတော့မှ လူလည်းဝ၊စိတ်လည်းနေသားတကျဖြစ်ခဲ့ပါတယ်။ ငါDepressionဝင်နေပြီလားလို့တွေးတတ်လာတဲ့အခါ ဘုရားပိုရှိခိုးပါတယ်၊အိမ်အလုပ်ပိုလုပ်ပါတယ်၊ ဦးဃောသိတ တရားပိုနားထောင်ပါတယ်၊ ကလေးတွေနဲ့SCRABBLEပိုကစားဖြစ်ပါတယ်၊ Exercise တွေပိုလုပ်ဖြစ်ပါတယ်။အပင် လေးတွေ ရွှေ့ပြောင်းစိုက်ပါတယ်.....။ ငယ်စဥ်ကတော့ပထမနည်းလမ်းနဲ့OKပါတယ်။ ဒီအရွယ်မှာ တော့ဒုတိယနည်းနဲ့အဆင်ပြေပါတယ်။                                                   #DKMMK

My Native Town

Image
ငယ်ငယ်ကဇာတိမြေမှာ…… လုပ်ငန်းရှင်စားတဲ့ဆန်မျိုးကိုသူ့အလုပ်သမားလည်းစားတယ် ငါးလက်ခွာဆိုတဲ့ငါးကိုတစ်ရွာလုံးစားတယ် အရီး---မုန့်တီဆိုင်အကုန်လုံးထိုင်တယ် ဒီနေ့ရန်ဖြစ်ညနေပြန်တည့်ကြတယ် ရွာစာသင်ကျောင်းကိုခြေလျင်ပဲချီတက်ကြတယ် ဦးလှထူးရဲ့အကြော်ဆိုင်အားလုံးဝယ်စားနိင်တယ် ဘုန်းကြီးကျောင်းမှာကျောင်းဒကာလည်းကြုံရာထိုင်တယ် ဆီစည်တွန်းသူလည်းရှေ့မှာထိုင်နိင်တယ် ဘုန်းတော်ကြီးကလည်း လှူနိင်သူကောမလှူနိင်သူကောစကားလည်းပြော၊တရားလည်းဟောတယ် နွေရာသီရေရှားတဲ့အခါဘယ်သူမဆိုတွင်းရေစောင့်ခပ်ရတယ်၊သူတစ်ပုံးရရင်ကိုယ်တစ်ပုံးရတယ် ရာသီစာမှိုပေါ်ရင်တစ်ရွာလုံးမှိုစားတယ် သောက်ရေရှားတဲ့အခါဘုန်းကြီးကျောင်းရေတွင်းမှာတစ်အိမ်ရေတစ်အိုးရတယ်၊ဘုန်းကြီးအမျိုးမို့ပိုမရဘူး  ရွာအလှူရှိရင် လူကြီးမိန်းမလည်းဟင်းလာချက်ပေးတယ် ဘယ်အလှူမဆိုတတ်နိင်သလောက်ဝင်ကူကြတယ် ဒါတွေပြန်တွေးကြည့်တော့မှ……… ဟ…ငါတို့ငယ်ငယ်ကဟုတ်လှချည်လား…ပေါ့ ခုများတော့ကိုယ့်ရပ်ဌာနေနဲ့ဝေးကွာနှစ်သုံးတယ်ကျော်ကြာခဲ့ပေါ့……                                                         #DKMMK

To My Greatful Headmaster

Image
တခါတုန်းက- ပြည်နယ်မြို့တစ်မြို့ရဲ့အထက်တန်းကျောင်းတစ်ခုမှာ အခြားတိုင်းကကျောင်းအုပ်ကြီးတစ်ဉီးရောက်လာခဲ့ပါတယ် သူဟာ....တနင်္လာ၊သောကြာ၊essembly ခေါ်ပါတယ် အင်္ဂလိပ်စာ၊မြန်မာမာစာသာမကရူပဗေဒပါဝင်သင်ပါတယ် နံရံကပ်စာစောင်တွေလည်းလုပ်ဆောင်စေပါတယ် ရာသီပွဲတော်တွေလည်းကျင်းပပေးပါတယ် စကားရည်လုပွဲတွေ၊ကျဘမ်းစကားပြောပွဲတွေကျင်းပပေးပါတယ် ကိုယ််တိုင်လည်းစာ၊ကဗျာများရေးသားပါတယ် နတ်ရှင်နောင်သီချင်းကိုဆိုပြလျင်အင်မတန်နားထောင်ကောင်းပါတယ် The Brook ကဗျာကိုအလွတ်ရွတ်ပြပါတယ် The Last Leaf ရဲ့message ကိုရသမြောက်စွာနားစွဲစေခဲ့ပါတယ် Wuthering Heights ဇာတ်လမ်းကိုကြည့်စရာမလိုအောင်ပုံဖော်ပြနိင်ပါတယ် ကျောင်းစာကြည့်တိုက်မှာစာအုပ်၊စာကောင်းတွေစုဆောင်းပေးပြီးဖတ်စေပါတယ် မဂ္ဂင်ရှစ်ပါးကိုမြန်မာလိုခေါင်းထဲစွဲစေခဲ့ပါတယ်" "ကျွန်မရဲ့ သားသမီးလေးတွေဟာကျွန်မဘဝရဲ့ဒီလိုဇာတ်ကောင်တွေအကြောင်းနားထောင်ရင်းနဲ့ကြီးပြင်းလာခဲဲကြပါတယ်။"                                                              #DKMMK

မိုင်တိုင်များကိုကျော်ဖြတ်ခြင်း

Image
 မိုင်တိုင်များကိုကျော်ဖြတ်ခြင်း -ငယ်ငယ်တုန်းကတော့၊ပျိုရွယ်ကြော့လျ  ဘဝဘာလဲ၊မသိပဲရဲ  မိုက်မဲတာတောင်၊ သတ္တိထင်၊ -ချစ်စရှည်စေ၊ရှည်ခဲ့လေသလား  မုန်းစတိုစေ တိုခဲ့လေသလား  ချစ်မုန်းများနဲ့ အချိန်ဖဲ့စား  နုပျိုခြင်းများကုန်ခဲ့စဉ်၊ -ဘာသိပြီလဲ၊ ဘာတတ်ပြီလဲ  တိုက်ပွဲအခါခါ၊ ကျရှုံးကာလည်း  မငိုညည်းနဲ့၊ ယူခဲ့အသိ  လျှောက်ကြည့်ရှေ့ကို၊ ရှေ့ကိုဘယ်မှာ  ဘာဖြစ်မှာလဲ ၊ မသိဘဲလည်း  မည်းမှောင်မိုက်ရူး၊ စိတ်မကူးဖို့  နူတ်တို့ ရွရွ၊ စရဏအသိ ရှိအောင်ကြိုးဖို့လုံ့လဝင်။

About Love

Image
ဘဝဆိုတဲ့ကျောင်းမှာ… ငါ့အတွက်တော့……နင်ကဆရာပါ နင့်အတွက်လည်း………ငါကဆရာဖြစ်ခဲ့တယ်တဲ့လေ အိမ်မက်တွေအတူတူမက်ခွင့်ရခဲဲ့ကြတယ် အတူတူတည်ဆောက်ခဲ့ကြတယ်  သာယာလှပတဲ့ဘဝလေးတစ်ခု……ရှိခဲ့တယ်ပေါ့ နင်မှားခဲ့သလား……ငါမှားခဲ့သလား… သူများတွေလို ရိုးမြေမကျနိင်ကြဘူးလေ… လမ်းခုလတ်မှာ……ဆယ်စုနှစ်တစ်ခုစာ အသည်းကွဲတဲ့ သင်ခန်းစာ…နင်ပေးထားခဲ့တယ် ငါ့မှာ……ကိုယ်ပွားလေးတွေ နဲ့ ချာလပတ်ယမ်းပေမဲ့…… ဒီနှစ်ဧပြီ(17)မှာ နင့်ကိုပြန်တွေ့တဲ့ခါ ……နှစ်လနဲ့သုံးရက်ကြာတဲ့အခါ…… Happy Ending မဖြစ်ခဲ့တာ ငါတို့ ကံကြမ္မာပါ…… အရာရာ ကိုခွင့်လွှတ်ပါတယ်… အမွှေးနံသာကလေးပေးပြီး…ငါတို့ကို နင်နှုတ်ဆက်ခဲ့တာ……… ကျေးဇူးတင်ပါတယ်။                                                         #DKMMK

Friends

Image
သတိရနေပါတယ်  •လှပြီး အလှကြိုက်တဲ့သူငယ်ချင်း •အပြိုင်အဆိုင်လေးနဲ့မှပျော်တတ်တဲ့သူငယ်ချင်း •အကုန်လုံးကို စိတ်ညစ်အောင်စရမှစားဝင်အိပ်ပျော်တဲ့သူငယ်ချင်း •နင်လဲစင်ပေါ်တက်မှငါလည်းစင်ပေါ်တက်မယ်ဆိုတဲ့သူငယ်ချင်း •ပန်းချီ ပုံလေးတွေခဏခဏဆွဲတတ်တဲ့သူငယ်ချင်း •အရီးစပ်ချေ မုန့်တီသုပ်ကိုမှကြိုက်တဲ့သူငယ်ချင်း •ကျွဲကောသီးကော၊ငှက်ပျောသီးမုန့်ကောတွဲစားတတ်တဲ့သူငယ်ချင်း •ငယ်ငယ် လေးနဲ့ကိုယ့်ဘဝအတွက်အကောင်းဆုံးလမ်းကိုရွေးခဲ့တဲ့သူငယ်ချင်း •ဘယ်သူ့ကိုမဆိုကိုယ်မစားဘဲ အနစ်နာခံပြီးကျွေးတတ်တဲ့သူငယ်ချင်း •ခုထက်ထိအင်မတန်လိမ်မာဆဲအပျိုကြီး၊လူပျိုကြီးသူငယ်ချင်း •အတူတူစာရေး၊ကဗျာရေးကိုဖိုးနုရဲ့ကျောင်းကပွဲစင်ပေါ်တက်ခဲဲ့ကြတဲ့သူငယ်ချင်းများစွာ………… •°•°•°•°•ပြန်တွေးကြည့်တာနဲ့ပဲ•°•°•°•°• နှစ်သုံးဆယ်လောက်ပြန်ငယ်သွားခဲ့ရပါတယ်။                                                                   #DKMMK

Life

Image
                 •ဘဝမှာ…… အချိန်ကာလတစ်ခုအထိ "သင်ကောင်းလျှင် ကျွန်ပ်မဆိုးပါ" အဲ့သည်လိုကျင့်သုံးခဲ့ဖူးပါတယ် •လက်ရှိကာလမှာတော့…… "မကောင်းလျှင် ကင်းအောင်နေပါ မကင်းလျှင် ကောင်းအောင်နေပါ" အဲ့ သည်လိုနေတတ်အောင်ကြိုးစားနေပါတယ်။                                                              #DKMMK #ဆရာကြီးဦးယုံရှိန်၊#ရမ်းဗြဲမှငယ်သူငယ်ချင်းများအမှတ်တရ……#ငယ်ငယ်တုန်းက