မိုင်တိုင်များကိုကျော်ဖြတ်ခြင်း

 မိုင်တိုင်များကိုကျော်ဖြတ်ခြင်း
-ငယ်ငယ်တုန်းကတော့၊ပျိုရွယ်ကြော့လျ
 ဘဝဘာလဲ၊မသိပဲရဲ
 မိုက်မဲတာတောင်၊ သတ္တိထင်၊
-ချစ်စရှည်စေ၊ရှည်ခဲ့လေသလား
 မုန်းစတိုစေ တိုခဲ့လေသလား
 ချစ်မုန်းများနဲ့ အချိန်ဖဲ့စား
 နုပျိုခြင်းများကုန်ခဲ့စဉ်၊
-ဘာသိပြီလဲ၊ ဘာတတ်ပြီလဲ
 တိုက်ပွဲအခါခါ၊ ကျရှုံးကာလည်း
 မငိုညည်းနဲ့၊ ယူခဲ့အသိ
 လျှောက်ကြည့်ရှေ့ကို၊ ရှေ့ကိုဘယ်မှာ
 ဘာဖြစ်မှာလဲ ၊ မသိဘဲလည်း
 မည်းမှောင်မိုက်ရူး၊ စိတ်မကူးဖို့
 နူတ်တို့ ရွရွ၊ စရဏအသိ
ရှိအောင်ကြိုးဖို့လုံ့လဝင်။

Comments

Post a Comment

Popular posts from this blog