ကျွန်မဟာနာခံလွယ်တဲ့သူမဟုတ်ပါဘူး…

မိဘကဆုံးမရင်
ဟာကွက်ပြန်ထောက်ပြီးခံပြောတတ်ပါတယ်။
ကိုယ်သိထားသမျှမိဘကိုပြန်ပြောပြမိတဲ့အခါလည်း
"မိဆရာမ၊ဖဆရာမ" "မုတ်ဆိတ်ထက်သွားရှည်"လို့
ကင်ပွန်းတပ်ခံရသူပါ။
ကျွန်မသားသမီးလေးတွေကလည်းနာခံလွယ်တဲ့
သူတွေတော့မဟုတ်ကြပါဘူး။
နာခံမလွယ်တဲ့သားသမီးတစ်ယောက်ရဲ့ကြောင်းကျိုးဝေဖန်တတ်မှုဟာမိဘကနားလည်ပေးနိင်ရင်အလွန်အရေးပါပါတယ်။
ဒီလိုနဲ့ ပဲ…နာခံမလွယ်တဲ့ဒီသားသမီးလေးတွေရဲ့နာခံတတ်မှုကိုအလွယ်တကူရရှိခဲ့ပါတယ်။
"ဖိနှိပ်ခြင်း" နဲ့ "တွန်းကန်ခြင်း"ကြားမှာ
မျှခြေတစ်ခုတော့ရှိတတ်တယ်မဟုတ်ပါလား။
                                                     #DKMMK

Comments

Popular posts from this blog